တစ်စုံတစ်ယောက်က သင့်ကို ထားရစ်ခဲ့တယ် (သို့) လမ်းခွဲ ချင်တယ်လို့ ပြောလာမယ်ဆိုရင်
[ Unicode ]
ကျေနပ်စွာ ထွက်ခါွသွားခွင့်ပေးလိုက်ပါ။ ထိုသူကို မိမိအပါး ဆွဲထားတာက ကျားလှောင်အိမ်ထဲမှာ ထမင်းစားနေရသလိုပါပဲ။ သူကြောင့် စိတ်နဲ့ ခန္ဓာ သောကများတော့မှာကို တွေးပြီးရော ကြောက်စိတ် မဖြစ်ဖူးဘူးလား…
ကိုယ့်ရဲ့စိတ်တွေ အားလုံး နှစ်မြုပ်ပြီး တွယ်တာခဲ့ရသူဟာ သူဘက်က ခိုင်လုံတဲ့ အကြောင်းပြချက် အမျိုးမျိုးကို သုံးပြီး ထားသွားရက်တဲ့အခါ လူ အတော်များများက နာကျည်းစိတ်တွေနဲ့ မေ့ပစ်လိုက်ဖို့ အတင်းကြိုးစားကြတယ်။ အရမ်းကို မှားယွင်းတဲ့ လုပ်ရပ်ပါ။
တစ်ကယ်တော့ မေ့ပစ်ဖို့ ကြိုးစားတာဟာ သူ့ကို ပိုသတိရနေစေပါတယ်. ဒါဟာ မိမိကိုယ်ကို နှိပ်စက်နေတာပါ။ လူတိုင်းက ကိုယ့်ကိုကိုယ်ထက် သူများကို ပိုမချစ်ပါဘူး။
လက်မခံရင် ဒီအချိန်ထိ ကိုယ်အပေါ် ကျေးဇူးပြုဖူးတဲ့ သူ အများကြီးထဲက ဘယ်နှစ်ယောက်ကို မှတ်မိသလဲ ရွတ်ကြည့်လိုက်ပါ. လက် ၁၀ချောင်း ပြည့်ရင် သင်က လူတော်ပေါ့.
တစ်ယောက်ယောက် ကိုယ့်ကို ထားသွားလို့ မစားဘူး.မအိပ်ဘူး ဆိုတဲ့သူ ကိုယ်အရှေ့မှာ မြင်တွေ့ခဲ့ရင် သူကို ချက်ချင်း အသိပေးလိုက်ပါ။ အဓိကနဲ့ သာမညကို ခွဲခြားသိမြင်ပါလို့။ အချိန်က အရာရာကို တိုက်စားသွားပါလိမ့်မယ်။ ဇွတ် မေ့လိုက်ဖို့လည်း မကြိုးစားနဲ့လို့.နှစ်သိမ့်ပေးလိုက်ပါ။
ထားသွားရက်သူကို သင့်ရင်ထဲ့က တွယ်တာနေနိုင်တယ်။ ပိတ်လှောင်ထားဖို့ မကြိုးစာလိုက်ပါနဲ့ အရှုံးကြီးရှုံးသွားပါလိမ့်မယ်.
“သေသောသူ ကြာလျှင်မေ့” ဆိုတဲ့ စာဆိုက အလကား ဖွဲ့ပြခဲ့တာမှမဟုတ်တာ။ စိတ်က မမြင်မတွေ့တာ ကြာရင် မေ့ပစ်စရာ မလိုဘဲ ပြင်းထန်တဲ့ ခံစားချက်တွေဟာ
ကြက်ပျောက် ၊ငှက်ပျောက်ကို ပျောက်ကွယ် သွားပါလိမ့်မယ်..
Ref; rsgoals
4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.