လှမယ်ထင်တိုင်း လိုက်မလုပ်ပါနဲ့

အလှပြင်တာနဲ့ပတ်သက်လို့ တစ်ခါတစ်ရံမှာ အပြုအမူမှားနေတာလေးတွေဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုအရာတွေက အပြုအမူမှားမျိုးတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲခြင်း

အရမ်းလှချင်တာကြောင့် အလှကုန်ပစ္စည်းတွေကို အလွန်အမင်းအသုံးပြုတဲ့အခါမှာ မျက်နှာပေါ် ဓာတုဗေဒပစ္စည်းတွေ စုတင်နေသလိုဖြစ်နေတတ်ပါတယ်။ ဝက်ခြံပိုထွက်တာမျိုး၊ ထိခိုက်ရှနာဖြစ်လွယ်တာမျိုးတွေ ပိုဖြစ်လာမှာပါ။

၂။ အရက်သောက်ပြီး ရေမသောက်ခြင်း

ဝိုင်အနီက သွားအတွက်ကောင်းပေမယ့် ဝိုင်အဖြူကတော့ သွားကိုထိခိုက်စေနိုင်တဲ့ အက်ဆစ်ဓာတ်တွေပါရှိပါတယ်။ နောက်ပြီး တခြားပြင်းတဲ့အရက်တွေမှာဆိုရင်လည်း အာခေါင်ခြောက်စေတာကနေစလို့ လျှာအရသာခံနိုင်စွမ်းပျက်စေတာအထိ ဆိုးကျိုးတွေ အသီးသီးပါဝင်နေပါတယ်။ ဒါကြောင့် လှပတဲ့ ပါးစပ်၊ သွားလေးတွေကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အရက်သေစာကိုရှောင်ကျဉ်တာက အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေသောက်သုံးမယ်ဆိုရင်လည်း ရေကို မကြာခနတွဲဖက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

၃။ ကော်ဖီသောက်ပြီးမှ သွားတိုက်ခြင်း

သွားတိုက်တယ်ဆိုတာက သွားလှပ သန့်ရှင်းစေဖို့ ကောင်းမွန်စေတဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် ကော်ဖီသောက်ပြီးမှ ဒီလို သွားတိုက်မယ်ဆိုရင်တော့ သင့်သွားဝါသွားဖို့ ပိုနီးစပ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး အနည်းဆုံး တစ်နာရီခြားပြီးမှ သွားတိုက်သင့်ပါတယ်။

၎။ ခဏခဏ နားဖာချေးကလော်ခြင်း

နားကြပ်တဲ့ဂွမ်းတံလေးတွေနဲ့ နားဖားချေးကလော်တာက ဇိမ်ကျတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီလိုပြုလုပ်တာဟာ မလိုအပ်တဲ့ ကိစ္စတစ်ခုလို့တောင်ဆိုလို့ရပါတယ်။ နားဖာချေးတွေဟာ နားအတွင်းပိုင်းကို ကာကွယ်ဖို့အတွက် တည်ရှိနေတဲ့ အရာတွေပါ။ မကြာခဏ နားဖာချေးကလော်တာဟာ နားစည်ကိုမတော်တဆထိခိုက်စေနိုင်သလို ရေရှည်မှာ အကြားအာရုံကိုလည်း အန္တရာယ်ပေးနိုင်ပါတယ်။

၅။ ရေပူနဲ့ မကြာခဏ ရေချိုးခြင်း

ပူနွေးတဲ့ရေနဲ့ ရေချိုးတာမျိုး၊ ရေနွေးငွေ့နဲ့ ရေချိုးတာမျိုးက သင့်ကို လန်းဆန်းစေနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏဒီလို ချိုးနေမယ်ဆိုရင်တော့ အရေပြားရောဂါတွေ စွဲကပ်နိုင်သလို အရေပြားခြောက်တာမျိုးလည်း ဖြစ်လာမှာပါ။

၆။ မျက်နှာကို မကြာခဏ Scrub လုပ်ခြင်း

Scrub လုပ်တာက မျက်နှာကို ပိုလှပစေသလို ပိုလည်းသန့်စင်ပေးနိုင်တယ်လို့ အမျိုးသမီးတွေက မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အကြိမ်အရေအတွက်ထက် ပိုပြီး Scrub လုပ်မိနေမယ်ဆိုရင်တော့ အရေပြားပြဿနာတွေ ဖြစ်လာမှာပါ။
Ref;HEALTH GROUP

82 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.