သရုပ်ဆောင်နယ်ပယ်ကနေ ဂီတနယ်ပယ်ကို ကူးပြောင်းသွားကြသူတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ဆုပန်ထွာကို ထရီဇာရဲ့ ဒင်နာပွဲမှာ တွေ့ဆုံခိုက်မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုကို မေးမြန်းဖြစ်တဲ့အခါ ‘အခု မပန် Hello Music သင်္ကြန်အတွက် မနေ့ကရိုက်တယ်။ ကားရိုက်ကတော့ ၂ရက်နေ့လောက်မှ စဖြစ်မယ်။ ရိုးရိုးဗီဒီယိုကားပါပဲ’လို့ သူမက ပြောပါတယ်။
သူမရဲ့အခွေလေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘မပန်ရဲ့ အခွေလေးက ၅ပုဒ်လောက်ကျန်သေးတယ်။ ၂ခုလုပ်တော့ ပိုပင်ပန်းတယ်။ သီချင်းဆိုတာကလဲ နားမှ ၊ မနားရင် အသံကမထွက်ပါဘူး’တဲ့။
၂၀၁၄ ချစ်သူများနေ့ကို သူမဖြတ်သန်းမဲ့အကြောင်းကိုတော့ ‘အဲဒီနေ့တော့ မပန်မအားလောက်ဘူး။ အဲဒီရက်မှာ သီချင်းဆိုသွားရမယ်။ အရင်နှစ်တွေကလဲ အနုပညာအလုပ်လုပ်ရင်း ဖြတ်သန်းတာ ဆိုတော့ ထွေထွေထူးထူး ဘာမှမရှိပါဘူး။ ဒီနှစ်လဲပေးဖို့စီစဉ်ထားတာမရှိသလို ရဖို့ကတော့ မသိသေးပါဘူး’လို့ သူမက ပြောပြခဲ့ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။