အခ်စ္စိတ္ကို ပိုၿပီး ႏိုးၾကားလာေစမယ့္ အျပဳအမူေလးမ်ား

၁။ နားနား ကပ္ေျပာတဲ့ စကားတိုးတိုးေလးေတြ
ႏွစ္ကိုယ္ၾကားစကားေလးေတြကို ခ်စ္သူရဲ႕ နားနားကပ္ၿပီး ခပ္တိုးတိုးေလး ေျပာရတာက ရင္ခုန္စရာေကာင္းသလို၊ ေပ်ာ္စရာလည္း ေကာင္းလွတဲ့ အျပဳအမူေလးပါ။ ကိုယ့္ရဲ႕ ႏႈတ္ခမ္းသားနဲ႔ ခ်စ္သူရဲ႕ နား႐ြက္နားေလး မထိတထိ ျဖစ္ေနတဲ့ အေနအထားေလးက သူ႔ရင္ထဲက အခ်စ္ေတြကို လႈိင္းလုံးေတြလို ႐ုန္းႂကြေစမယ့္ အျပဳအမူေလး တစ္ခုပါ။

၂။ မနာက်င္ေအာင္ ကိုက္တာ
ခ်စ္သူေလးကို အသဲယားၿပီး ကိုက္ဖူးၾကသလား။ သြားႀကီးနဲ႔ ကိုက္လိုက္တာမ်ိဳး မဟုတ္ဘဲ ႏႈတ္ခမ္းသားေလးနဲ႔ ဖိကိုက္တာမ်ိဳးေလးက အခ်စ္စိတ္ကို တကယ့္ကို ႏိုးၾကားေစတဲ့ အျပဳအမူေလးပါေနာ္။ ေကာင္ေလးေတြက အားအားေန လိုက္ကိုက္တတ္တဲ့ ေကာင္မေလးေတြကို အသဲယားၿပီး ပိုခ်စ္တတ္တယ္လို႔ ဆိုပါတယ္။

၃။ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္တာ
တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ျခင္းက တစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ေတြကို တစ္ေယာက္ဆီ အလ်င္ျမန္ဆုံး ကူးစက္ေစတဲ့ နည္းလမ္းဆိုလည္း မမွားပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ၿပီး အခ်စ္စိတ္ ခံစားခ်က္ေတြကို ႏွစ္ဆတိုးပြါးေစလိုက္ပါေနာ္။

၄။ မထိတထိ အနမ္းေလးေတြ
အနမ္းေလးေတြ ဆိုတာက ခ်စ္သူေတြအတြက္ေတာ့ အခ်စ္ရဲ႕ ေရေသာက္ျမစ္ႀကီး တစ္ခုပါပဲ။ ဒါေၾကာင့္ အခ်စ္ေတြ မခမ္းသြားဖို႔ ခ်စ္သူေတြၾကားမွာ အနမ္းအဆက္အသြယ္ေတြ မပ်က္သင့္ပါဘူးေနာ္။ အနမ္းေလးေတြထဲကမွ မထိတထိအနမ္းေလးေတြကေတာ့ အနမ္းခံရသူရဲ႕ ရင္ထဲက အခ်စ္စိတ္ေတြကို ထူးထူးျခားျခား ႏိုးၾကားေစပါတယ္။

[ Unicode ]

၁။ နားနား ကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ
နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေးပါ။ ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် အပြုအမူလေး တစ်ခုပါ။

၂။ မနာကျင်အောင် ကိုက်တာ
ချစ်သူလေးကို အသဲယားပြီး ကိုက်ဖူးကြသလား။ သွားကြီးနဲ့ ကိုက်လိုက်တာမျိုး မဟုတ်ဘဲ နှုတ်ခမ်းသားလေးနဲ့ ဖိကိုက်တာမျိုးလေးက အချစ်စိတ်ကို တကယ့်ကို နိုးကြားစေတဲ့ အပြုအမူလေးပါနော်။ ကောင်လေးတွေက အားအားနေ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတွေကို အသဲယားပြီး ပိုချစ်တတ်တယ်လို့ ဆိုပါတယ်။

၃။ တင်းတင်းကျပ်ကျပ် ပွေ့ဖက်တာ
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ခြင်းက တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို တစ်ယောက်ဆီ အလျင်မြန်ဆုံး ကူးစက်စေတဲ့ နည်းလမ်းဆိုလည်း မမှားပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး အချစ်စိတ် ခံစားချက်တွေကို နှစ်ဆတိုးပွါးစေလိုက်ပါနော်။

၄။ မထိတထိ အနမ်းလေးတွေ
အနမ်းလေးတွေ ဆိုတာက ချစ်သူတွေအတွက်တော့ အချစ်ရဲ့ ရေသောက်မြစ်ကြီး တစ်ခုပါပဲ။ ဒါကြောင့် အချစ်တွေ မခမ်းသွားဖို့ ချစ်သူတွေကြားမှာ အနမ်းအဆက်အသွယ်တွေ မပျက်သင့်ပါဘူးနော်။ အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ်။

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.