ရွဴးရွဲၾကက္သံပုရာေပါင္းနည္း

ၾကက္ေပါင္အိအိေလးကို ရွဴးရွဴးရွဲရွဲေလးနဲ႔ အရသာရွိရွိ ဆြဲၾကည့္ဖုိ႔ ရွဴးရွဲၾကက္သံပုရာေပါင္းနည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ၾကက္ေပါင္
၂။ ဆား
၃။ သံပုရာသီး
၄။ ခ်င္း(ဂ်င္း)
၅။ ၾကက္သားမႈန္႔
၆။ ငံျပာရည္
၇။ ထန္းလ်က္ (သို႔) သၾကား
(ထန္းလ်က္မႀကိဳက္ရင္ သၾကားကို အစားထိုးသံုးလို႔ ရပါတယ္ )

ျပဳလုပ္နည္း
၁။ အရင္ဆံုးျကက္ေပါင္တစ္ခုလံုးကို ဆားနဲ႔သံပုရာသီးအရည္ညွစ္ျပီးသမေအာင္ပြတ္ျပီး ေဆးေပးရပါမယ္။

၂။ အညွီနံ႔ေတြေပ်ာက္ျပီဆို ဂ်င္းကိုေထာင္းရလာတဲ႔အရည္ကို ျကက္ေပါင္ရဲ႕ေနရာအနွံ႔ပြတ္ ျကက္သားမႈန့္ေလးလည္းေနရာအနွံ႔ပြတ္ျပီး ေပါင္းေပးရပါမယ္။

၃။ ထမင္းေပါင္းအိုးထဲေရထည့္ ေပါင္းတဲ႔အလယ္အကန့္ေလးတင္ စတီးပန္းကန္ျပားေလးထဲမွာမွ ျကက္ေပါင္ကိုထည့္ျပီးေပါင္းေပးရုံဘဲေနာ္။

၄။ ၾကက္ေပါင္ေပါင္းျပီးလို့ထြက္လာတဲ႔အရည္ကိုသြန္ပစ္ ျကက္ေပါင္ကိုအေအးခံ။ ထန္းလ်က္ နဲ႔ ငရုတ္သီးအနီကိုညက္ေအာင္ေထာင္း ( ေျမပဲထည့္လ်ွင္ရ သို့ေသာ္အခ်ဥ္ေပါ့သြားမည္ဆိုး၍မထည့္ေတာ့ပါဖူး ) ျကက္သားမႈန့္ ငံျပာရည္ သံပုရာရည္ အခ်ိဳမႈန့္ ေရေနြးအနည္းငယ္ထည့္ျပီး ေဆာ့စ္ေဖ်ာ္ေပးရပါမယ္။ ျပီးမွ ေထာင္းထားတဲ႔ ထန္းညက္နဲ႔ ငရုတ္သီးေတြထည့္ နံနံပင္ ပူတီနံ ျကက္သြန္ျဖူေလးလွီးျပီး သမေအာင္ေမႊ။ ေဆာ့စ္ရျပီဆို ျကက္ေပါင္ေပါင္းကိုအလယ္မွာထား ေဆာ့စ္အရည္ေတြ ေလာင္းခ် သံပုရာကြင္းေလးေတြနဲ႔အလွဆင္။ စားခ်င္စရာ ရႈးရွဲျကက္သံပုရာေပါင္းေလးရပါျပီေနာ္။

[ Unicode ]

ကြက်ပေါင်အိအိလေးကို ရှူးရှူးရှဲရှဲလေးနဲ့ အရသာရှိရှိ ဆွဲကြည့်ဖို့ ရှူးရှဲကြက်သံပုရာပေါင်းနည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်ပေါင်
၂။ ဆား
၃။ သံပုရာသီး
၄။ ချင်း(ဂျင်း)
၅။ ကြက်သားမှုန့်
၆။ ငံပြာရည်
၇။ ထန်းလျက် (သို့) သကြား
(ထန်းလျက်မကြိုက်ရင် သကြားကို အစားထိုးသုံးလို့ ရပါတယ် )

ပြုလုပ်နည်း
၁။ အရင်ဆုံးကြက်ပေါင်တစ်ခုလုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။

၂။ အညှီနံ့တွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ကြက်ပေါင်ရဲ့နေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။

၃။ ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ကြက်ပေါင်ကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။

၄။ ကြက်ပေါင်ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ကြက်ပေါင်ကိုအအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။ ဆော့စ်ရပြီဆို ကြက်ပေါင်ပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။ စားချင်စရာ ရှုးရှဲကြက်သံပုရာပေါင်းလေးရပါပြီနော်။

Ref; asianfood

 

386 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.