လက္တြဲေဖာ္ခ်စ္သူေတြ ဘာေၾကာင့္ အခ်စ္ေပါ့ျပီး စိတ္ကုန္ၾကတာလဲ

အရမ္းခ်စ္ၾကလို႕ ရာသက္ပန္အတူေနဖို႕ ရည္ရြယ္လက္ထပ္ခဲ့ၾကတဲ့ လက္တြဲေဖာ္ ေတြၾကား အခ်စ္ေတြေပါ့ကုန္တာဟာ အေၾကာင္းရင္းမ်ားစြာ ရွိမွာေပမဲ့ ျဖစ္ေလ့့ျဖစ္ထရွိတဲ့ တခ်ိဳ႕အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ တစ္ေယာက္ကို တစ္ေယာက္ သဘာက်တဲ့အခ်က္ေတြကို ေမ့ကုန္ၾကတယ္
ခ်စ္သူႏွစ္ေယာက္ စေတြ႕ၾကတုန္းက သိပ္ကိုသေဘာက်တဲ့အခ်က္ေတြ ရွိခဲ့ၾကမွာပါ။ ကာလၾကာရွည္ တူတူေနခဲ့ၾကျပီးေနာက္မွာ သူ႕ရဲ႕ေကာင္းတဲ့အခ်က္ေတြကို အထူးတလည္သတိမထားမိေတာ့ပဲ ေမ့ကုန္တာမ်ိဳးျဖစ္တတ္တာမို႕ သတိတရနဲ႕ျပန္အစေဖာ္ပါ။

၂။ တစ္ေယာက္ကို တစ္ေယာက္ အပုိင္တြက္ၾကတယ္
လက္တြဲေဖာ္အခ်င္းခ်င္း အေရးမပါသလို ေဘးခ်ိတ္ထားျပီး တျခားသူေတြကို ဦးစားေပးေနတာနဲ႔ဲပဲ အခ်ိန္ကုန္ရင္း သူဟာကိုယ့္လူပဲလို႕ အပိုင္တြက္တဲ့စိတ္နဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ စိတ္နာက်င္ေအာင္ လုပ္မိတတ္တဲ့အတြက္ အေသးအဖြဲပဲျဖစ္ပါေစ၊ ေတာင္းပန္စကား ခ်ီးက်ဴးစကားေလးေတြကို လိုအပ္ရင္ေျပာေပးသင့္ပါတယ္။

၃။ ၾကည္ႏူးေပ်ာ္ရႊင္စြာ အတူရယ္ေမာဖို႕ ေမ့သြားၾကတယ္
အိမ္ေထာင္သည္ဘ၀မွာ သားသမီးေလးေတြ ပြားစည္းလာတာနဲ႕အမွ် ဘ၀အေမာေတြလည္း တန္းစီေပၚထြက္လာခဲ့တာပါပဲ။ အဲဒီမွာ မေျပလည္မႈေတြစတင္လာတတ္ျပီး ကေတာက္ကဆတ္ေတြျဖစ္ကာ ကြဲကြာတဲ့အထိေတာင္ ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူႏွစ္ဦးလက္ထပ္ရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္ျဖစ္တဲ့ အတူၾကည္ႏူးေပ်ာ္ရႊင္ျခင္းပန္းတိုင္ကို လံုး၀မေမ့ေလ်ာ့သြားေအာင္ အခ်ိန္လုျပီး အတူေနခ်ိန္ေလး ေတြဖန္တီးၾကေစခ်င္ပါတယ္။

၄။ တစ္ေလွတည္းစီးဆိုတာ ေမ့ကုန္ၾကတယ္
လက္တြဲေဖာ္ရွိျပီဆိုကတည္းက ဘ၀ရဲ႕အခက္အခဲေတြကို တစ္ကိုယ္တည္းေျဖရွင္းဖို႕ မလိုေတာ့ပဲ တိုင္ပင္ေဖာ္တစ္ေယာက္ရွိလာျပီဆိုတဲ့ အဓိပၸာယ္ပဲ မဟုတ္ပါလား။ အထီးက်န္ေန႔ရက္ေတြ မရွိေတာ့ဘူးဆိုတဲ့ သေဘာလည္း သက္ေရာက္တာပဲ မဟုတ္လား။ ဒီေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ သေဘာထားခ်င္းမတိုက္ဆိုင္တာေတြ ရွိလာရင္ေတာင္ အားလံုးရဲ႕အျမင္မွာေရာ တကယ့္လက္ေတြ႕ဘ၀မွာပါ ဇနီးေမာင္ႏွံဆိုတာ တစ္ေလွတည္းစီး တစ္ခရီးတည္းသြားတဲ့သူေတြပါပဲ။

၅။ ခ်စ္ေၾကာင္းျပသဖို႕ ေမ့သြားတတ္ၾကတယ္
အခ်စ္ဟာ အရာအားလံုးထက္ အေရးအၾကီးဆံုးဆုိတာ လူတိုင္းအသိပါပဲ။ ခ်စ္သူျဖစ္ျပီးမွ လက္ထပ္ခဲ့ၾကတာပဲ ခ်စ္တယ္ဆိုတာသိျပီးသားပဲလို႕ လြယ္လြယ္မေတြးလိုက္ပါနဲ႕။ ဦးေနွာက္ထဲကသိေနေပမဲ့ မထိေတြ႕တာၾကာလာတဲ့အခါ ခံစားခ်က္ေတြကို ႏွလံုးသားက ေမ့သြားတတ္ပါတယ္။ ဒါေၾကာင့္ အရင္က တဖြဖြေျပာခဲ့တဲ့ခ်စ္စကားေတြ၊ ၾကည္ႏူးစြာလွစ္ဟ ျပခဲ့တဲ့ ခ်စ္စဖြယ္အမူအယာေတြကို သိမ္းဆည္းမထားပဲ ျပန္လည္ေဖာ္ထုတ္ၾကေစခ်င္ပါတယ္။

လက္တြဲေဖာ္ခ်စ္သူတိုင္း ရာသက္ပန္ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ႐ိုးေျမက်ေနထိုင္သြားႏိုင္ၾကေစဖို႕ ေလးနက္စြာ ဆႏၵျပဳလိုက္ရပါတယ္။

[ Unicode ]

အရမ်းချစ်ကြလို့ ရာသက်ပန်အတူနေဖို့ ရည်ရွယ်လက်ထပ်ခဲ့ကြတဲ့ လက်တွဲဖော် တွေကြား အချစ်တွေပေါ့ကုန်တာဟာ အကြောင်းရင်းများစွာ ရှိမှာပေမဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ယောက်ကို တစ်ယောက် သဘာကျတဲ့အချက်တွေကို မေ့ကုန်ကြတယ်
ချစ်သူနှစ်ယောက် စတွေ့ကြတုန်းက သိပ်ကိုသဘောကျတဲ့အချက်တွေ ရှိခဲ့ကြမှာပါ။ ကာလကြာရှည် တူတူနေခဲ့ကြပြီးနောက်မှာ သူ့ရဲ့ကောင်းတဲ့အချက်တွေကို အထူးတလည်သတိမထားမိတော့ပဲ မေ့ကုန်တာမျိုးဖြစ်တတ်တာမို့ သတိတရနဲ့ပြန်အစဖော်ပါ။

၂။ တစ်ယောက်ကို တစ်ယောက် အပိုင်တွက်ကြတယ်
လက်တွဲဖော်အချင်းချင်း အရေးမပါသလို ဘေးချိတ်ထားပြီး တခြားသူတွေကို ဦးစားပေးနေတာနဲ့ဲပဲ အချိန်ကုန်ရင်း သူဟာကိုယ့်လူပဲလို့ အပိုင်တွက်တဲ့စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်နာကျင်အောင် လုပ်မိတတ်တဲ့အတွက် အသေးအဖွဲပဲဖြစ်ပါစေ၊ တောင်းပန်စကား ချီးကျူးစကားလေးတွေကို လိုအပ်ရင်ပြောပေးသင့်ပါတယ်။

၃။ ကြည်နူးပျော်ရွှင်စွာ အတူရယ်မောဖို့ မေ့သွားကြတယ်
အိမ်ထောင်သည်ဘဝမှာ သားသမီးလေးတွေ ပွားစည်းလာတာနဲ့အမျှ ဘဝအမောတွေလည်း တန်းစီပေါ်ထွက်လာခဲ့တာပါပဲ။ အဲဒီမှာ မပြေလည်မှုတွေစတင်လာတတ်ပြီး ကတောက်ကဆတ်တွေဖြစ်ကာ ကွဲကွာတဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးလက်ထပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ အတူကြည်နူးပျော်ရွှင်ခြင်းပန်းတိုင်ကို လုံးဝမမေ့လျော့သွားအောင် အချိန်လုပြီး အတူနေချိန်လေး တွေဖန်တီးကြစေချင်ပါတယ်။

၄။ တစ်လှေတည်းစီးဆိုတာ မေ့ကုန်ကြတယ်
လက်တွဲဖော်ရှိပြီဆိုကတည်းက ဘဝရဲ့အခက်အခဲတွေကို တစ်ကိုယ်တည်းဖြေရှင်းဖို့ မလိုတော့ပဲ တိုင်ပင်ဖော်တစ်ယောက်ရှိလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ပါလား။ အထီးကျန်နေ့ရက်တွေ မရှိတော့ဘူးဆိုတဲ့ သဘောလည်း သက်ရောက်တာပဲ မဟုတ်လား။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တာတွေ ရှိလာရင်တောင် အားလုံးရဲ့အမြင်မှာရော တကယ့်လက်တွေ့ဘဝမှာပါ ဇနီးမောင်နှံဆိုတာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့သူတွေပါပဲ။

၅။ ချစ်ကြောင်းပြသဖို့ မေ့သွားတတ်ကြတယ်
အချစ်ဟာ အရာအားလုံးထက် အရေးအကြီးဆုံးဆိုတာ လူတိုင်းအသိပါပဲ။ ချစ်သူဖြစ်ပြီးမှ လက်ထပ်ခဲ့ကြတာပဲ ချစ်တယ်ဆိုတာသိပြီးသားပဲလို့ လွယ်လွယ်မတွေးလိုက်ပါနဲ့။ ဦးနှောက်ထဲကသိနေပေမဲ့ မထိတွေ့တာကြာလာတဲ့အခါ ခံစားချက်တွေကို နှလုံးသားက မေ့သွားတတ်ပါတယ်။ ဒါကြောင့် အရင်က တဖွဖွပြောခဲ့တဲ့ချစ်စကားတွေ၊ ကြည်နူးစွာလှစ်ဟ ပြခဲ့တဲ့ ချစ်စဖွယ်အမူအယာတွေကို သိမ်းဆည်းမထားပဲ ပြန်လည်ဖော်ထုတ်ကြစေချင်ပါတယ်။

လက်တွဲဖော်ချစ်သူတိုင်း ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့စွာ ရိုးမြေကျနေထိုင်သွားနိုင်ကြစေဖို့ လေးနက်စွာ ဆန္ဒပြုလိုက်ရပါတယ်။

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.