K-drama တွေထဲက fashion အလန်းဆုံးသရုပ်ဆောင်များ

ကိုရီးယားရဲ့ နာမည်ကြီး k-drama ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေနဲ့ သူတို့ဝတ်ခဲ့တဲ့ fashion ပုံစံတွေက အခုထက်ထိကို ပရိသတ်တွေရင်ထဲမှာ ဇာတ်လမ်းတွဲနဲ့အတူ ထင်ကျန်နေခဲ့ပါတယ်။

1. IU


IU ကိုတော့ အဆိုတော်နှင့်တေးရေးတစ်ယောက်အဖြစ်လူသိများပါတယ်။ ဒါပေမယ့်လဲ ကိုရီးယား K-drama မင်းသမီးတွေထဲက လူကြိုက်မင်းသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ Netflix ရုပ်ရှင် Persona ကဲ့သို့ Hotel Delluna ဇာတ်လမ်းတွဲကလဲ အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းနဲ့ သူမရဲ့fashion ကတော့ လုံးဝကို လိုက်ဖက်လွန်းတယ်လို့ဆိုရမှာပါ။

2. Son Ye Jin


အသက်သာကြီးသွားပေမယ့် ငယ်ရွယ်သူတွေနဲ့အပြိုင်လှနေတဲ့အထဲမှာလဲ မင်းသမီး Son Ye Jin တစ်ယောက်အပါအဝင်ပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ Crash Landing on You ဇာတ်လမ်းတွဲကလဲ အရမ်းကိုအောင်မြင်မှုတွေရခဲ့တာပါနော်။

3. Song Hye Kyo


မင်းသမီးချော Song Hye Kyo ကတော့ ကိုရီးယားနိုင်ငံမှာသာမက အနောက်နိုင်ငံတွေမှာပါ နာမည်ကြီးတဲ့ မင်းသမီးတစ်ဦးပါ။ Descendants of the Sun ဇာတ်ကားမှာ မင်းသား Song Jong Ki နဲ့အတွဲညီညီတွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေလဲရရှိခဲ့ပါတယ်။သူမရဲ့ အောင်မြင်မှုနဲ့ နေထိုင်တဲ့ Fashion တွေကြောင့်လဲ နာမည်ကြီး ဖက်ရှင်မဂ္ဂဇင်းတွေကသူမရဲ့ပုံတွေကိုအတော်လေးအသုံးပြုခဲ့ကြပါတယ်။

4. Kim Da Mi

Itaewon အခန်းတွေလိုမျိုးကို သင်သဘောကျမယ်ဆိုရင် မင်းသမီး Kim Da Mi ကိုလဲ သဘောကျမိမှာပါ။ သူမရဲ့တစ်ကယ့်လက်တွေ့ဘဝမှာလဲ သူမရဲ့ ombre’ ဆံပင်ပုံစံနဲ့ ဝတ်စားဆင်ယင်တဲ့ ဖက်ရှင်တွေကြောင့် အတော်လေးကို လူသိများတာပါ။

5. Bae Doona

Bae Doona တစ်ယောက်ကတော့ တကယ့်ကို creative သမားတစ်ယောက်လို့ပြောလို့ရပါတယ်။photography လုပ်ရတာကို စိတ်ဝင်စားသလို၊သူမရဲ့ အဝတ်အစားဖက်ရှင်တွေကလည်း သူမရဲ့စတိုင်လ်နဲ့အရမ်းကို လိုက်ဖက်နေတာပါနော်။

6. Park Min Young

Park Minn Young ကတော့ Secretary Kim ဇာတ်လမ်းတွဲနဲ့ ပိုပြီးတော့တောင်လူသိများလာတာပါ။ လှပကျော့ရှင်းပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးက ပရိသတ်အချစ်တွေကို ပိုတိုးစေပါတယ်။

7. Lee Sung Kyung

သူမရဲ့ ဖက်ရှင်နဲ့ စတိုင်လ်ကျမှုတွေက အရမ်းကို popular ဖြစ်နေပါတယ်။

8. Nara

IU လိုပဲ မင်းသမီး Nara တစ်ယောက်ကတော့ လူကြိုက်များတဲ့အဆိုတော်တစ်ယောက်ပါပဲနော်။Venus အဖွဲ့ ဖျတ်သိမ်းခဲ့ပြီးနောက်မှာတော့ Kwara Na Ra လို့ လူသိများလာတဲ့ Nara ကို Itaewon Class လိုမျိုး ပြဇာတ်တွေမှာ ပြန်တွေ့ခဲ့ရပါတယ်။ သူမရဲ့ ပေါ့ပေါ့ပါးပါးစတိုင်လ်လေးက သက်တောင့်သက်သာရှိပြီး လူကြိုက်များတဲ့ fashions လေးတစ်ခုဖြစ်ခဲ့ပါတယ်။


Ref;Koreaboo,by Alicia Valley

977 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.