ကောင်မလေးတွေ သူတို.ချစ်သူ ဆီက အလိုချင်ဆုံး Romantic လေးများ
[ Unicode ]
၁။ ကိုယ်စိတ်တိုနေတဲ့အချိန် သူ့လက်မောင်းကိုက်ခွင့်ရချင်တာ။
၂။ ကိုယ်ပြောချင်ရာပြောတဲ့စကားတွေကို တအင်းအင်းနဲ့ လိုက် နားထောင်တတ်တာ။
၃။ ကိုယ်သောက်မဲ့ကော်ဖီကို သူကိုယ်တိုင် ဖျော်ပေးတာ။
၄။ သူဘယ်ရောက်နေတယ်၊ ဘာတွေလုပ်နေဆိုတာ လှမ်းအသိပေးတတ်တာ။
၅။ ကိုယ့်ရဲ့ကြည့်မှန်တချပ်အဖြစ် အမြဲတစေ မျက်နှာသွင်ပြင်ကိုကြည့်ပေးတတ်တာ။
၆။ ကိုယ့်လက်တဖက်ကိုဆုပ်ကိုင်ထားရင်း ကိုယ့်ရဲ့ဝေယျာဝစ္စ အ၀၀ အထုပ်အပိုးတွေကို သယ်ဆောင်ပေး တာ။
၇။ လမ်းဖြတ်ကူးတဲ့အခါ လူကြီးတယောက်က ကလေးတယောက်ကိုပူပန်ပေးမှုမျိုးနဲ့ ကိုယ့်ပုခုံးလေးကို ဖက်တွယ်ထားတတ်တာ။
၈။ ကိုယ့်ရဲ့လိုအပ်ချက်၊ ရှောင်ကြဉ်ရန်အချက်အလက်တွေကို အသေးအမွှားလေးကအစ လိုက်လံတေး မှတ်တတ်ပြီး သတိပေးတတ်တာ။
၉။ ကိုယ့်မွေးနေ့၊ ချစ်သူဖြစ်သောနေ့ အမှတ်တရ ရက်စွဲတွေကို သတိပေးစရာမလိုပဲ အလိုအလျောက် အသိအမှတ်ပြုဖို့ မမေ့လျော့တတ်တာ။
၁၀။ သူ့ဖုန်းရဲ့ home screenမှာ ကိုယ့်ပုံလေးတွေတင်ထားတာ။ နောက်ကိုယ်နဲ့ပတ်သက်တဲ့ Ringtone သီးသန့်ထားတာ။
၁၁။ ဆိုက်ရောက်ရာအရပ်တိုင်းမှာ သူ့ဘေးနားမှာနေစေဖို့ နေရာပေးတဲ့အခါ ခုံမှာ ပေရေနေမှုရှိမရှိ စစ်ဆေးပေးတတ်တာ။
၁၂။ ကိုယ့်ရဲ့ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ကိုက်ညီသော ဝတ်စားဆင်ယင်မှုမျိုးကို အကြံပေးတတ်တာ။
၁၃။ ကိုယ်ပျော်ရွှင်ချိန်မှာ ကိုယ့်ထက် နှစ်ဆပျော်လို့၊ ကိုယ်ဝမ်းနည်းကြေကွဲချိန်မှာ မားမားမတ်မတ်ရပ်တည်ရင်း နှစ်သိမ့်အားပေးနိုင်တာ။
မိန်းကလေးတွေဆိုတာ ချစ်စိတ်တခုပူးကပ်ခြင်းခံရတဲ့အခါ သူမတူတဲ့သတ္တိတွေ အလိုလိုပေါက်ဖွားလာ တတ်ကြပေမဲ့ ကိုယ့်ချစ်သူရဲ့ အယုအယအနွံအတာကို ခံယူချင်ကြသော ထိခိုက်လွယ်ပန်းလေးတွေပဲဖြစ် ပါတော့တယ်။ ချစ်သူတိုင်း အပေးအယူမျှသောချစ်ခြင်းများဖြင့် ဘဝတသက်တာ ပျော်ရွှင်နိုင်ကြပါစေ….။
Ref; rsgoals
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.