လက်ထပ်တော့မယ်ဆိုရင်

ချစ်သူတွေအနေနဲ့ လက်မထပ်ခင်ပြုလုပ်သင့်တဲ့အရာတွေကို ပြောပြလိုက်ပါတယ်နော်။

၁။ နှစ်ယောက်တည်း ခရီးထွက်ပါ

ဇနီးမောင်နှံဆိုတဲ့ ဘဝ နဲ့ ချစ်သူရည်းစားဆိုတဲ့ ဘဝဟာ အလွှာပါးပါးလေးပဲ ခြားပေမဲ့ ခံစားချက်ချင်းတော့ အတော်ကို ကွာဟတာပါ။ ဆိုတော့ လက်ထပ်ပြီး ဇနီးမောင်နှံ ဘဝ မရောက်သေးခင် ကိုယ်ချစ်ရသူနဲ့ တစ်ခါလောက်တော့ ပျော်ပျော်ကြီး ခရီးထွက်ကြည့်ပါ။ အတူတူ အချိန်ဖြုန်းကြည့်ပါ။ ဒီတော့မှသာ ကိုယ့်ရဲ့ ဆိုးကွက်၊ သူ့ရဲ့ ဆိုးကွက်တွေကို တွေ့ရပြီး ဘယ်လို ညှိနှိုင်း ရှေ့ဆက်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို တူတူ ရှာနိုင်မှာပေါ့။

၂။ ဓာတ်ပုံရိုက်ပါ

ခရီးထွက်ရင်း ဓာတ်ပုံရိုက်တာပဲဖြစ်စေ၊ သီးသန့် Outdoor ထွက်ရိုက်ထားတဲ့ ပုံလေးတွေ ဖြစ်စေ။ အကောင်းဆုံးက နှစ်ယောက်သားရဲ့ တစ်နေ့တာကို ဘယ်လို ဖြတ်သန်းလေ့ရှိတယ်ဆိုတဲ့ ပုံစံလေးတွေကို ရိုက်ထားတာ ပိုပြီး အမှတ်တရ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ရိုက်တဲ့အခါ Prewedding နဲ့ တကယ့် မင်္ဂလာဆောင်ပွဲနေ့မှာ ရိုက်မယ့် ဓာတ်ပုံဆရာနဲ့ ရိုက်ကြည့်ပါ။ ဒါဆို နောက်ပွဲတွေအတွက်လည်း သူနဲ့ အဆင်ပြေ၊မပြေ တစ်ခါတည်း မှန်းလို့ ရနိုင်တော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲလေ။

၎။ ရင်သွေးကိစ္စ တိုင်ပင်ပါ။

ဒါက လက်ထပ်တော့မယ့် မောင်နှံတွေ မဖြစ်မနေ တိုင်ပင်ရမယ့် ကိစ္စပါ။ ကလေးယူမယ်ဆို ဘယ်နှစ်ယောက်ယူမှာလဲ။ ဘယ်လောက်ခြားပြီး ယူကြမှာလဲ။ စသဖြင့်ပေါ့… ကလေးကို ချက်ချင်း မယူသေးဘူးဆိုရင်လည်း ဘယ်နည်းနဲ့ တားကြမှာလဲ၊ ဘယ်အရာက နှစ်ယောက်လုံးအတွက် အဆင်ပြေစေလောက်မလဲ ဆိုတာကို အရင်ကြိုတင်ညှိယူကြရမှာပါ။

၅။ ဆေးစစ်ပါ

ဒါလည်း အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မသင်္ကာစိတ်နဲ့ စစ်ခိုင်းတာမျိုး မဟုတ်ဘူးနော်… သူ့ကျန်းမာရေးအခြေအနေ၊ ကိုယ့်ကျန်းမာရေးအခြေအနေ စတာတွေကို အချင်းချင်း ပွင့်ပွင့်လင်းလင်း သိထားတာ အကောင်းဆုံးပါနော်။


Ref; WEDDING GIDE

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.