စိတ်လှုပ်ရှားဖွယ် သတင်းတစ်ခု ထွက်ပေါ်လာပါပြီ။ တစ်ကမ္ဘာလုံးက ဓါတ်ပုံ ပါရမီရှင်လို့ အသိအမှတ်ပြုထားရတဲ့ David Bailey ရဲ့ လက်ရာတွေကို ပထမဆုံးအကြိမ်အဖြစ် အင်္ကျံတွေမှာ စတစ်ကာ ရိုက်နှိပ် ထုတ်ဝေခွင့်ပေးလိုက်ပါတယ်။
ဒါက ဘာကိုဆိုလိုသလဲဆို သင့်မှာ ငွေကြေးအနည်းငယ်သာ တတ်နိုင်ပေမယ့်လည်း သူ့ရဲ့ လက်ရာတွေကို ကိုယ်နဲ့မကွာ သိမ်းဆည်း သယ်ဆောင်သွားနိုင်တဲ့ အခွင့်အရေးရပြီလို့ ဆိုလိုခြင်းပါပဲ။ သူ့ရဲ့ အနုပညာလက်ရာတွေကို အရူးအမူး စွဲလန်းကြသူတွေ အတော်များပါတယ်။ အားလုံးကလည်း ဒီအစီအစဉ်ကို အတော်လေး သဘောကျနေကြပါတယ်။
သူဟာ Grace Jones , John Lennon , Johnny Depp , Mick Jagger , Michael Caine နဲ့ Boy George တို့ကို သူ့ရဲ့ East London စတူဒီယိုမှာ လုပ်သက် နှစ်ပေါင်း(၅၀)အတွင်း ဓါတ်ပုံပေါင်းများစွာ ရိုက်ကူးပေးခဲ့သူပါ။ ဖက်ရှင်ဒီဇိုင်း စတူဒီယိုတစ်ခုဖြစ်တဲ့ The Bleach Room ကနေပြီး David Bailey ရဲ့ လက်ရာတွေကို အင်္ကျံပေါ်မှာ ပြန်လည်ပုံဖော် ရိုက်နှိပ်နိုင်ဖို့အတွက် တစ်နှစ်လောက် အချိန်ယူပြီး ပြင်ဆင်ခဲ့ရ ပါတယ်။
ဒီထက်ပိုပြီး David Bailey ရဲ့အကြောင်းကို စိတ်ဝင်စားတယ်ဆိုရင်တော့ နောက်လထဲမှာ သူနဲ့ အင်တာဗျူးလုပ်မှာ ဖြစ်တဲ့အတွက် စောင့်မျှော်အားပေးပါဦး။
Ref:elleuk.com