ချစ်သူ တစ်ယောက်ရလျှင် သူငယ်ချင်းကောင်း ၁ ယောက် ဆုံးရှုံး…





[ Unicode ]

ချစ်သူရည်းစားတွေ ရရှိသွားပြီဆိုရင် သူတို့မှာ အခင်မင် အရင်းနှီးရဆုံး BFF များ ထပ်တူထပ်မျှ ဆုံးရှုံးရကြောင်း လေ့လာမှုတွေက ဆိုပါတယ်။

ဥပမာ မိမိမှာ တိုင်ပင်အပေါ် တိုင်ပင်ဘက် အရင်းနှီးဆုံး မိတ်ဆွေ ၅ ဦးရှိရင် ကိုယ်က ချစ်သူရည်းစားရတဲ့အခါ ယင်းထဲမှာ တစ်ယောက် လျော့သွားပါတယ်။ မိမိရဲ့ ချစ်သူ အစားဝင်လာခြင်း သဘောလည်း သက်ရောက်ပါတယ်။ ပျမ်းမျှယူထားခြင်းပါ။ အချို့ဆိုရင် ချစ်သူ ရည်းစားရတာနဲ့ မိမိရဲ့ အရင်းနှီးရဆုံး မိတ်ဆွေ သူငယ်ချင်း အားလုံးနီးပါး ဆုံးရှုံး ရသူများလည်း ရှိပါတယ်။

ဒီတော့ ပျှမ်းမျှအားဖြင့် ကြည့်လိုက်ရင် ကောင်လေး၊ ကောင်မလေး ၂ ယောက်သား ကြိုက်ကြပြီ ဆိုရင် အရင်းနှီး ချစ်ခင်ရဆုံး သူငယ်ချင်းကောင်း ၂ ယောက်ကိုလည်း သူတို့ဟာ တစ်ပြိုင်နက်တည်း ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။
အဓိကအားဖြင့် အချိန်ပေးရမှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကပါ မိတ်ဆွေသူငယ်ချင်းဘက် မရောက်နိုင်တော့တာကြောင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့်မို့ ချစ်သူရည်းစားတွေ ရှိနေကြသည့်တိုင် ဘဝမှာ အရေးပါတဲ့ မိတ်ဆွေ အပေါင်းအသင်းကောင်းများလည်း မဆုံးရှုံးရစေဖို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်နော်။

Ref; bff

.

.

186 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.