ဝက်ကြွပ်ပင် ကြော်နည်း
ပါဝင်ပစ္စည်းများ
၎။ ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
ကြော်နည်း
၃။ ဆီပူလာလျှင် ဝက်ကြွပ်ပင်ရွက်ကို မုန့်နှစ်ခွက်ထဲ နှစ်ပြီး ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။
[ Unicode ]
ဝက်ကြွပ်ပင် ဒါမှမဟုတ် မြက်ကြွပ်ပင်ကို မုန့်နှစ်လေးနဲ့ ပူပူကြွပ်ကြွပ်စားကြဖို့ ဝက်ကြွပ်ပင်မုန့်နှစ်ကပ်ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ဝက်ကြွပ်ပင်အရွက် – အရွက်ဖတ်လေးတွေကို လိုသလောက် သန့်စင်ထားပါ။
၂။ အကြော်မှုန့် ( နှစ်သက်ရာ ) – ၁၅၀ ဂရမ်
၃။ ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၄။ ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
ကြော်နည်း
၁။ အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် အကြော်မှုန့်(၁၅၀ ဂရမ်)၊ ဆိုဒါ နှင့် ရေ(၁ခွက်) ၂၀၀မီလီလီတာနဲ့ ခပ် ပျစ်ပျစ်လေး သမအောင် ရောမွှေပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ။
၃။ ဆီပူလာလျှင် ဝက်ကြွပ်ပင်ရွက်ကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ရွှေအိုရောင်သန်းသည်အထိ ကြော်ပေးပါ။
၄။ အကြော်များ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ။
၅။ အချဉ်ရည်အတွက် (မန်ကျဉ်းရည်၊ ငရုတ်သီးဆော့၊ ဆား၊ သကြား၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ။
၆။ ထို့နောက် ပန်းကန်ထဲတွင် ဝက်ကြွပ်ပင်ကြော်၊ ဆလတ်ရွက်၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီနော်။
Ref; myanmarfood
104 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.