ဘဲဥသံပုရာေပါင္းနည္း

ခ်ဥ္ငံစပ္အရသာေလးနဲ႔မို႔ ထမင္းၿမိန္မွာ ေသခ်ာပါတယ္။ က်န္းမာေရးနဲ႔လည္း ညီၫြတ္ပါတယ္။ ဘဲဥကို တစ္ေန႔တစ္လုံးစားသုံးတာက ဒူးနာခါးနာေရာဂါေတြ သက္သာေပ်ာက္ကင္းေစပါတယ္။ ဒါေၾကာင့္ Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ဘဲဥ – ၅ လုံ း(ဆားထည့္ျပဳတ္ပါ)
၂။ သံပုရာသီး – ၃ လုံး(အရည္ညႇစ္ထားပါ)
၃။ စပါးလင္ – ၁ ပင္ (ရိတ္ရိတ္လွီး)
၄။ င႐ုတ္သီးစိမ္းအနီေတာင့္ – ၁၀ ေတာင့္(လွီးထားပါ)
၅။ ၾကက္သြန္ျဖဴ – ၁ လုံး(ႏုတ္ႏုတ္စင္း)
၆။ ဂ်င္း – လက္ ၂ ဆစ္(ႏုတ္ႏုတ္စင္း)
၇။ နံနံပင္ – အနည္းငယ္
၈။ ရွမ္းနံနံ – အနည္းငယ္

ျပဳလုပ္နည္း
၁။ ျပဳတ္ထားတဲ့ဘဲဥေတြကို ထက္ျခမ္းျခမ္းထားပါ။
၂။ ေဆာ့စ္ရည္အတြက္
သံပုရာရည္ – စားပြဲတင္ဇြန္း ၄ စြန္း
ငံျပာရည္ – စားပြဲတင္ဇြန္း ၂ စြန္း
ဆား – လက္ဖက္ရည္ဇြန္း ၁ စြန္း
ၾကက္သားမႈန႔္ – လက္ဖက္ရည္ဇြန္း ၁ ဝက္
သၾကား – လက္ဖက္ရည္ဇြန္း ၂ စြန္း
ေရေႏြး – ပန္းကန္လုံး ၁ လုံး

၃။ ပန္းကန္ ၁ ခုထဲသို႔ လွီးထားတဲ့အစာေတြထည့္ ၊ အေပၚ နံပါတ္ ၂ က ပါဝင္ပစၥည္းေတြထည့္ၿပီး သမေအာင္ေရာေပးပါ။ အရသာျမည္းၾကည့္ပါ။

၄။ ၿပီးရင္ ေဆာ့စ္ရည္ကို ဘဲဥပန္းကန္ထဲ ေလာင္းထည့္ပါ။ သံပုရာသီး ၁ လုံးကို အကြင္းလိုက္လွီးၿပီး စီထည့္ပါ။

အခုဆိုရင္ေတာ့ ခ်ဥ္ငံစပ္အရသာေလးနဲ႔ ဘဲဥသံပုရာကို ထမင္းပူပူေလးနဲ႔ အရသာရွိရွိသုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးတာက ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။ ဒါကြောင့် Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ဘဲဥ – ၅ လုံ း(ဆားထည့်ပြုတ်ပါ)
၂။ သံပုရာသီး – ၃ လုံး(အရည်ညှစ်ထားပါ)
၃။ စပါးလင် – ၁ ပင် (ရိတ်ရိတ်လှီး)
၄။ ငရုတ်သီးစိမ်းအနီတောင့် – ၁၀ တောင့်(လှီးထားပါ)
၅။ ကြက်သွန်ဖြူ – ၁ လုံး(နုတ်နုတ်စင်း)
၆။ ဂျင်း – လက် ၂ ဆစ်(နုတ်နုတ်စင်း)
၇။ နံနံပင် – အနည်းငယ်
၈။ ရှမ်းနံနံ – အနည်းငယ်

ပြုလုပ်နည်း
၁။ ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ။
၂။ ဆော့စ်ရည်အတွက်
သံပုရာရည် – စားပွဲတင်ဇွန်း ၄ စွန်း
ငံပြာရည် – စားပွဲတင်ဇွန်း ၂ စွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဝက်
သကြား – လက်ဖက်ရည်ဇွန်း ၂ စွန်း
ရေနွေး – ပန်းကန်လုံး ၁ လုံး

၃။ ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ် နံပါတ် ၂ က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းကြည့်ပါ။

၄။ ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။

အခုဆိုရင်တော့ ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

707 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.