၂၇နဲ့၃၀ကြားမှပဲ အိမ်ထောင်ရေးကို စဉ်းစားသွားမယ်လို့ ဆိုလိုက်တဲ့ စည်ဖြိုး

557261_503563793004564_1148653653_n.jpg

သစ္စာနှင်းဆီ ဗီဒီယိုထုတ်လုပ်ရေးနဲ့ ဇာတ်ကားရိုက်ကူးရေး စာချုပ်တွေ ချုပ်ဆိုထားတယ်လို့ သိရတဲ့ စည်ဖြိုးနဲ့တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေ မေးမြန်းဖြစ်တဲ့အခါ ‘လတ်တလောက သစ္စာနှင်းဆီနဲ့လဲ စာချုပ်ချုပ်ထားတယ်။ ကိုယ့်တိုက်နဲ့လဲ ကိုယ်ရိုက်တယ်။ ပြီးတော့ Sky Net ကရိုက်တဲ့ ၀ါစိမ်းနီကမ္ဘာသိမ်းမည်ဆိုတဲ့ ဇာတ်လမ်းတွဲလေးလဲ ရိုက်နေပါတယ်။ သစ္စာနှင်းဆီနဲ့က ၁၀ကား ချုပ်ထားတယ်။ တစ်ကားပဲ ရိုက်ရသေးတယ်။ မာယာ ဆော့ဖ်ဝဲလ်တဲ့။ ၀ါစိမ်းနီက တော့ ဟာသလေးပါပဲ။ ပါဝင်ရတဲ့ ကာရိုက်တာလေးက ရပ်ကွက်ထဲမှာ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတဲ့ ကောင်လေးပေါ့။ ကလေးလေးတွေကို စာလိုက်သင်ပြီး စီးရီးထုတ်ဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက် နေရာကပါ’လို့ သူကပြောပါတယ်။

၂၀၁၄ ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတဲ့ အကြောင်းကိုလည်း ‘ချစ်သူများနေ့ကို မပေးဖူးဘူးဗျ။ သူများပေးတာလဲ မရဖူးဘူး။ ကိုယ်ကလဲသိပ်မပေးဖူးဘူး။ ဒီနှစ်ကတော့ ကျွန်တော်မသိသေးဘူး။ ပေးချင်ရင် နှစ်ပတ်လည်နေ့တွေပဲ ပေးတတ်တယ်။ ချစ်သူများနေ့ကို သိပ်ပြီး အစဉ်အလာမရှိပါဘူး။ ဒီနှစ်အတွက်လဲ စီစဉ်ထားတာမရှိပါဘူး’တဲ့။

အချစ်ဆိုတာ သူ့အတွက် နားလည်မှုပါလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ စည်ဖြိုးက အဲ့ဒီအကြောင်းကိုတော့ ‘နားလည်မှုရှိရင် တည်တံ့ခိုင်မြဲမယ်။ နားလည်မှုမရှိရင် တည်တံ့မခိုင်မြဲဘူး။ အရမ်းချစ်လို့ ပြတ်သွားတဲ့သူတွေလဲရှိတော့ နားလည်မှုလေးတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အနုပညာလောကမှ၊ အပြင်မှဆိုပြီး ခွဲခြားထားတာမရှိပါဘူး။ မိဘတွေကတော့ အမေကတော့ ရည်းစားရရင် အိမ်ခေါ်လာတဲ့။ အဖေကပြတ်တယ်။ မင်းယူမှာငါယူမှာ မဟုတ်ဘူးတဲ့။ ငယ်ငယ်က နားလည်တာက ရင်ခုန်တာကို အချစ်ပေါ့။ အခုကတော့ ဦးနှောက်ပါပါလာတယ်။ အခု မထရီဇာ တို့ကိုကြည့်ပြီးပျော်တယ်။ အစ်ကိုဆိုလဲပြုံးနေတာပဲ။ ကျွန်တော့် မင်္ဂလာသတင်းကတော့ လိုပါသေးတယ်။ ၂၇ နဲ့၃၀ကြားလောက်မှာ အိမ်ထောင်ရေးကိစ္စကို စဉ်းစားပါမယ်။ အခုကတော့၂၃ ပဲရှိသေးတော့ အနုပညာအလုပ်တွေဆက်ပြီး လုပ်ကိုင်သွားပါဦးမယ်’လို့ သူက ပြောပြခဲ့ပါတယ။်

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.