ေခါက္ဆြဲေၾကာ္ေကာင္းေကာင္းစားမယ္ဆုိ ယိုးဒယားေခါက္ဆြဲေၾကာ္ကိုလည္း ေမ့ထားလုိ႔ မရဘူးေနာ္။ ယိုးဒယားေခါက္ဆြဲေၾကာ္ကို အရသာရွိရွိေလးစားဖုိ႔ ယိုးဒယားေခါက္ဆြဲေၾကာ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
မူရင္းကေတာ့ အမဲသားနဲဲ႔ ေၾကာ္တာျဖစ္ၿပီး ပုဇြန္၊ တျခား နွစ္သက္ရာ အသား တစ္မ်ိဳးမ်ိဳးကို အစားထုိးသံုးၿပီး ေၾကာ္လည္း ရပါတယ္။
ပါ၀င္ပစၥည္းမ်ား
**************
ပုဇြန္ (အခြံခြာသန္႔စင္ထားပါ) – ၈ ေကာင္
ဆန္ေခါက္ဆြဲအၿပား ၂၂၀ ဂရမ္
ကိုက္လံ အနည္းငယ္
ပဲငံပ်ာရည္ အေနာက္စားပြဲဇြန္း တစ္၀က္
ပဲငံပ်ာရည္အၾကည္ စားပြဲဇြႏ္း ၁ ဇြန္း
ငါးငံပ်ာရည္ လက္ဖက္ရည္ ၁ ဇြန္း
ခရုဆီ စားပြဲဇြန္း ၁ ဇြန္း
ၾကက္ဥ ၂လံုး
ေၾကာ္နည္း
**********
၁။ ဆီစားပြဲဇြန္း ၂ ဇြန္းကို အပူေပးကာ ၾကက္ဥထည့္ ေမႊေၾကာ္ပါ။ ၁ မိနစ္ခန္႔ၾကာလွ်င္ ကိုက္လံကိုပါ ထည္႔ေၾကာ္ပါ။
၂။ ေနာက္ ဆန္ျပားေခါက္ဆြဲမ်ားကို ထည္႔ေမႊပါ။ တဆက္ထည္းမွာပဲ ပဲငံပ်ာရည္ အၾကည္၊ အေနာက္၊ ငါးငံပ်ာရည္ႏွင့္ ခရုဆီပါ ထည့္ေမႊေပးပါ။
၃။ ပုဇြန္မ်ားကိုပါ ထည့္ကာ မီးျပင္းျပင္းနဲ႔ ၄ မိနစ္ခန႔္ ေၾကာ္ေပးလုိက္ ရင္ေတာ့ အရသာရွိတဲ့ ယိုးဒယား ေခါက္ဆြဲေၾကာ္ေလး စားဖုိ႔ အသင့္ ျဖစ္ပါၿပီေနာ္။
[ Unicode ]
ခေါက်ဆွဲကြော်ကောင်းကောင်းစားမယ်ဆို ယိုးဒယားခေါက်ဆွဲကြော်ကိုလည်း မေ့ထားလို့ မရဘူးနော်။ ယိုးဒယားခေါက်ဆွဲကြော်ကို အရသာရှိရှိလေးစားဖို့ ယိုးဒယားခေါက်ဆွဲကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ပုဇွန်၊ တခြား နှစ်သက်ရာ အသား တစ်မျိုးမျိုးကို အစားထိုးသုံးပြီး ကြော်လည်း ရပါတယ်။
ပါဝင်ပစ္စည်းများ
**************
ပုဇွန် (အခွံခွာသန့်စင်ထားပါ) – ၈ ကောင်
ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်
ကိုက်လံ အနည်းငယ်
ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်
ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း
ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
ခရုဆီ စားပွဲဇွန်း ၁ ဇွန်း
ကြက်ဥ ၂လုံး
ကြော်နည်း
**********
၁။ ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့် မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင် ကိုက်လံကိုပါ ထည့်ကြော်ပါ။
၂။ နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ။ တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါ ထည့်မွှေပေးပါ။
၃။ ပုဇွန်များကိုပါ ထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့် ကြော်ပေးလိုက် ရင်တော့ အရသာရှိတဲ့ ယိုးဒယား ခေါက်ဆွဲကြော်လေး စားဖို့ အသင့် ဖြစ်ပါပြီနော်။
Ref; asianfood