သွေးအမျိုးအစားနဲ့ အချစ်ရေး
[ Unicode ]
၁။ အိုသွေးပိုင်ရှင်များသည် အလွန်ပြင်းထန်စွာ တိကျသော ပျတ်သားသောသူများဖြစ်ကြပြီး ရည်မှန်းချက်ကြီးကာမဖြစ်မနေလုပ်ဆောင်တတ်ကြပြီး အားသွန်ခွန်စိုက် လုပ်ဆောင်တတ်သည်။
အချစ်ရေးနှင့် ပတ်သတ်ပြီး မိမိကိုယ်ကို အချစ်ကြီးသည် အစွဲလမ်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်တကယ်အားဖြင့်မူ ထိုလောက်ဟုတ်ဘဲ ချစ်သူနှင့်ခွဲခွါရလျှင် အကြာခင်ပြေပျောက်သူများ ဖြစ်ကြသည် ။
၂။ အသွေးပိုင်ရှင်များသည် စိတ်လှုပ်ရှားလွယ် စိတ်ထိခိုက်လွယ်သူများ ဖြစ်ကြပြီး ဝေဖန်ခံနိုင်ရည်လည်းအားနည်းကြသည်။
အချစ်ရေးနှင့်ပတ်သတ်ပြီး အချစ်ကြီးတတ်သူများ ဖြစ်ကြပါသည်။ တစ်ဦးကိုတစ်ဦး စွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး ချစ်သူနှင့် ခွဲခွါခဲ့ရလျှင် အခြားသူများထက် ပို၍ခံစားရတတ်သည်။
၃။ ဘီသွေးပိုင်ရှင်များသည် မိမိနေတတ်သလို စိတ်ချမ်းသာသလို နေထိုင်ပြုမူတတ်သည်။ အချုပ်အခြယ်မခံလိုပဲလွတ်လပ်စွာနေလိုစိတ် ပြင်းပြသူများဖြစ်ကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပတ်သတ်ပြီး ရံဖန်ရံခါ အချစ်ကို ပေါ့ပေါ့စစ သဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်ဦးစားပေးတတ်၍ ချစ်သူတို့ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
၄။ အေဘီသွေးပိုင်ရှင်များသည် အရာရာကို မျှမျှတတဝေဖန်ပိုင်းခြား ဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒသက်သက်ကိုမကြည်ပဲ အများရဲ့ဆန္ဒကို ဆောင်ရွက်တတ်ကြသည်။ အချစ်ရေးနှင့်ပတ်သတ်ပြီး စိတ်ကူးယဉ်အိပ်မက်မက်လွန်းသူများ ဖြစ်ကြသည်။ အခြေအနေအမှန်နှင့် ကင်းကွာတတ်ကြပါသည် ။ ဘဝပေး အခြေအနေ အချိန်အခါ ပတ်ဝန်းကျင်အရကွာခြားတတ်သည်သာ ခြားနားပါသည်
Ref; personality
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.