၂၀၀၄ ခုနှစ်မှာမွေးဖွားပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေကြသူများ

တကယ်တော့ K-pop Idols တစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဖြစ်သွားခဲ့ပြီဆိုရင်လဲ စိန်ခေါ်မှုများစွာနဲ့ အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းကြရမှာပဲဖြစ်ပါတယ်။အနုပညာရှင်တော်တော်များများက နှစ်ပေါင်းများစွာ လေ့ကျင့်မှုတွေလုပ်ပြီးမှ ပွဲဦးထွက်ခဲ့သူတွေလဲ ရှိပါတယ်။ဒါပေမယ့်လည်း အခုပြောပြမယ့် idol တွေကတော့ ၂၀၀၄ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အသက် ၁၅နှစ် ၁၆ နှစ်နဲ့တင် သူတို့ရဲ့ Talent တွေကို ထုတ်ပြခွင့်ရရှိခဲ့ပါတယ်။

1. Wonyoung (IZ*ONE)


Wonyoung ကို ၂၀၀၄ ခုနှစ်၊သြဂုတ်လ ၃၁ ရက်နေ့မှာမွေးဖွားခဲ့တာပါ။ IZ*ONE အဖွဲ့ရဲ့ lead dancer တစ်ယောက်ဖြစ်ပြီး၊ vocalist, rapper တစ်ဦးလဲဖြစ်ပါတယ်။

IZ*ONE centre မှာ သူမရဲ့ talent ကိုထုတ်ပြခွင့်ရခဲ့ပြီး ‘Born to be Center’ လို့တောင် နာမည်ပြောင်ပေးခံခဲ့ရပါတယ်။

2. Dohyon (X1)


Dohyon ကို ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး X1 အဖွဲ့ မဖျတ်သိမ်းခင်ကတည်းက main rapper တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာပါ။ အခုဆိုရင် H&D မှာ rapper တစ်ယောက်အနေနဲ့ပဲ ဆက်လက်ရပ်တည်နေပါတယ်။

Dohyon ကတော့ training ၅ လကြာပြီးတဲ့နောက်မှာ Produce X101 နဲ့ချိတ်ဆက်ခဲ့တာပါ။

3. May (Cherry Bullet)


Cherry Bullet ရဲ့leader dancer တစ်ယောက်ဖြစ်တဲ့ May ကိုတော့ ၂၀၀၄ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

fans တွေကတော့ May ရဲ့အကတော်တော်များများကို အလွန်ကြိုက်ကြတာပါ။ သူမကလဲအရမ်းတော်ပြီး fan တွေအတွက်မရိုးနိုင်တဲ့ အကကွက်လေးတွေကို အမြဲလုပ်ပြနေတတ်သူပါ။

4. Win (MCND)


Win တစ်ယောက်ကတော့ MCND အဖွဲ့ရဲ့ lead rapper တစ်ယောက်ပါနော်။သူ့ကိုတော့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၁၉ မှာမွေးဖွားခဲ့တာပါ။

Win ကလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ် rap အမျိုးအစားကို ဆိုနိုင်တဲ့ သူလေးတစ်ယောက်ဖြစ်ပြီး အရမ်းကို ချောမောတဲ့သူတွေထဲမှာလဲ ပါပါတယ်နော်။

5. Jaehee (Weeekly)


Jaehee ကို ၂၀၀၄ ခုနှစ်၊မတ်လ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး Weeekly ရဲ့ lead rapperနဲ့ vocalist တစ်ယောက်ဖြစ်ပါတယ်။

Win လိုပါပဲ သူမကလဲ rap အတော်များများကို ဆိုနိုင်သူလေးဖြစ်ပြီး အောင်မြင်နေတဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ်။

6. Jihan (Weeekly)


Jihan ကို ၂၀၀၄ ခုနှစ်၊ ဇူလိုင် ၁၂ ရက်နေ့မှာမွေးဖွားခဲ့တာပါ။ သူမလဲ Weeekly ရဲ့ lead vocalist နှင့် lead dancer တစ်ဦးဖြစ်ပါတယ်။

7. Jinwoo (TEEN TEEN)


TEEN TEEN ရဲ့ main rapper၊ main dancer နှင့် vocalist တစ်ဦးဖြစ်တဲ့ Jinwoo ကိုတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ Jinwoo ကတော့ traning ၅ လကြာပြီးနောက်မှာ ပွဲဦးထွက်ခဲ့တာပါ။

8. Lucy (woo!ah!)


Lucy တစ်ယောက်ကတော့ woo!ah! အဖွဲ့ရဲ့ main rapper နဲ့ lead dancer တစ်ဦးဖြစ်ပါတယ်။သူမအဆိုတော်တစ်ယောက်မဖြစ်ခင် ကလေးသရုပ်ဆောင်အနေနဲ့ လုပ်ခဲ့ပါသေးတယ်။

9. Minseo (woo!ah!)


Minseo တစ်ယောက်ကိုတော့ ၂၀၀၄ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့မှာမွေးဖွားခဲ့တာပါ။ Minseo တစ်ယောက်ကတော့ woo!ah! အဖွဲ့ရဲ့ main vocalist နှင့် lead dancer တစ်ဦးဖြစ်ပါတယ်။

10. Songyee (woo!ah!)


woo!ah! ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Songyee ကတော့ vocalist နဲ့ rapper တစ်ယောက်ဖြစ်ပါတယ်။သူမကိုတော့ ၂၀၀၄ ခုနှစ်၊စက်တင်ဘာ ၂၅ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။

Ref;Koreaboo

607 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.