ချစ်သူတွေကြား တိုက်ဆိုင်မှုလေးများ
၁။ အိပ်မက်မက်တယ်
[ Unicode ]
တစ်ယောက်က သိပ်သတိရတဲ့အချိန် ကျန်တစ်ယောက်က ဖုန်းခေါ်လာတာမျိုးတွေ တစ်ချိန်တည်း ဖုန်းပြိုင်ခေါ်မိတာမျိုးတွေက ခဏတိုင်း အချိန်တိုက်ပြီး ဖြစ်ပေါ်တတ်ပါတယ်။
တူညီတာ တစ်ခုကတော့ သိပ်ချစ်တဲ့ ချစ်သူလေးတွေကြားမှာ တိုက်ဆိုင်မှုလေးတွေ အများအပြား ဖြစ်ပေါ်လာတတ်တာမျိုးပါ။
၁။ အိပ်မက်မက်တယ်
တစ်နေ့တာမှာ တွေ့ဆုံပေမယ့် ညအိပ်တဲ့အချိန်တွေ အထိတောင် အိပ်မက်ထဲ ချစ်သူလေးအကြောင်းကို အိပ်မက် မက်တတ်တာပဲ ဖြစ်ပါတယ်။ အိပ်မက် မက်တာကိုတောင် နှစ်ယောက်စလုံး အတူတူ မက်တတ်တာပါ။ ညက အိပ်မက်ထဲ ကိုကို့ကို မက်တယ် ဆိုတဲ့အကြောင်း ပြောပြမလို့ ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ချစ်ကို ညက အိပ်မက် မက်လို့ ဆိုတဲ့စာက ရောက်နှင့်နေတာမျိုးတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်တဲ့ ချစ်သူတွေကြားမှာပဲ ဖြစ်ပေါ်တတ်တဲ့ တိုက်ဆိုင်မှုလေးတွေပါပဲ။
၂။ သိပ်လွမ်းနေလို့ ဖုန်းခေါ်မယ်လို့ ဖုန်းကိုင်လိုက်တဲ့အချိန် ဖုန်းဝင်လာတာမျိုး
ချစ်သူလေးကို ဒီတိုင်း နေရင်း ထိုင်ရင်း သိပ်လွမ်းလာတယ်။ သတိရလာတယ် ဆိုတဲ့ ခံစားချက် ဝင်လာလို့ အသံလေး ကြားရအောင် ဖုန်းဆက်မယ်လို့ တွေးပြီး ဖုန်းကောက်ကိုင်လိုက်တဲ့ အချိန် ဖုန်းစကရင်ပေါ်မှာ ချစ်သူလေးရဲ့ ဖုန်းနံပါတ် ပေါ်လာတာမျိုး ဖြစ်နေမယ် အလိုလို ပြုံးမိသွားမှာ သေချာပါတယ်။ တကယ် ချစ်တဲ့ ချစ်သူတွေကြားမှာဆိုရင် တစ်ယောက်က သိပ်သတိရတဲ့အချိန် ကျန်တစ်ယောက်က ဖုန်းခေါ်လာတာမျိုးတွေ တစ်ချိန်တည်း ဖုန်းပြိုင်ခေါ်မိတာမျိုးတွေက ခဏတိုင်း အချိန်တိုက်ပြီး ဖြစ်ပေါ်တတ်ပါတယ်။
Ref; rsgoals
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.