ခ်စ္သူေတြၾကား အၿမဲေျပာသင့္တဲ့စကား

ခ်စ္သူေတြၾကားမွာ အၿမဲေျပာသင့္တဲ့စကားေလးတစ္ခြန္းရွိပါတယ္။ ခ်စ္သူျဖစ္စအခ်ိန္ကစၿပီး အသက္ေတြႀကီးလို႔အိုမင္းသြားသည့္တိုင္ေျပာသင့္တဲ့စကားေလးတစ္ခြန္းပါ။ အဲ့ဒါကေတာ့ ခ်စ္တယ္ ဆိုတဲ့စကားလုံးေလးပါပဲ။

တစ္ခ်ိဳ႕ကေျပာၾကတယ္ ခဏခဏ ခ်စ္တယ္ေျပာရင္႐ိုးသြားမွာစိုးတယ္တဲ့။ အမွန္ေတာ့ တကယ္ခ်စ္တဲ့ခ်စ္သူေတြၾကားမွာ ႐ိုးသြားတယ္ဆိုတာမရွိပါဘူး။ ခ်စ္တယ္ဆိုတဲ့စကားလုံးကို ပါးစပ္ကထုတ္ေဖာ္မေျပာဘဲနဲ႔ ကိုယ့္ခ်စ္သူကိုသိေစခ်င္ရင္ အျခားနည္းလမ္းေတြလည္းအသုံးျပဳလို႔ရပါတယ္။

ကိုယ့္ခ်စ္သူအတြက္ အရာရာမွာဦးစားေပးတာကလည္း ခ်စ္တယ္ဆိုတဲ့စကားလုံးကိုပါးစပ္ကထုတ္ေဖာ္မေျပာဘဲနဲ႔ အမူအရာနဲ႔ေဖာ္ျပတာပါပဲ။ ကားေပၚတက္ရင္သူ႔အတြက္ ကားတံခါးဖြင့္ေပးတာ၊ မုန႔္စားရင္ ထမင္းစားရင္ ကိုယ့္ခ်စ္သူပန္းကန္ထဲကိုအရင္ထည့္ေပးတာ၊ ကိုယ့္အတြက္အသုံးလိုတဲ့ ပစၥည္းတစ္ခုခုဝယ္ဖို႔သြားရင္း ကိုယ့္ခ်စ္သူအတြက္ပါ သတိရလို႔ဝယ္လာတာ ဒါေတြအားလုံးဟာ ခ်စ္တယ္ဆိုတာကို ကိုယ့္ရဲ႕လုပ္ေဆာင္ခ်က္ေတြနဲ႔ေဖာ္ျပသြားတာပါပဲ။

ခ်စ္သူစုံတြဲေတာ္ေတာ္မ်ားမ်ားက ခ်စ္စခင္စမွာ ခ်စ္တယ္ ခ်စ္တယ္ ခဏခဏေျပာၾကေပမယ့္ ခ်စ္သူသက္တမ္းၾကာလာတဲ့အခါမွာေတာ့ ခ်စ္တယ္ဆိုတဲ့စကားလုံးကို သိပ္မေျပာျဖစ္ၾကေတာ့ပါဘူး။ အခ်ိန္ၾကာလာေလ ကိုယ့္ခ်စ္သူကို ပိုခ်စ္လာေလဆိုတာ ခ်စ္သူသိဖို႔ လိုအပ္ပါတယ္။ ကိုယ့္ခ်စ္သူကို ကိုယ္ခ်စ္ေၾကာင္းကို ပါးစပ္ကထုတ္ေျပာတာနဲ႔ အမူအရာနဲ႔ျပတာ ႏွစ္မ်ိဳးေဖာ္ျပလို႔ရေပမယ့္ ႏွစ္နည္းစလုံးနဲ႔မျပႏိုင္ဘူးဆိုရင္ေတာ့ ကိုယ့္ရဲ႕အခ်စ္ေတြကို ကိုယ့္ခ်စ္သူက ခံစားမိမွာမဟုတ္ပါဘူး။ ဒါဆို အဆင္မေျပမႈေတြ ျဖစ္လာႏိုင္ပါတယ္။

အနည္းဆုံးေတာ့ တစ္ေန႔တစ္ေန႔ ကိုယ့္ခ်စ္သူဆီဖုန္းဆက္ျဖစ္တိုင္း ဖုန္းခ်တိုင္းမွာ ” အရမ္းခ်စ္တယ္ေနာ္ ” ဆိုတဲ့စကားလုံးေလးကိုထည့္ေျပာရင္ သင့္ဆီကထိုစကားၾကားရတဲ့သင့္ခ်စ္သူရင္ထဲမွာလည္း ေႏြးေထြးတဲ့ခံစားမႈမ်ားျဖစ္ေပၚေစမွာပါ။ ႏွစ္ေယာက္သားၾကည္ႏူးစရာေလးေတြလည္း ပိုမ်ားလာမွာပါ။ ဖုန္းဆက္လို႔မေျပာျဖစ္ဘူးဆိုလည္း မက္ေဆ့ခ်္ပို႔တိုင္း ခ်စ္တယ္ဆိုတဲ့စကားလုံးေလး ပါေအာင္ပို႔ၿပီး ႏွစ္ေယာက္သားအခ်စ္ေတြ ပိုတိုးလာေအာင္ ျပဳလုပ္သင့္ပါတယ္ေနာ္။

[ Unicode ]

ချစ်သူတွေကြားမှာ အမြဲပြောသင့်တဲ့စကားလေးတစ်ခွန်းရှိပါတယ်။ ချစ်သူဖြစ်စအချိန်ကစပြီး အသက်တွေကြီးလို့အိုမင်းသွားသည့်တိုင်ပြောသင့်တဲ့စကားလေးတစ်ခွန်းပါ။ အဲ့ဒါကတော့ ချစ်တယ် ဆိုတဲ့စကားလုံးလေးပါပဲ။

တစ်ချို့ကပြောကြတယ် ခဏခဏ ချစ်တယ်ပြောရင်ရိုးသွားမှာစိုးတယ်တဲ့။ အမှန်တော့ တကယ်ချစ်တဲ့ချစ်သူတွေကြားမှာ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ ချစ်တယ်ဆိုတဲ့စကားလုံးကို ပါးစပ်ကထုတ်ဖော်မပြောဘဲနဲ့ ကိုယ့်ချစ်သူကိုသိစေချင်ရင် အခြားနည်းလမ်းတွေလည်းအသုံးပြုလို့ရပါတယ်။

ကိုယ့်ချစ်သူအတွက် အရာရာမှာဦးစားပေးတာကလည်း ချစ်တယ်ဆိုတဲ့စကားလုံးကိုပါးစပ်ကထုတ်ဖော်မပြောဘဲနဲ့ အမူအရာနဲ့ဖော်ပြတာပါပဲ။ ကားပေါ်တက်ရင်သူ့အတွက် ကားတံခါးဖွင့်ပေးတာ၊ မုန့်စားရင် ထမင်းစားရင် ကိုယ့်ချစ်သူပန်းကန်ထဲကိုအရင်ထည့်ပေးတာ၊ ကိုယ့်အတွက်အသုံးလိုတဲ့ ပစ္စည်းတစ်ခုခုဝယ်ဖို့သွားရင်း ကိုယ့်ချစ်သူအတွက်ပါ သတိရလို့ဝယ်လာတာ ဒါတွေအားလုံးဟာ ချစ်တယ်ဆိုတာကို ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ဖော်ပြသွားတာပါပဲ။

ချစ်သူစုံတွဲတော်တော်များများက ချစ်စခင်စမှာ ချစ်တယ် ချစ်တယ် ခဏခဏပြောကြပေမယ့် ချစ်သူသက်တမ်းကြာလာတဲ့အခါမှာတော့ ချစ်တယ်ဆိုတဲ့စကားလုံးကို သိပ်မပြောဖြစ်ကြတော့ပါဘူး။ အချိန်ကြာလာလေ ကိုယ့်ချစ်သူကို ပိုချစ်လာလေဆိုတာ ချစ်သူသိဖို့ လိုအပ်ပါတယ်။ ကိုယ့်ချစ်သူကို ကိုယ်ချစ်ကြောင်းကို ပါးစပ်ကထုတ်ပြောတာနဲ့ အမူအရာနဲ့ပြတာ နှစ်မျိုးဖော်ပြလို့ရပေမယ့် နှစ်နည်းစလုံးနဲ့မပြနိုင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့အချစ်တွေကို ကိုယ့်ချစ်သူက ခံစားမိမှာမဟုတ်ပါဘူး။ ဒါဆို အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။

အနည်းဆုံးတော့ တစ်နေ့တစ်နေ့ ကိုယ့်ချစ်သူဆီဖုန်းဆက်ဖြစ်တိုင်း ဖုန်းချတိုင်းမှာ ” အရမ်းချစ်တယ်နော် ” ဆိုတဲ့စကားလုံးလေးကိုထည့်ပြောရင် သင့်ဆီကထိုစကားကြားရတဲ့သင့်ချစ်သူရင်ထဲမှာလည်း နွေးထွေးတဲ့ခံစားမှုများဖြစ်ပေါ်စေမှာပါ။ နှစ်ယောက်သားကြည်နူးစရာလေးတွေလည်း ပိုများလာမှာပါ။ ဖုန်းဆက်လို့မပြောဖြစ်ဘူးဆိုလည်း မက်ဆေ့ချ်ပို့တိုင်း ချစ်တယ်ဆိုတဲ့စကားလုံးလေး ပါအောင်ပို့ပြီး နှစ်ယောက်သားအချစ်တွေ ပိုတိုးလာအောင် ပြုလုပ်သင့်ပါတယ်နော်။

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.