ပြုလုပ်နည်း
[ Unicode ]
နူးညံံ့ချိုမွှေးနေတဲ့ ငါးအသားလွှာလေးကို မြိန်မြိန်စားဖို့ မာလာငါးပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ တီလားဗီးယား (သို့) ကကတစ်
၂။ ကြက်သွန်ဖြူ ၁၀တက် ဒါးပြားရိုက်၊
၃။ ဂျင်း (ချင်း) လက်တစ်ဆစ် ပါးပါးရှည်ရှည်လှီး
၄။ ကြက်သွန်မိတ် ၁၀ချောင်း ပါးပါးလှီး
၅။ မြေပဲလှော်ထောင်း ထမင်းစားဇွန်း ၃ဇွန်း
၆။ နှမ်းလှော်ထောင်း ထမင်းစားဇွန်း၂ဇွန်း
၇။ တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၈။ ငရုတ်ကောင်း၊ လက်ဖက်ရည်ဇွန်း တစ်ဝက်၊
၉။ ငရုတ်သီးခွဲခြမ်း ထမင်းစားဇွန်း၃ဇွန်း
၁၀။ ပဲငပိ အငန် ထမင်းစားဇွန်း တစ်ဇွန်း
၁၁။ ပဲငံပြာရည် အကြည် ထမင်းစားဇွန်း နှစ်ဇွန်း
၁၂။ ရှာလကာရည် ထမင်းစားဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း
၁။ တီလားဗီးယား သို့မဟုတ် ကကတစ် ကို ဗိုက်ဖောက်အူထုတ် ဆေးကြောသန့်စင်ပြီး နှစ်ဖက်လုံး ဒါးရာပေး ဆား၊ဟင်းခတ်မှုန့် နယ်ပြီး နှစ်ထပ်ပေါင်းအိုးမှာ တဖက်ကို ၁၅မိနစ်ခန့်ပေါင်းပါ။
၂။ ဒယ်ထဲ ဆီထည့်၊ ကြက်သွန်ဖြူ၊ ဂျင်းထည့် မွှေးလာရင် ငရုတ်သီးခွဲခြမ်း ထည့်၊ ငရုတ်သီးကျက်ရင် ပဲငပိ၊ ပဲငံပြာရည် အကြည် ရှာလကာရည် ထည့်၊ မြေပဲလှော်ထောင်း ၊နှမ်းလှော်ထောင်းထည့် ၊ ငရုတ်ကောင်း၊ တရုတ်မဆလာ ထည့်၊ အနံ့မွှေးလာရင် ကြက်သွန်မိတ် ထည့်ပြီး ငါးပေါင်းထားတဲ့အပေါ်လောင်းချပေးပါ။ နံနံပင် ကြိုက်ရင် ပါးပါးလှီး ထည့်လို့ရပါတယ်။
ခုဆိုရင်တော့ မာလာငါးပေါင်းလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.