လွယ်လွယ်ကူကူဖက်ထုပ်ထုပ်စားကြမယ်

ဒီအခါမှာတော့ လူကြီးတွေသာမက ကလေးလေးတွေပါ အရမ်းကို ကြိုက်ကြတဲ့ ဖက်ထုပ်ပြုတ်လေးကို ပြုလုပ်တဲ့ နည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

လိုအပ်တာတွေကတော့ကတော့

ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ချင်း၊ ဆား၊ သကြား၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ဟင်းခတ်မှုန့်၊ နှမ်းဆီ၊ တရုတ်မဆလာ၊ ပဲငံပြာရည်အပျစ်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ပဲငံပြာရည်အကြည်နှင့် ဖက်ထုပ်ရွက်တို့ လိုအပ်ပါတယ်။

ပထမဆုံး ကြက်သားကို ရေဆေးပြီး နုတ်နုတ်စင်းထားပါ။ ချင်း၊ ကြက်သွန်ဖြူ တို့ကို အခွံနွှာပြီး ကြိတ်ထားပါ။ ကြက်ဥကို အနှစ်ကိုဖယ်ပြီး အကာတွေချည်းပဲ ယူထားပါ။

ပြီးလျှင် ဇလုံတစ်ခုထဲသို့ ကြက်သားစင်းထားတာတွေထည့်ပါ။ အဲ့ဒီနောက်မှာတော့ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ တရုတ်မဆလာတို့ထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးရင် ကြက်ဥအကာတွေကို ထည့်ပြီး သမအောင်မွှေပေးပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် နယ်နှပ်ထားတဲ့ အသားတွေကို ဖက်ထုပ်ရွက်နဲ့ ထုပ်ရမှာဖြစ်ပါတယ်။ ဖက်ထုပ်ရွက်က မာနေတာမို့ အသားနဲ့မထုပ်ခင်မှာ ရေစိမ်ထားရပါမယ်။

ပြီးလျှင် ပန်းကန်ပြားတစ်ချပ်ထဲသို့ ဖက်ထုပ်ရွက်ကိုထည့်ပြီး အပေါ်ကနေ ရေဖြန်းပေးပါ။ အရွက်ပျော့သွားတဲ့အခါ အဆာပလာများကို ဇွန်းဖြင့် ယင်းအရွက်ထဲသို့ထည့်၍ ဖက်ထုပ်ရွက်လေးတွေကို နှုတ်ခမ်းပြီး ထုပ်ထားလိုက်ပါ။ ကိုယ်လိုချင်တဲ့ အထုပ်အရေအတွက်ရအောင် ထုပ်ပြီးရင်တော့ ရပါပြီ။

ပြီးနောက် အိုးတစ်လုံးထဲသို့ ကြက်ရိုးပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။ အရိုးပြုတ်အိုးပွက်လာပြီဆိုတာနဲ့ ဖက်ထုပ်လေးတွေကိုထည့်ပြီး အဖုံးမအုပ်ဘဲ ပြုတ်လိုက်ပါ။

မိနစ်အနည်းကြာချိန်တွင် ဟင်းအိုးထပ်ပွက်ပြီဆိုရင်တော့ ဖက်ထုပ်လေးတွေ နူးနေလောက်ပါပြီ။ အဲဒီအချိန်ရောက်ရင်တော့ ဖက်ထုပ်ပြုတ်ကို ပန်းကန်ထဲပြောင်းထည့် အပေါ်ကနေ ကြက်သွန်ဖြူကြော်လေးထည့်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး ဖက်ထုပ်ပြုတ် ပူပူနွေးနွေးလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။


Ref;FOODIE

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.