လူတစ္ေယာက္ကို သင္ခ်စ္မိၿပီဆိုရင္

၁။ အၿမဲသတိရေနပါလိမ့္မယ္။ တခုခုတိုက္ဆိုင္သည္ျဖစ္ေစ မတိုက္သည္ျဖစ္ေစ အၿမဲသတိရေနတတ္ပါတယ္။

၂။ အလိုလိုအားငယ္တတ္လာပါလိမ့္မယ္။
သူက ပညာပိုတတ္လို႔…
သူက ပိုခ်မ္းသာလို႔…
သူက ႐ုပ္ပိုေခ်ာလို႔…
သူက အေတြးအေခၚပိုျမင့္လို႔…
ရွာႀကံေတြးၿပီး အားငယ္တတ္လာတာမ်ိဳးပါ။

၃။ စိုးရိမ္တတ္လာပါတယ္။
ကိုယ့္ဆီမွာ မိုး႐ြာသည္ျဖစ္ေစ/ ေနပူသည္ ျဖစ္ေစ…
သူအျပင္ထြက္ရင္ ထီးမွ ပါပါ့မလားလို႔ ေတြးပူေနတတ္တာမ်ိဳးပါ။

၄။ အူတိုတတ္လာပါတယ္။
သူ႔ငယ္သူငယ္ခ်င္းျဖစ္ျဖစ္ ဘယ္ေလာက္႐ိုးသားတဲ့သူျဖစ္ျဖစ္ သူ႔ေဘးနားရွိေနရင္ မႀကိဳက္တတ္ပါဘူး။

၅။ အလိုလိုၿပဳံးေနမိတတ္ပါတယ္။
တစ္ေယာက္တည္းအေတြးကမာၻထဲလႊင့္ေနၿပီး အျပင္ေလာကႀကီးကို ေမ့ေလ်ာ့သြားပါတယ္။
သူ႔စကားေလးေတြ၊ သူ႔အျပဳအမူေလးေတြ၊ သူ႔အသံေလး အမ်ိဳးမ်ိဳးကို အလိုလိုေတြးမိေနတာမ်ိဳးပါ။

၆။ စိတ္ညစ္ရပါလိမ့္မယ္။
ဦးေႏွာက္ကမခ်စ္သင့္ဘူး။ ႏွလုံးသားက ခ်စ္သင့္တယ္နဲ႔ လြန္ဆြဲခံရၿပီး အိပ္ေရးပ်က္တဲ့ထိ ေတြးေနမိတတ္ပါတယ္။

၇။ ေမွ်ာ္ေနမိတတ္ပါတယ္။
သူဆက္မယ့္ ဖုန္းကိုေစာင့္ေနတာမ်ိဳး၊ သူလာမယ့္လမ္းေလးကို ၾကည့္ေနတာမ်ိဳးေပါ့။

၈။ ကေလးဆန္လာပါတယ္။
သူဆုံးမတာေလး ခံခ်င္ပါတယ္၊ ခြၽဲခ်င္ပါတယ္၊ေကာက္ခ်င္ပါတယ္
သူေပးမယ့္ ကတိေတြလိုခ်င္ပါတယ္။ ငယ္ငယ္ကကေလးတစ္ေယာက္ မိဘရင္ကိုခြၽဲသလိုမ်ိဳး။

၉။ သူ႔မေကာင္းေၾကာင္းေျပာရင္ မႀကိဳက္ပါဘူး။
ဘယ္သူကေျပာေျပာ မႀကိဳက္တာပါ။ေနာက္ဆုံး အရင္းနီးဆုးသူငယ္ခ်င္း ( သို႔မဟုတ္ )
မိသားစုကေျပာရင္ေတာင္ မႀကိဳက္ပါဘူး။

၁၀။ သူနဲ႔ဆုံခ်ိန္တိုင္း ေပ်ာ္ေနမိပါလိမ့္မယ္။
ဖုန္းနဲ႔ျဖစ္ေစ၊ အျပင္မွာျဖစ္ေစ၊ သူနဲ႔နီးကပ္ေနသလို ခံစားမိၿပီးအလိုလိုေပ်ာ္ေနမိတာမ်ိဳးပါ။

၁၁။ ေရွာင္လာပါတယ္။
သူသေဘာမက် တဲ့သူ ျဖစ္ေစ၊ သူအထင္လြဲေစမယ့္သူ ျဖစ္ေစ ကိုယ္က သိသိသာသာေရွာင္ေနတတ္ပါတယ္။ သူတမ်ိဳးမထင္ေအာင္ပါ။

၁၂။ သူခ်စ္တယ္ေျပာတာကို အၿမဲနားေထာင္ေနခ်င္မိပါတယ္။
ခ်စ္သူမျဖစ္ေသးတဲ့ အခ်ိန္ေလးေတြမွာ သူက ခဏခဏ ခ်စ္တယ္။ အမ်ားႀကီးဘာညာ
ဖြဲ႕ႏြဲ႕ေျပာတာကို သာယာေနမိတတ္ပါတယ္။
ခ်စ္သူေတြျဖစ္သြားၿပီဆိုရင္ေတာ့ ခ်စ္တယ္အျပင္ လြမ္းတယ္ပါ ၾကားခ်င္သလို
ေျပာလည္းေျပာျပခ်င္လာပါတယ္။
အဲဒီလို ေျပာလိုက္ ၾကားလိုက္ရတာႀကီးမားတဲ့ခြန္အား ေပ်ာ္႐ႊင္မႈမ်ိဳးရလိုက္သလိုခံစားရလို႔ပါ။

[ Unicode ]

၁။ အမြဲသတိရနေပါလိမ့်မယ်။ တခုခုတိုက်ဆိုင်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ အမြဲသတိရနေတတ်ပါတယ်။

၂။ အလိုလိုအားငယ်တတ်လာပါလိမ့်မယ်။
သူက ပညာပိုတတ်လို့…
သူက ပိုချမ်းသာလို့…
သူက ရုပ်ပိုချောလို့…
သူက အတွေးအခေါ်ပိုမြင့်လို့…
ရှာကြံတွေးပြီး အားငယ်တတ်လာတာမျိုးပါ။

၃။ စိုးရိမ်တတ်လာပါတယ်။
ကိုယ့်ဆီမှာ မိုးရွာသည်ဖြစ်စေ/ နေပူသည် ဖြစ်စေ…
သူအပြင်ထွက်ရင် ထီးမှ ပါပါ့မလားလို့ တွေးပူနေတတ်တာမျိုးပါ။

၄။ အူတိုတတ်လာပါတယ်။
သူ့ငယ်သူငယ်ချင်းဖြစ်ဖြစ် ဘယ်လောက်ရိုးသားတဲ့သူဖြစ်ဖြစ် သူ့ဘေးနားရှိနေရင် မကြိုက်တတ်ပါဘူး။

၅။ အလိုလိုပြုံးနေမိတတ်ပါတယ်။
တစ်ယောက်တည်းအတွေးကမ္ဘာထဲလွှင့်နေပြီး အပြင်လောကကြီးကို မေ့လျော့သွားပါတယ်။
သူ့စကားလေးတွေ၊ သူ့အပြုအမူလေးတွေ၊ သူ့အသံလေး အမျိုးမျိုးကို အလိုလိုတွေးမိနေတာမျိုးပါ။

၆။ စိတ်ညစ်ရပါလိမ့်မယ်။
ဦးနှောက်ကမချစ်သင့်ဘူး။ နှလုံးသားက ချစ်သင့်တယ်နဲ့ လွန်ဆွဲခံရပြီး အိပ်ရေးပျက်တဲ့ထိ တွေးနေမိတတ်ပါတယ်။

၇။ မျှော်နေမိတတ်ပါတယ်။
သူဆက်မယ့် ဖုန်းကိုစောင့်နေတာမျိုး၊ သူလာမယ့်လမ်းလေးကို ကြည့်နေတာမျိုးပေါ့။

၈။ ကလေးဆန်လာပါတယ်။
သူဆုံးမတာလေး ခံချင်ပါတယ်၊ ချွဲချင်ပါတယ်၊ကောက်ချင်ပါတယ်
သူပေးမယ့် ကတိတွေလိုချင်ပါတယ်။ ငယ်ငယ်ကကလေးတစ်ယောက် မိဘရင်ကိုချွဲသလိုမျိုး။

၉။ သူ့မကောင်းကြောင်းပြောရင် မကြိုက်ပါဘူး။
ဘယ်သူကပြောပြော မကြိုက်တာပါ။နောက်ဆုံး အရင်းနီးဆုးသူငယ်ချင်း ( သို့မဟုတ် )
မိသားစုကပြောရင်တောင် မကြိုက်ပါဘူး။

၁၀။ သူနဲ့ဆုံချိန်တိုင်း ပျော်နေမိပါလိမ့်မယ်။
ဖုန်းနဲ့ဖြစ်စေ၊ အပြင်မှာဖြစ်စေ၊ သူနဲ့နီးကပ်နေသလို ခံစားမိပြီးအလိုလိုပျော်နေမိတာမျိုးပါ။

၁၁။ ရှောင်လာပါတယ်။
သူသဘောမကျ တဲ့သူ ဖြစ်စေ၊ သူအထင်လွဲစေမယ့်သူ ဖြစ်စေ ကိုယ်က သိသိသာသာရှောင်နေတတ်ပါတယ်။ သူတမျိုးမထင်အောင်ပါ။

၁၂။ သူချစ်တယ်ပြောတာကို အမြဲနားထောင်နေချင်မိပါတယ်။
ချစ်သူမဖြစ်သေးတဲ့ အချိန်လေးတွေမှာ သူက ခဏခဏ ချစ်တယ်။ အများကြီးဘာညာ
ဖွဲ့နွဲ့ပြောတာကို သာယာနေမိတတ်ပါတယ်။
ချစ်သူတွေဖြစ်သွားပြီဆိုရင်တော့ ချစ်တယ်အပြင် လွမ်းတယ်ပါ ကြားချင်သလို
ပြောလည်းပြောပြချင်လာပါတယ်။
အဲဒီလို ပြောလိုက် ကြားလိုက်ရတာကြီးမားတဲ့ခွန်အား ပျော်ရွှင်မှုမျိုးရလိုက်သလိုခံစားရလို့ပါ။

Ref; rsgoals

 

 

20K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.