Blackpink ရဲ့ အငယ်ဆုံးလေး Lisa တစ်ယောက်ထိုင်းစကားမေ့သွားတဲ့အခါ

တောင်ကိုရီးယားရဲ့ အောင်မြင်ဆုံးK-pop အဖွဲ့တွေထဲမှာ Blackpink အဖွဲ့ဟာဆိုရင် အနောက်နိုင်ငံတွေအထိပါကျော်ကြားနေတဲ့ အဖွဲ့တစ်ဖွဲ့ပါ။အဖွဲ့ရဲ့အငယ်ဆုံးလေး Lisa လို့ ခေါ်ကြတဲ့ Lisa manoban ကတော့ ထိုင်းလူမျိုးဆိုတာကို အားလုံးသိပြီးကြမှာပါ။ Lisa ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတာ ၇ နှစ်နီးပါးဖြစ်နေပြီမို့လို့ တခါတလေ သူမရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ထိုင်းစကားကို နဲနဲပါးပါးမေ့သွားတာလဲရှိမှာပါ။

Blackpink အဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားရဲ့ နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ JTBC ရဲ့ idol room အပိုင်း ၇ မှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်လေးမှာ 357 dance challenge ပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်လေးကတော့ MC နှစ်ယောက် ပြောတဲ့ အရေအတွက်အတိုင်း Blackpink အဖွဲ့က က ရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ MC တွေက ‘soon’ လို့ပြောလိုက်တဲ့အချိန်မှာ အဖွဲ့ဝင်လေးယောက်လုံး ရုတ်တရက်ကြောင်သွားခဲ့ပါတယ်။ ‘soon’ ဆိုတဲ့အဓိပ္ပာယ်က ထိုင်းစကားဖြင့် ‘သုည’ လို့ ဆိုလိုပြီး MC တွေက အက ရပ်ဖို့အသိပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Lisa တစ်ယောက်ကတော့ သုညလို့ ပြောတဲ့ ထိုင်းဘာသာစကားဖြင့် ‘soon’ ဆိုတဲ့အသုံးအနှုန်းကို ရုတ်တရက်မေ့သွားခဲ့တာပါ။

အဲ့ဒီနောက်မှာ MC တွေက သုညကို ထိုင်းလိုဘယ်လိုခေါ်လဲလို့ မေးမှပဲ Lisa တစ်ယောက်ပြန်သတိရပြီး သူ့ရဲ့ မိသားစုဝင်တွေကိုလဲ တောင်းပန်ခဲ့ပါတယ်။ဒါမျိုးက တစ်ခါတစ်လေမှာတော့ ဖြစ်တတ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားမှာ Soon ဆိုတာကလဲ မကြာမီဆိုတဲ့အဓိပ္ပာယ်ကို Lisa တစ်ယောက်အမြဲတမ်းကြားနေတာကြောင့် Lisa တစ်ယောက် ထိုင်းစကားကိုခဏမေ့သွားတယ်ဆိုတာကိုတော့ ခွင့်လွှတ်ပေးသင့်ပါတယ်နော်။


Ref;Koreaboo,Christine Fernandez

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.