ပျောက်ဆုံးနေတဲ့ ဆိုးလ်မြို့တော်ဝန်ကြီးရဲ့ အလောင်းပြန်တွေ့

မြို့တော်ဝန်ကြီး သမီး ရဲစခန်းကို အကြောင်းကြားတဲ့အချိန်က အခုအထိဆို ၇ နာရီကျော်နေပါပြီ။
မြို့တော်ဝန်ကြီး ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ယုံကြည်ကြတဲ့ တစ်ချို့ သတင်းထောက်တွေက ဆိုလ်းတက္ကသိုလ် ဆေးရုံကြီး ရဲ့ အရေးပေါ်လူနာအခန်းရှေ့မှာ အဆင်သင့် စောင့်ပြီး live လွှင့်နေကြတယ်။

နောက်ဆုံး မြို့တော်ဝန်ကြီးရဲ့ အလောင်းကို ဘူဂတောင်မှာတွေ့လိုက်ရတယ်။
ည ၁၂ နာရီလောက်မှာ sniffer ရဲခွေးတွေက မြို့တော်ဝန်ကြီးရဲ့ ပစ္စည်းတစ်ချို့ကို အရင် အနံ့ရပြီး ဆက်ရှာကြတော့ မီတာ ၁၀၀ လောက်အကြာမှာ အလောင်းတွေ့လိုက်ရတာပါပဲ။
တောင်ကိုရီးယား၊ ဆိုးလ်မြို့ရဲ့ မြောက်ပိုင်းအစွန်အဖျားမှာရှိ​တဲ့တောင်ကြားမှာ..။
Bugaksan Mountain (북악산)
( အခုပဲ သတင်းတက်လာလို့ Edit လုပ်လိုက်ပါတယ်။)

မြို့တော်ဝန်ကြီးက ဒီနေ့ နေမကောင်းလို့ဆိုပြီး ဒီနေ့( ဇူလိုင်လ ၉ ရက်၊၂၀၂၀ ပြည့်နှစ်) နဲ့ မနက်ဖြန်အလုပ်မဆင်းဘူးတဲ့။
နေမကောင်းဘူးလို့လည်း ပြောသေးတယ် ..တောင်တက်တဲ့ အဝတ်အစားတွေနဲ့ သူ အပြင်ထွက်တယ်။
မြို့တော်ဝန်ကြီး အပြင်ထွက်သွားတာမနက် ၁၀ နာရီ ၄၄ မိနစ်။
“ အဖေက အိမ်ကမထွက်ခင် ပြောသွားတဲ့ စကားက တစ်မျိုးကြီးပဲ..”

သမီးက စိတ်ထင့်နေလို့ ဖုန်းဆက်လိုက်တော့ ဖုန်းမကိုင်။ နောက်ပိုင်း ဖုန်းပိတ်လိုက်တယ်။
မြို့တော်ဝန်ကြီးက ဒီလို ဖုန်းပိတ်ပြီး အပြင်သွားလေ့မရှိပါ..။

ဖုန်းလည်းမကိုင်တာ ၄-၅ နာရီလောက်ကြာတော့ မြို့တော်ဝန်ရဲ့သမီးက အတော့်ကိုစိတ်ပူနေပြီ။
ညနေ ၃ နာရီ ၄၉ မိနစ်..
ဖုန်းတည်နေရာက ဆိုးလ်မြို့၊ Seongbuk-gu က ဖုန်းတည်နေရာအရ ပန်းခြံ ( 와룡공원 ) နားမှာပျောက်သွားတာတွေ့ရတယ်။
ဖင်လန်သံရုံးနားမှာပါ။ဖုန်းပိတ်သွားတယ်။

သမီးက နောက်ဆုံးတော့ ညနေ ၅ နာရီ ၁၇ မိနစ်မှာ ရဲစခန်းကို ဖုန်းဆက်တိုင်တယ်။

ပြည်သူတွေက ကိုယ့်ကိုယ်ကို သတ်သေတာဖြစ်မယ်လို့ သတင်းပို့စ်အောက်မှာ ကွန်မန့်တွေရေးနေခဲ့ကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဟူးနေ့က #MeToo အတိုင်ခံထားရတယ်တဲ့။
(#MeToo ဆိုတာ လိင်အစော်ကားခံရတဲ့ မိန်းကလေးတွေ ပါးစပ်ပိတ်၊ ငြိမ်ခံ မနေပဲ ရဲရဲရင့်ရင့် ထုတ်ဖော်ကြဖို့ လှုံ့ဆော်ထားတဲ့ တွန်းလှန်မှု event တစ်ခုပေါ့)
ဒီကိစ္စက မသေချာသေးပါ။
မြို့တော်ဝန်ကြီးက တကယ်ပဲ လိင်စော်ကားခဲ့လေသလား။
အမျိုးသမီးက လိမ်လည်ပြီးတိုင်တဲ့ နိုင်ငံရေးလှည့်ကွက်လေလား။
သို့လော သို့လော..။

Yonhap သတင်းအရဆို မြို့တော်ဝန်ကြီးက သေတမ်းစာ သဘောမျိုးဆောင်တဲ့ စာတစ်စောင်ရေးခဲ့တယ်ဆိုတယ်။ စာထဲမှာဘာတွေပါတယ်ဆိုတာတော့ ရဲတွေဘက်က မကြေငြာသေးပါဘူး။
ငွေကြေးချမ်းသာ၊
ဂုဏ်သရေရှိ၊
ပညာတတ်..။
မတ်လ ၂၆ ရက်၊ ၁၉၅၆ ခုနှစ်မွေး ဆိုးလ်မြို့တော်ဝန်ကြီး Park Won-soon ဟာ ရှေ့နေကြီးတစ်ယောက်ဖြစ်ပါတယ်။
ဆိုးလ်မြို့တော်ဝန်ကြီးဟာ မကြာမီကျင်းပမဲ့ ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ အလားအလာရှိသူတစ်ယောက်လည်းဖြစ်တယ် ။ ပြည်သူတွေက သူ့ကိုချစ်ကြတယ်။
သူဟာ သမ္မတ မွန်းလိုပဲ ဒီမိုကရေစီ သမ္မတ စစ်စစ်ဖြစ်လာမယ့်သူလို့လဲ ထင်မြင်ချက်ပေးအများဆုံးခံရသူဖြစ်ပါတယ်။

ဆိုလ်းမြို့ရဲ့ မြို့တော်ဝန်ဆိုတာ သမ္မတပြီးရင် အကြီးဆုံးထိပ်တန်းစာရင်းဝင်ထဲက တစ်ယောက်..။
သူ ဒီလို သေဆုံးသွားတာဟာ စိတ်ကူးယဉ်ရုပ်ရှင်တစ်ခုလို အဖြစ်အပျက်ဖြစ်တယ်။
လူတွေပြောနေကြသလို သူဟာ တကယ်ပဲ အတွင်းရေးမှုးမလေးကို နှစ်နဲ့ချီ လိင်စော်ကားမိလို့ ကိုယ့်ကိုယ်ကို သတ်သေလိုက်လေသလား။
ဒါမှမဟုတ် တစ်ယောက်ယောက်က လုပ်ကြံလေသလား။

ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှရဲအရာရှိ Choi Ik-soo က ရဲတပ်ဖွဲ့ကို ည ၁၀ နာရီ ၃၀ မိနစ်မှာ ဒုတိယ အုပ်စုက အင်အားဖြည့် ပြီးဆက်ရှာခဲ့တယ်။
အခုတော့ မြို့တော်ဝန်ကြီးရဲ့ အလောင်းကို ဘူဂတောင်မှာတွေ့လိုက်ရပြီ။
မြို့တော်ဝန်ကြီး အသက် ၆၄ နှစ်မှာ လောကကြီးကို စွန့်ခွါခဲ့။

တချို့ပြည်သူတွေလည်း မအိပ်နိုင်ကြပါဘူး။ ဒါဟာ တောင်ကိုရီးယားရဲ့ သမိုင်း အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။


Ref;Koreaboo

348 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.