ဒီည လန်ဒန်စံတော်ချိန် ၁၂ နာရီခွဲ ၊ မြန်မာစံတော်ချိန် နောက်နေ့ ခြောက်နာရီခွဲ လောက်မှာ အပြောင်းအရွှေ့  ဈေးကွက်ပိတ်မှာဖြစ်ပြီး ဒီလို နောက်ဆုံးရက်ဟာ အသင်းအများစုရဲ့ အလှုပ်ရှားဆုံးအချိန်ဖြစ်ပြီး မထင်မှတ် ထားတဲ့ အပြောင်းအရွှေ့ တွေ ဖြစ်ပေါ်လာတတ်လို့ မြန်မာနိုင်ငံက ပရီးမီးယားလိဂ်ပရိတ်သတ်များအတွက် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါတယ်။
မန်စီးတီး
မန်စီးတီးအသင်းဟာ ပေါ်တိုအသင်းရဲ့ ကစားသမားအတွဲ မန်ဂါလာ နဲ့ ဖာနန်ဒို တို့ ကို စာချုပ်ချုပ်ဖို့  ကြိုးစားနေတယ်လို့ သိရပါတယ်။
အာဆင်နယ်
ဒီနေ့ ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးသတင်းကတော့ အာဆင်နယ်အသင်းပါပဲ။ မနေ့ က ရှော်လ်ကေး ကစားသမား ဒရက်စ်လာကို ခေါ်ယူခဲ့ပြီလို့ သတင်းတွေ အကြီးအကျယ်ထွက်ခဲ့ပေမယ့် ရှော်လ်ကေး အသင်း တောင်းတဲ့ တန်ကြေးကို ပေးဖို့ အာဆင်နယ်က ငြင်းဆန်ထားပါတယ်။ အခုလက်ရှိ ညှိုနှိုင်းနေတုန်းဖြစ်ပါတယ်။ ဂျူဗင်တပ်ကစားသမား ဗူစီနစ်ကို အဌားခေါ်ယူဖို့ သဘောတူညီချက်ရခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒ ကြောင့် ပျက်ပြယ်ဖို့ များနေပါတယ်။ နောက်ဆုံးရသတင်းကတော့ ဂျာမန် တိုက်စစ်မှုးကလိုဆေးကို အဌားခေါ်ယူဖို့  ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ချယ်လ်ဆီး
ချယ်လ်ဆီးအသင်းဟာ ပြင်သစ် ဗဟိုနောက်ခံလူ လူငယ်ကစားသမား ကတ်ဇိုးမား ကို ပေါင် ၁၈ သန်းနဲ့  ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဟာ မကြာသေးမီက ဘင်ဖီကာ အသင်းက မာတစ် နဲ့  ဘေဆယ်လ် က ဆာလာ တို့ ကို ခေါ်ယူထားပါတယ်။
လီဗာပူးလ်
အက်သလက်တီကိုမက်ဒရစ် လူငယ်ကစားသမား Saul Niguez ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဘင်ဖီကာ အသင်း လူငယ်ကစားသမား အန်ဒရီဂိုမက်စ် ကို လည်း စာချုပ်ချုပ်ဆို ချင်နေတယ်လို့ သိရှိရပါတယ်။
မန်ချက်စတာယူနိုက်တက်
မကြာသေးမီက ချယ်လ်ဆီးကစားသမား မာတာ ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားတဲ့ မန်ယူဟာ ပေါ်တို ကွင်းလယ်ခံစစ် ကစားသမား ဖာနန်ဒို ကို ပေါင် ၇ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဆောက်သမ်တန် နောက်ခံလူ လုခ်ရှော အတွက် ပေါင် ၂၂.၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
တော့တင်ဟမ် ဟော့စပါး
ဘန်လေ တိုက်စစ်မှူး ဒန်နီအင့်ဂ် ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ သူတို့ ရဲ့ ကစားသမားဟောင်း ဘာဘာတော့ဗ်ကို ဖူလ်ဟမ်က ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့  သိရပါတယ်။
အက်စတွန်ဗီလာ
တော့တင်ဟမ် နောက်ခံလူ ကိုင်းလ်နော့တန် ကို ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။
ဖူလ်ဟမ်အသင်းဟာ ၀က်စ်ဟမ်းကစားသမား ရေဗယ်မော်ရစ်ဆင် ကို ခေါ်ယူဖို့ လုံးပန်းနေတယ်လို့  သိရှိရပါတယ်။
Ref: telegraph.co.uk