အထီးကျန်ခြင်းအတွက် အကောင်းဆုံးသောဖြေရှင်းနည်းများ

ကိုယ့်ကိုကိုယ် အထီးကျန်နေတယ်လို့ ယူဆမိနေတဲ့သူတစ်ယောက်အတွက်တော့ ဒီနည်းလမ်းလေးတွေက အသုံးဝင်နိုင်ပါတယ်နော်။

၁။ တစ်ယောက်ထဲ အပြင်ထွက်လည်ပါ

အိမ်ထဲမှာ အထီးကျန်ပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေမယ့်အစား အပြင်ထွက်ပြီး လေကောင်းလေသန့်တွေ ရှူရှိုက်ပါ။ ဈေးဝယ်သွားတာဖြစ်စေ၊ တစ်ယောက်ထဲ မုန့်သွားစားတာဖြစ်စေ လုပ်ပေးပါ။ ကိုယ်နဲ့ မသိ၊ မရင်းနှီးသည့်တိုင်အောင် လူတွေနဲ့ နီးနီးကပ်ကပ်ရှိနေခြင်းဟာ အထီးကျန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

၂။ လူတွေနဲ့ တွေ့ဆုံပါ

လူမှုကွန်ယက်ပေါ်မှာ စာတွေ အပြန်အလှန် ပို့တာထက် အပြင်မှာ တွေ့ဆုံတာဟာ ရင်းနှီးခင်မင်မှုကိုလည်း တိုးစေနိုင်သလို ကိုယ့်ရဲ့ အထီးကျန်တဲ့ စိတ်ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။

၃။ ရုပ်ရှင်ကြည့်ပါ

တစ်ယောက်ထဲ ရုပ်ရှင်ကြည့်မလား၊ အပေါင်းအသင်းတွေ ခေါ်ပြီး အတူကြည့်ကြမလား၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အိမ်ထဲမှာပဲ အထီးကျန်တယ်လို့ ခံစားနေရတာထက် ရုပ်ရှင်ကြည့်လိုက်တာက ကိုယ့်ရဲ့ စိတ်ကို နှောင့်ယှက်နေတဲ့ အရာတွေကို ခေတ္တခဏ မေ့ထားစေနိုင်ပါတယ်။

၎။ လုပ်အားပေးကူညီပါ

ကိုယ့်အိမ်သားတွေရဲ့ အလုပ်ကို ကူညီတာဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ အဆင်ပြေပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရလို့ ရင်းနှီးမှုတွေ တိုးစေတဲ့အပြင် အလုပ်လုပ်နေရတဲ့အတွက် မကောင်းတဲ့အတွေးတွေ ခေါင်းထဲ ဝင်မလာနိုင်အောင် တိုက်ထုတ်ပေးနိုင်ပါတယ်။

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ

အမွေးပွပွနဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အိမ်မှာ မွေးထားတဲ့အခါမှာ တစ်ယောက်ထဲ ရှိနေရင်တောင် အထီးကျန်တယ်လို့ သိပ်ပြီး ခံစားရတော့မှာ မဟုတ်ပါဘူး။

၇။ လျှောက်သွားပါ

ဘယ်သွားမယ်လို့ ဆုံးဖြတ်ထားတာမျိုးမဟုတ်ပဲ တွေ့တဲ့ ကားပေါ် တက်စီးပြီး ရောက်တဲ့ နေရာသွားတာ၊ အစီအစဉ်မရှိပဲ ခရီးသွားတာမျိုးတွေ လုပ်ကြည့်ပါ။

၁၁။ ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်ပါ

ကိုယ့်ရဲ့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အရာတွေ၊ ခံစားချက်တွေ၊ အမှတ်တရတွေကို စာအုပ်ထဲ ရေးမှတ်တဲ့အကျင့် လုပ်ထားပေးပါ။ တခါတလေမှာ ဒီအကြောင်းအရာတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ် ဘာကြောင့် အထီးကျန်နေရလဲဆိုတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်ပါတယ်။

၁၃။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူတွေကို အချိန်ပေးပါ

တစ်ခါတလေမှာ ကိုယ့်အနား ဘယ်သူမှမရှိဘူးဆိုတဲ့ ခံစားချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းတွေကို အချိန်ပေးပြီး စကားလက်ဆုံပြောကြည့်ပါ။
အခုလို နည်းလမ်းလေးတွေကို အသုံးချပြီးတော့ လက်တွေ့ဘဝမှာလဲ အထီးကျန်စိတ်ညစ်စရာတွေကင်းဝေးပြီး ပျော်ရွှင်ကြပါစေနော်။


Ref;DEPRESSION

357 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.