ပူပူနွေးနွေးမားမားခေါက်ဆွဲထုပ်ကြော်လေး လုပ်စားမယ်

အချို့တွေက Instant Noodle ကို အရမ်းကြိုက်ကြပါတယ်။
ဒါကြောင့် တစ်မျိုးလေးနဲ့ စားကောင်းစေမယ့် မားမားခေါက်ထုပ်ကြော်လုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။

လိုအပ်တာတွေကတော့
Instant Noodle ၂ ထုပ်
ကြက်ဥ ၁ လုံး
နှစ်သက်ရာအသီးအရွက် အနည်းငယ်
ခရမ်းချဉ်သီး ၁ လုံး( ၄ စိတ်)
ကြက်သွန်မြိတ်၊ နံနံပင် အနည်းငယ်

ရေနွေးဆူဆူမှာ ခေါက်ဆွဲတွေကိုပြုတ်ပြီး(ခပ်မာမာအနေအထားမှာ)
ရေစစ်ချလိုက်ပါ။

ကြော်မယ့်ပါဝင်ပစ္စည်းတွေကိုအဆင့်သင့်ပြင်ဆင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး..ကြက်ဥကိုမွှေကြော်ပေးပါ။
နှစ်သက်တဲ့ အသီးအရွက်အနည်းငယ်ထည့်ပါ။

ခေါက်ဆွဲထုပ်ထဲကအရသာမှုန်.အပြင်ပဲငံပြာရည်လေးနဲ.သကြားအနည်းငယ်
ထပ်ဖြည့်ပေးပါ…။

ခရမ်းချဉ်သီးတွေထည့်ပြီးတာနဲ. ခေါက်ဆွဲတွေကိုချက်ချင်းဆိုသလိုထည့်ပါ။

နှံ့စပ်သွားအောင် ၄- ၅ ချက်လောက်မွှေပြီးရင်ကြက်သွန်မြိတ်နဲ့နံနံပင်လေးခပ်ပြီးငရုတ်ကောင်းမှုန်လေးဖြူးပြီး သုံးဆောင်လို့ရပါပြီ။


Ref;FOODIE

160 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.