မျှော်လင့်မထားမိခဲ့တဲ့ အခြေအနေကြောင့် ရိုက်ကူးရေးရပ်ပစ်ခဲ့ရတဲ့ K-Drama ဇာတ်လမ်းတွဲများ

အခုပြောပြမယ့် ဇာတ်လမ်းတွဲတွေကတော့ ရိုက်ကူးရေး ရိုက်နေစဉ်အတွင်းမှာပဲ ပြဿနာအနည်းငယ်ရှိခဲ့တာကြောင့် ရိုက်ကူးရေးကို ရပ်ပစ်ခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

1. Chimera

ဒီဇာတ်ကားကို ရိုက်ကူးရေးလုပ်နေတဲ့ကာလအတွင်းမှာပဲ ဇာတ်ညွှန်းရေးဆရာက ဝန်ထမ်းတစ်ဦးအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုရှိခဲ့တာကြောင့် Chimera ရိုက်ကူးရေးကို ရပ်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီလိုဖြစ်အပြီးမှာတော့ ဇာတ်ညွှန်းရေးဆရာနှင့် ဝန်ထမ်း၊နှစ်ဦးလုံးကို ထုတ်ပစ်ခဲ့ပါတယ်။

2. Return


ဒီဇာတ်လမ်းမှာတော့ မင်းသမီး Go Hyun Jung နဲ့ ဒါရိုက်တာတို့ အငြင်းပွားမှု နဲနဲရှိခဲ့ပြီး ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။နောက်မှာတော့ အဲ့ဒီအငြင်းပွားမှုတွေဖြစ်ခဲ့ပေမယ့်လည်း Go Hyun Jung နဲ့ပဲ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။

3. Spy Myung Wol


Spy Myung Wol အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Han Ye Seul ကတော့ ရိုက်ကူးရေးကာလအတွင်းမှာပဲ ပြည်ပကို ထွက်ခွာခဲ့တာကြောင့် ရိုက်ကူးရေးကို ရပ်နားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ တောင်ကိုရီးယားကို ပြန်လာပြီး သူမလုပ်ခဲ့တဲ့အပြုအမူတွေအတွက် တောင်းပန်ခဲ့ပါတယ်။

4. 20th Century Boy And Girl


ဒီဇာတ်လမ်းလေးကတော့ production ကုမ္ပဏီတစ်ခုကသပိတ်မှောက်ခဲ့တာကြောင့် ရပ်နားခဲ့ရတာပါ။ သပိတ်မှောက်ရတဲ့အကြောင်းအရင်းကတော့ MBC ရဲ့ဥက္ကဋ္ဌကို ရာထူးမှနုတ်ထွက်စေချင်ကြတာပဲဖြစ်ပါတယ်။ ကိုရီးယားရဲ့အဓိကထုတ်လွှင့်မှုလိုင်းအများစုက သမ္မတ Park Geun Hye ရဲ့ အာဏာအလွဲသုံးစားမှုနဲ့ ပတ်သတ်ပြီး စနစ်တကျအစီရင်ခံခြင်းမရှိခဲ့လို့ပါလို့ သိရပါတယ်။

5. Wolf


Wolf ဇာတ်လမ်းလေးရိုက်ကူးနေတုန်းမှာပဲ သရုပ်ဆောင်တချို့ ဒဏ်ရာရရှိခဲ့တာကြောင့် ရိုက်ကူးရေးကို ရပ်နားလိုက်ပြီး ဒဏ်ရာပြန်လည်သက်သာလာတော့မှ ပြန်လည်ရိုက်ကူးကြဖို့ အစီအစဉ်ဆွဲခဲ့ကြတာပါ။

6. Crash Landing On You


ဒီဇာတ်လမ်းလေးရိုက်ကူးနေစဉ်မှာ ရာသီဥတုအရမ်းအေးတာကြောင့် ရိုက်ကူးရေးကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။

7. Hi Bye, Mama


ဇာတ်လမ်းရိုက်ကူးနေစဉ်အတောအတွင်းမှာ ဝန်ထမ်းတစ်ယောက် Covid-19 ဗိုင်းရပ်စ် ခံစားနေရတယ်လို့ သိခဲ့ရပြီး ရိုက်ကူးရေးခေတ္တနားခဲ့ရတဲ့ အထဲမှာ Hi Bye, Mama ဆိုတဲ့ ဒရမ်မာဇာတ်လမ်းလေးလဲပါပါတယ်။
Ref;Koreaboo

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.