အေနေဝးတဲ့ ခ်စ္သူေတြ ဘာေၾကာင့္ အဆင္မေျပျဖစ္ရတာလဲ

စိတ္မရွည္တာေရာ၊ တျခားဦးစားေပးရမွာေတြ မ်ားေနတဲ့ ဘဝမွာ လူေတြဟာ မၾကာခဏဆိုသလို ခ်စ္တတ္ၿပီး အခ်စ္ေတြလည္း ကုန္ခမ္းသြားတတ္ၾကပါတယ္။ ဒါေၾကာင့္ အေနေဝးေနရတဲ့ ခ်စ္သူေတြ အဆင္မေျပရတဲ့ အေၾကာင္းအရင္းေတြကို သိရွိၿပီး နားလည္မႈေတြပိုရၾကေစဖို႔ Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။

၁။ စိတ္မခ်ျဖစ္ျခင္း
ကိုယ့္လက္တြဲေဖာ္အေပၚမွာ သံသယေတြ ယုံၾကည္မႈကင္းမဲ့ျခင္းေတြ ထားရွိတာက မေကာင္းပါဘူး။ အဆင္ေျပေခ်ာေမြ႕တဲ့ relationship ရဖို႔အတြက္ဆိုရင္ ကိုယ့္လက္တြဲေဖာ္အေပၚ စိတ္ခ်လက္ခ်ရွိၿပီး ယုံၾကည္ေပးပါ။

၂။ အေပါင္းအသင္း အသစ္မ်ား
ခ်စ္သူနဲ႔ ေဝးကြာေနတဲ့အခါ ကိုယ္ကလည္း အေပါင္းအသင္းအသစ္ေတြနဲ႔ ေတြ႕မယ္၊ သူတို႔နဲ႔ အခ်ိန္ကုန္တာမ်ားေနၿပီး သူတို႔ကိုခင္တြယ္လာႏိုင္ပါတယ္။ ဒီအေၾကာင္းအရင္းကလည္း ေဝးကြာေနတဲ့ခ်စ္သူနဲ႔ အဆင္မေျပေစတဲ့ အခ်က္ပါ။

၃။ အထီးက်န္ေစတဲ့ ခံစားခ်က္
ခ်စ္သူက အေဝးမွာဆိုရင္ ေန႔တိုင္းအနည္းဆုံး တစ္ႀကိမ္ေတာ့ စကားေျပာသင့္ပါတယ္။ မဟုတ္ရင္ အထီးက်န္တဲ့စိတ္ႀကီးက ကိုယ့္ကိုဝါးၿမိဳသြားပါလိမ့္မယ္။ ဒီအခ်က္ကလည္း ခ်စ္သူနဲ႔အဆင္မေျပေစတဲ့ အေၾကာင္းတစ္ခ်က္ပါ။

၄။ အလုပ္မ်ားျခင္း
အလုပ္မ်ားေနတာက မေကာင္းတာေတာ့မဟုတ္ပါဘူး။ ဒါပမယ့္ ကိုယ့္ခ်စ္သူအတြက္ေတာင္ အခ်ိန္မေပးႏိုင္ရင္ relationship ႀကီးကို ထိခိုက္ေစၿပီး လုံးဝကို ပ်က္စီးသြားေစႏိုင္ပါတယ္။

၅။ အာ႐ုံပ်ံ႕လြင့္စရာမ်ား
ကိုယ့္အေဝးက ခ်စ္သူနဲ႔ အဆင္မေျပ မျဖစ္ခ်င္ဘူးဆိုရင္ ကိုယ္ဘာလုပ္ေနတယ္ဆိုတာကို အၿမဲသတိထားပါ။ ကိုယ့္ကိုယ္ကို ေနရာတကာ အလိုမလိုက္မိေစပါနဲ႔။

၆။ ခံစားခ်က္ပိုင္းဆိုင္ရာ ေထာက္ခံအားေပးမႈ
ခ်စ္သူႏွစ္ဦးၾကားမွာ အကြာအေဝးေလး ျခားလာၿပီဆိုရင္ေတာ့ ခံစားခ်က္ပိုင္းဆိုင္ရာ ေထာက္ခံအားေပးမႈက်ဆင္းလာႏိုင္ပါတယ္။ ဒီလိုျဖစ္ျခင္းကေန လ်စ္လ်ဴရႈခံေနရသလို၊ ေရွာင္ဖယ္ခံေနရသလို ခံစားခ်က္ေတြ ဝင္လာႏိုင္ပါတယ္။ တျဖည္းျဖည္း လက္တြဲျဖဳတ္လိုက္ရတဲ့ထိ ရလဒ္ထြက္ေပၚလာေစႏိုင္ပါတယ္။

၇။ အၿမဲတမ္း စကားမ်ားရန္ျဖစ္ေနျခင္း
အေနေဝးေနတဲ့ ခ်စ္သူစုံတြဲအမ်ားစုက စကားမ်ားတတ္ၾကပါတယ္။ ဒီအတြက္ အႀကံေပးပါဆိုရင္ မၾကာခဏေတြ႕ဆုံပါ၊ ပုံမွန္ဖုန္းဆက္ပါ၊ ၿပီးေတာ့ စကားမ်ား ရန္ျဖစ္တာကို ေရွာင္ပါ။

ခ်စ္သူတိုင္း ေ႐ႊလက္တြဲၿပီး ခိုင္ၿမဲၾကပါေစ။

[ Unicode ]

စိတ်မရှည်တာရော၊ တခြားဦးစားပေးရမှာတွေ များနေတဲ့ ဘဝမှာ လူတွေဟာ မကြာခဏဆိုသလို ချစ်တတ်ပြီး အချစ်တွေလည်း ကုန်ခမ်းသွားတတ်ကြပါတယ်။ ဒါကြောင့် အနေဝေးနေရတဲ့ ချစ်သူတွေ အဆင်မပြေရတဲ့ အကြောင်းအရင်းတွေကို သိရှိပြီး နားလည်မှုတွေပိုရကြစေဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။

၁။ စိတ်မချဖြစ်ခြင်း
ကိုယ့်လက်တွဲဖော်အပေါ်မှာ သံသယတွေ ယုံကြည်မှုကင်းမဲ့ခြင်းတွေ ထားရှိတာက မကောင်းပါဘူး။ အဆင်ပြေချောမွေ့တဲ့ relationship ရဖို့အတွက်ဆိုရင် ကိုယ့်လက်တွဲဖော်အပေါ် စိတ်ချလက်ချရှိပြီး ယုံကြည်ပေးပါ။

၂။ အပေါင်းအသင်း အသစ်များ
ချစ်သူနဲ့ ဝေးကွာနေတဲ့အခါ ကိုယ်ကလည်း အပေါင်းအသင်းအသစ်တွေနဲ့ တွေ့မယ်၊ သူတို့နဲ့ အချိန်ကုန်တာများနေပြီး သူတို့ကိုခင်တွယ်လာနိုင်ပါတယ်။ ဒီအကြောင်းအရင်းကလည်း ဝေးကွာနေတဲ့ချစ်သူနဲ့ အဆင်မပြေစေတဲ့ အချက်ပါ။

၃။ အထီးကျန်စေတဲ့ ခံစားချက်
ချစ်သူက အဝေးမှာဆိုရင် နေ့တိုင်းအနည်းဆုံး တစ်ကြိမ်တော့ စကားပြောသင့်ပါတယ်။ မဟုတ်ရင် အထီးကျန်တဲ့စိတ်ကြီးက ကိုယ့်ကိုဝါးမြိုသွားပါလိမ့်မယ်။ ဒီအချက်ကလည်း ချစ်သူနဲ့အဆင်မပြေစေတဲ့ အကြောင်းတစ်ချက်ပါ။

၄။ အလုပ်များခြင်း
အလုပ်များနေတာက မကောင်းတာတော့မဟုတ်ပါဘူး။ ဒါပမယ့် ကိုယ့်ချစ်သူအတွက်တောင် အချိန်မပေးနိုင်ရင် relationship ကြီးကို ထိခိုက်စေပြီး လုံးဝကို ပျက်စီးသွားစေနိုင်ပါတယ်။

၅။ အာရုံပျံ့လွင့်စရာများ
ကိုယ့်အဝေးက ချစ်သူနဲ့ အဆင်မပြေ မဖြစ်ချင်ဘူးဆိုရင် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို အမြဲသတိထားပါ။ ကိုယ့်ကိုယ်ကို နေရာတကာ အလိုမလိုက်မိစေပါနဲ့။

၆။ ခံစားချက်ပိုင်းဆိုင်ရာ ထောက်ခံအားပေးမှု
ချစ်သူနှစ်ဦးကြားမှာ အကွာအဝေးလေး ခြားလာပြီဆိုရင်တော့ ခံစားချက်ပိုင်းဆိုင်ရာ ထောက်ခံအားပေးမှုကျဆင်းလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းကနေ လျစ်လျူရှုခံနေရသလို၊ ရှောင်ဖယ်ခံနေရသလို ခံစားချက်တွေ ဝင်လာနိုင်ပါတယ်။ တဖြည်းဖြည်း လက်တွဲဖြုတ်လိုက်ရတဲ့ထိ ရလဒ်ထွက်ပေါ်လာစေနိုင်ပါတယ်။

၇။ အမြဲတမ်း စကားများရန်ဖြစ်နေခြင်း
အနေဝေးနေတဲ့ ချစ်သူစုံတွဲအများစုက စကားများတတ်ကြပါတယ်။ ဒီအတွက် အကြံပေးပါဆိုရင် မကြာခဏတွေ့ဆုံပါ၊ ပုံမှန်ဖုန်းဆက်ပါ၊ ပြီးတော့ စကားများ ရန်ဖြစ်တာကို ရှောင်ပါ။

ချစ်သူတိုင်း ရွှေလက်တွဲပြီး ခိုင်မြဲကြပါစေ။

Ref; rsgoals

 

364 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.