ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့် ဆောင်းတွင်းဆိုတာကို အပြည့်အ၀ အသုံးချပြီး ဖက်ရှင်ကျွေးမယ်ဆို ကျွေးလို့ရတယ်နော်။ ခုပြောမယ့် ဖက်ရှင်က လည်သာဂျက်ကတ်တွေကို အထာကျအောင် ဘယ်လိုဝတ်ရမလဲ ဆိုတာကိုပါ။ ရန်ကုန်မှာ မ၀တ်ဖြစ်ရင်တောင် ခရီးတွေဘာတွေ ထွက်တဲ့အခါ လည်သာဂျက်ကတ်တွေက အသုံးဝင်တာမို့ တစ်ချက်လောက် ကြည့်လိုက်ပါဦး။
၁။လည်သာဂျက်ကတ်နဲ့ တွဲဝတ်မယ့် အဆင်တန်ဆာတွေကို သေချာရွေးချယ်ပါ။
ကိုယ့်စတိုင်က အမိုက်စားဖြစ်နေပြီ။ လည်သာဂျက်ကတ်နဲ့ တွဲဝတ်မယ့် လက်ကောက်၊ ဟန်းချိန်းနဲ့ ဆွဲကြိုးတွေကလည်း လည်သာနဲ့လိုက်ဖက်မယ်ဆိုရင်တော့ ပြောစရာမလိုတော့အောင် ဂေါ်နေပြီပေါ့။
၂။စကတ်နဲ့ဝတ်ဆင်မယ်ဆိုရင် အရှည်ထက် အတိုတွေက ပိုလိုက်ဖက်ပါတယ်။
လည်သာဂျက်ကတ်နဲ့ဆိုရင် စကတ်ရှည်တွေထက် စကတ်အတို၊ ဒါမှမဟုတ် dress အကျပ်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။ စကတ်အရှည်တွေ ၀တ်မယ်ဆိုရင်တော့ အဆင်ကို သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။
၃။ဂျက်ကတ်ကို rivet ဒီဇိုင်းတွေနဲ့ ၀တ်မယ်ဆို ဖိနပ်ကို ဂရုစိုက်ဖို့လိုပါပြီ။
ဂျက်ကတ်ကို ဒီဇိုင်းထွင်ထားပြီဆိုရင်တော့ ဖိနပ်ကို နည်းနည်းရွေးချယ်ဝတ်ဖို့ လိုပါပြီ။ အရမ်းရှုပ်ပွနေတဲ့ အပြင်အဆင်တွေကို ရှောင်ပြီး အမိုက်စားဝတ်လိုက်ပါ။
၎။Floral ဒီဇိုင်းတွေနဲ့ လည်သာ လိုက်ဖက်ညီပါတယ်။
မိန်းကလေးဆန်တဲ့ Floral ဒီဇိုင်းတွေကလည်း လည်သာဂျက်ကတ်တွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ရွေးချယ်တဲ့ အ၀တ်အစားဒီဇိုင်းသာ ဒိတ်အောက်မနေပါစေနဲ့။
၅။ဘောင်းဘီတိုနဲ့ဆိုရင် အသားကပ်ဘောင်းဘီ၊ stocking တွေနဲ့ တွဲဝတ်ပါ။
လည်သာဂျက်ကတ်နဲ့ ဘောင်းဘီတိုနဲ့ တွဲဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ဘောင်းဘီတိုအောက်မှာ stocking ဒါမှမဟုတ် အသားကပ်ဘောင်းဘီတစ်ခုခုကို တွဲဝတ်ပါ။
Ref:lookbook.nu