[ Unicode ]
လက်ဖက်ရည်ကြမ်းကို သောက်သင့်လား၊ မသောက်သင့်ဘူးလားဆိုတာ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ရအောင်လား။
၁။ လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်ပေးပါတယ်။
၂။ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.
၃။ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်။ တစ်ရက်ကို ကယ်လိုရီ ၇၀ ကို လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်။
၄။ မျက်နှာပြင်အရေးအကြောင်းများကို ဖြစ်ပေါ်စေခြင်း ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အရေပြားကိုလည်း ခန္ဓာကိုယ်ပြင်ပမှ ဘက်တီးရီးယားများ ဝင်ရောက်ခြင်းမှာ အကာအကွယ်ပေးနိုင်ပါတယ်။
၅။ အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်။
၆။ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော level ကို ထိန်းညှိပေးနိုင်ပါတယ်။
၇။ ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။
၈။ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် အအေးမိခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတွင်း ဖိအားမြင့်တက်ခြင်း စသည်တို့ကို ကာကွယ်ပေးနိုင်ပါတယ်။
၉။ အစာအဆိပ်ဖြစ်သော ဘက်တီးရီးယားများကို ပျက်စီးစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တက်စေခြင်း၊ သွားအတွင်းရှိ အညစ်အကြေးများ ဘက်တီးရီးယားများကိုသန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း၊စိတ်ဖိစီးမှုကို လျှော့ပါး သက်သာစေပါတယ်။
ဒါကြောင့်လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ်သောက်သုံးသင့်ပါကြောင်း။
Ref; goodhealth
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.