ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ နားေထာင္တတ္သူေကာင္းျဖစ္သင့္တဲ့ အေၾကာင္းရင္းမ်ား

စုံတြဲေတြအမ်ားစုဟာ သူတို႔ဆက္ဆံေရးမွာ အမ်ားဆုံးႀကဳံတြ႕ရတာေတြကေတာ့ တစ္ဦးနဲ႔တစ္ဦး စကားေျပာဆိုမႈ လြဲမွားၾကတာမ်ိဳးေတြပါ။ ဒီလိုလြဲမွားမႈဟာ ခ်စ္သူဆက္ဆံေရးကို ထိခိုက္ေစပါတယ္။ ဆိုလိုတာက ခ်စ္သူပါးစပ္က ထြက္သမွ် စကားကို ၾကားရင္ ၿပီးေရာဆိုတဲ့ သေဘာမ်ိဳး မဟုတ္ဘဲ ရင္ထဲက လႈိက္လႈိက္လွဲလွဲနဲ႔ ေသခ်ာနားလည္ေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။
သင့္ခ်စ္သူက သင့္ကို ေျပာခ်င္ေနတာက ဘာေတြမ်ားလဲ။

၁) အေသးအဖြဲ႕အေၾကာင္းေလးေတြ
ဥပမာ – ခ်စ္သူက ေန႔စဥ္ျဖစ္ပ်က္ေနတဲ့ အေၾကာင္းေတြကို သင့္ကို ေျပာျပခ်င္မွာပါ။ ဒါေတြက အေရးမပါဘူးလို႔ထင္ၿပီး ဂ႐ုတစိုက္ နားေထာင္ေပးတာမ်ိဳးေတြ မရွိရင္ေတာ့ သင့္ခ်စ္သူက သင္ဟာ ပုံမွန္အေျခအေန ကိစၥေတြကိုေတာင္ လ်စ္လ်ဴရႈတတ္သူလို႔ ထင္ၿပီး နာက်င္ခံစားၾကရပါလိမ့္တယ္။

၂) သူတို႔ရဲ႕ခံစားခ်က္ေတြ
မိမိခံစားခ်က္ကို ခ်စ္သူကိုေတာ့ ရင္ဖြင့္တိုင္ပင္ခ်င္ၾကပါတယ္။ ဒါကို ေသခ်ာနားေထာင္ေပးမယ္ ဆိုရင္ျဖင့္ ကိုယ္ခ်စ္တဲ့သူ တစ္ေယာက္မွာ ဘယ္လိုခံစားတတ္ေၾကာင္း သိရွိလာတဲ့ အတြက္ ခ်စ္သူအေၾကာင္း ပိုသိခြင့္ရလာမွာပါ။

၃) သူတို႔ရဲ႕သံသယေတြ
စကားေျပာရမွာ အဖုအထစ္ေလးေတြ ရွိလာလို႔ႏွစ္ေယာက္လုံးက စိတ္ရွင္းေအာင္ ဖြင့္ထုတ္ေမးခ်င္ၾကမွာပါ။ ဒီလိုလုပ္ရာမွာ ကိုယ့္ရဲ႕သံသယစိတ္ကိုပဲ ေျပာၿပီး ခ်စ္သူဆီက စကားကို နားမေထာင္တာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။

၄) သူတို႔ရဲ႕ေစာဒကတက္မႈေတြ
ဥပမာ – ခ်စ္သူက သူ႔အျမင္မွာ သင္ဟာ အမွားတစ္ခုခု လုပ္တယ္လို႔ျမင္ေၾကာင္း ေစာဒကတတ္ ေျပာပါလိမ့္မယ္။ ဒီအခါမွာ မိမိက အရင္ခုခံတဲ့ အေျပာအဆိုကို ေရွာင္ရွားၿပီး ခ်စ္သူေျပာတာကို ေအးေအးသက္သာ ဆုံးေအာင္ နားေထာင္ေပးလိုက္ပါ။ ၿပီးမွသာ သူ႔ရဲ႕ ေျပာဆိုခ်က္ဟာ မွန္သည္၊မွားသည ္ေဝဖန္ပိုင္းျခားၿပီး အတူတကြ ေျဖရွင္းပါ။

၅)သူတို႔ရဲ႕ခ်ီးက်ဴးမႈေတြ
ဥပမာ -သင့္ခ်စ္သူက သင့္ကို ဘယ္ေလာက္ခ်စ္ခင္ျမတ္ႏိုးေၾကာင္း ေဖာ္ထုတ္ေျပာတဲ့အခါ သင္က ဂ႐ုတစိုက္ နားမေထာင္ျပတာဟာ ႏွစ္ဦးဆက္ဆံေရးကို ထိခိုက္ေစပါတယ္။

[ Unicode ]

စုံတွဲတွေအများစုဟာ သူတို့ဆက်ဆံရေးမှာ အများဆုံးကြုံတွ့ရတာတွေကတော့ တစ်ဦးနဲ့တစ်ဦး စကားပြောဆိုမှု လွဲမှားကြတာမျိုးတွေပါ။ ဒီလိုလွဲမှားမှုဟာ ချစ်သူဆက်ဆံရေးကို ထိခိုက်စေပါတယ်။ ဆိုလိုတာက ချစ်သူပါးစပ်က ထွက်သမျှ စကားကို ကြားရင် ပြီးရောဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ သေချာနားလည်အောင် ကြိုးစားဖို့ လိုပါတယ်။
သင့်ချစ်သူက သင့်ကို ပြောချင်နေတာက ဘာတွေများလဲ။

၁) အသေးအဖွဲ့အကြောင်းလေးတွေ
ဥပမာ – ချစ်သူက နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို သင့်ကို ပြောပြချင်မှာပါ။ ဒါတွေက အရေးမပါဘူးလို့ထင်ပြီး ဂရုတစိုက် နားထောင်ပေးတာမျိုးတွေ မရှိရင်တော့ သင့်ချစ်သူက သင်ဟာ ပုံမှန်အခြေအနေ ကိစ္စတွေကိုတောင် လျစ်လျူရှုတတ်သူလို့ ထင်ပြီး နာကျင်ခံစားကြရပါလိမ့်တယ်။

၂) သူတို့ရဲ့ခံစားချက်တွေ
မိမိခံစားချက်ကို ချစ်သူကိုတော့ ရင်ဖွင့်တိုင်ပင်ချင်ကြပါတယ်။ ဒါကို သေချာနားထောင်ပေးမယ် ဆိုရင်ဖြင့် ကိုယ်ချစ်တဲ့သူ တစ်ယောက်မှာ ဘယ်လိုခံစားတတ်ကြောင်း သိရှိလာတဲ့ အတွက် ချစ်သူအကြောင်း ပိုသိခွင့်ရလာမှာပါ။

၃) သူတို့ရဲ့သံသယတွေ
စကားပြောရမှာ အဖုအထစ်လေးတွေ ရှိလာလို့နှစ်ယောက်လုံးက စိတ်ရှင်းအောင် ဖွင့်ထုတ်မေးချင်ကြမှာပါ။ ဒီလိုလုပ်ရာမှာ ကိုယ့်ရဲ့သံသယစိတ်ကိုပဲ ပြောပြီး ချစ်သူဆီက စကားကို နားမထောင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

၄) သူတို့ရဲ့စောဒကတက်မှုတွေ
ဥပမာ – ချစ်သူက သူ့အမြင်မှာ သင်ဟာ အမှားတစ်ခုခု လုပ်တယ်လို့မြင်ကြောင်း စောဒကတတ် ပြောပါလိမ့်မယ်။ ဒီအခါမှာ မိမိက အရင်ခုခံတဲ့ အပြောအဆိုကို ရှောင်ရှားပြီး ချစ်သူပြောတာကို အေးအေးသက်သာ ဆုံးအောင် နားထောင်ပေးလိုက်ပါ။ ပြီးမှသာ သူ့ရဲ့ ပြောဆိုချက်ဟာ မှန်သည်၊မှားသည ်ဝေဖန်ပိုင်းခြားပြီး အတူတကွ ဖြေရှင်းပါ။

၅)သူတို့ရဲ့ချီးကျူးမှုတွေ
ဥပမာ -သင့်ချစ်သူက သင့်ကို ဘယ်လောက်ချစ်ခင်မြတ်နိုးကြောင်း ဖော်ထုတ်ပြောတဲ့အခါ သင်က ဂရုတစိုက် နားမထောင်ပြတာဟာ နှစ်ဦးဆက်ဆံရေးကို ထိခိုက်စေပါတယ်။

 

Ref; rsgoals

 

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.