ေငြကုန္ေၾကးက်နည္းနည္းနဲ႔ သဘာဝက်က်လွၾကမယ္

လူတစ္ေယာက္ရဲ့ မ်က္ႏွာေလးတစ္ခုဟာလည္း သိပ္ကို အေရးႀကီးပါတယ္။ ဒါေၾကာင့္ မ်က္ႏွာ အစိတ္အပိုင္းတိုင္းဟာ ရွင္းသန္ ့ေနမယ္ဆိုရင္ အမ်ားအလယ္မွာ တင္႔တယ္ေနၿပီေပါ့။

၁။ သြားေလးေတြ ပုလဲစီသလို လွပေအာင္
ပုလဲေလးေတြစီသလို သြားေလးေတြ ေဖြးသန္ ့ဖို ့ ေစ်းႀကီးတဲ့သြားတိုက္ေဆးေတြ ၀ယ္မသံုးႏိုင္ရင္ ၀မ္းမနည္းပါနဲ ႔။ သံပုရာရည္တစ္ဇြန္း၊ဆိုဒါတစ္ဇြန္း၊ ဆားဇြန္း၀က္ ရွိရင္ ျဖဴေဖြးလွပေအာင္ စြမ္းေဆာင္ႏိုင္တဲ့သြားတိုက္ေဆး ကို ရရွိႏိုင္ ပါတယ္။ ဒီပစၥည္း သံုးမ်ိဳးကို ေရာေမႊၿပီးရင္ မနက္ ည နွစ္ႀကိမ္ တိုက္ပါ။ အကုန္သက္သာတဲ့နည္းနဲ ့ မယံုရင္ စမ္းၾကည့္ျဖဴေဖြး ေတာက္ပ ေနေစရမယ္လို႕ အာမခံပါတယ္။

၂။ အသားမာတက္ၿပီး အမဲစြဲေနရင္
ဒူး၊ တံေတာင္ဆစ္ ေျခမ်က္စိေတြဟာ မည္းမယ္ဆိုတာခ်ည္းပါပဲ။ စိတ္ညစ္ဖို႔့ေကာင္းပါတယ္ လို ့ ညည္းေနမယ့္အစား ဒါေလး နဲ ့ လုပ္ၾကည့္ လြယ္လြယ္ေလးပါ။ သံပုရာသီးပဲ လိုပါ တယ္။ သံပုရာသီးကို ထက္ပိုင္းပိုင္းၿပီး အဲဒီသံပုရာျခမ္းနဲ ့ေန ့စဥ္ ပံုမွန္ ပြတ္တိုက္ေပးပါ။ ထူးျခား သိသာစြာ အညိဳအမဲ
အသားမာေတြ ေလ်ာ့ပါး ေပ်ာက္ပ်က္ သြားပါလိမ့္မယ္။

၃။ မ်က္ကြင္းညိဳရင္
မ်က္၀န္းတ၀ိုက္ ညိဳၿပီး အၾကည့္ရဆိုးေနလို ့ မိတ္ကပ္လိမ္းရင္လည္းမ်က္ကြင္းညိဳၿပီး ထင္း ထင္းႀကီး ျဖစ္ေနလို ့ စိတ္ညစ္ေန တဲ့သူေတြ အတြက္မ်က္ကြင္းညိဳ မ်က္အိတ္တြဲ တာေတြ ေပ်ာက္ဖို ့ ေစ်းႀကီးတာေတြ ၀ယ္မသံုးပါနဲ႔။ မီးဖိုထဲက အာလူး တစ္လံုးနဲ ့တင္ ကိစၥၿပီးပါ တယ္။ အာလူးကို အခြံႏြာ
အသားေတြကို ပါးပါးလွီး ႏုတ္ႏုတ္စဥ္း လက္နဲ ့ ဆုပ္ၿပီး အရည္ ညွစ္ၿပီးရင္အာလူးဖတ္ေတြကို မ်က္လံုးတ၀ိုက္ကို အံုေပးပါ။ ၁၀ မိနစ္ေလာက္ေတာ့ ၾကာ ေအာင္ထားပါ။ အဲဒါကို ေန ့စဥ္ (သို ့) ရက္ျခား ဆိုသလို အံုေပးရင္မ်က္ကြင္းညိဳျခင္း ကေန ကင္းေ၀း ပါလိမ့္မယ္။

၄။ ရင္းေနတဲ့ ၀က္ၿခံမ်ား ညိွဳးသြားေအာင္
၀က္ၿခံ ေပါက္ေနၿပီး ညွစ္ျပန္ေတာ့လည္း အမာရြတ္ ထင္ၿပီး ရင္းဦးမယ္။ လြယ္ပါတယ္။ ၀က္ၿခံထိပ္ကို ပ်ားရည္ စြတ္ထားတဲ့ ဂြမ္းေလးနဲ ့ တို ့ေပးပါ။ ၀က္ၿခံ ညိွဳးေျခာက္ၿပီး သူ ့အလို လို အဆံ ထြက္သြားပါလိမ့္မယ္။

၅။ အသားပတ္တဲ့ အခါ ခရမ္းခ်ဥ္သီးကို သတိရပါ
ဒီကိစၥကို ခရမ္းခ်ဥ္သီးက လံုး၀ တာ၀န္ယူႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးကို
ထက္ျခမ္းျခမ္း အထဲက အဆန္ေတြကိုထုတ္ အႏွစ္ ခ်ည္း သီးသန္ ့နဲ ့ မ်က္ႏွာကို
ပြတ္တိုက္ လိမ္းက်ံ ေပးပါ။ ၁၀ မိနစ္ေလာက္ ေနရင္ ေရေႏြးေႏြးနဲ ့ ေဆးခ်ပါ။
အသားပတ္တဲ့ အခါတိုင္း လုပ္ေပးရင္ မ်က္ႏွာ အသားအေရပါ ၾကည္လင္ ေခ်ာေမြ ့
သြားလိမ့္မယ္။

၆။ ေနေလာင္ရင္ ႏြားႏို ့သံုး
ႏြားႏို ့ကို ၾကြက္ၾကြက္ဆူေအာင္ ႀကိဳၿပီးရင္ အေအးခံ မလိုင္ကို စားပစ္ပါ။
( မလိမ္း ပါနဲ ့ ႏွေမ်ာစရာႀကီး) ၿပီးမွ ႏြားႏို႔ကို ဂြမ္းစေလးနဲ ့ ေနေလာင္တဲ့ ေနရာကို
ပြတ္သပ္ လိမ္းက်ံ ေပးပါ။ မိနစ္ အနည္းငယ္ၾကာရင္ ေရေဆးလိုက္ပါ။ လုပ္ေလ၊
အက်ိဳးရွိေလ ဆိုတာ လုပ္ဖူးရင္ သိသာလာပါလိမ့္မယ္။

[ Unicode ]

လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် မျက်နှာ အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့်နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ်နေပြီပေါ့။

၁။ သွားလေးတွေ ပုလဲစီသလို လှပအောင်
ပုလဲလေးတွေစီသလို သွားလေးတွေ ဖွေးသန့်ဖို့ ဈေးကြီးတဲ့သွားတိုက်ဆေးတွေ ဝယ်မသုံးနိုင်ရင် ဝမ်းမနည်းပါနဲ့။ သံပုရာရည်တစ်ဇွန်း၊ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြီးရင် မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့ မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

၂။ အသားမာတက်ပြီး အမဲစွဲနေရင်
ဒူး၊ တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့ကောင်းပါတယ် လို့ ညည်းနေမယ့်အစား ဒါလေး နဲ့ လုပ်ကြည့် လွယ်လွယ်လေးပါ။ သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့နေ့စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

၃။ မျက်ကွင်းညိုရင်
မျက်ဝန်းတဝိုက် ညိုပြီး အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လည်းမျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေ တဲ့သူတွေ အတွက်မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့ ဈေးကြီးတာတွေ ဝယ်မသုံးပါနဲ့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့ ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတဝိုက်ကို အုံပေးပါ။ ၁၀ မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့စဉ် (သို့) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

၄။ ရင်းနေတဲ့ ဝက်ခြံများ ညှိုးသွားအောင်
ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။ လွယ်ပါတယ်။ ဝက်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။ ဝက်ခြံ ညှိုးခြောက်ပြီး သူ့အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

၅။ အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ
ဒီကိစ္စကို ခရမ်းချဉ်သီးက လုံး၀ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့်နဲ့ မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့
သွားလိမ့်မယ်။

၆။ နေလောင်ရင် နွားနို့သုံး
နွားနို့ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
( မလိမ်း ပါနဲ့ နှမျောစရာကြီး) ပြီးမှ နွားနို့ကို ဂွမ်းစလေးနဲ့ နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

Ref; beautytips

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.