စိတ္ဆိုး စိတ္ေကာက္တတ္တဲ ့မိန္းကေလးပိုင္ရွင္မ်ားအတြက္

စိတ္လံုး၀ မဆိုးတတ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ေရေႏြးျဖဴ တခြက္နဲ ့တူတယ္၊ ေရငတ္ေျပေပမဲ့ အရသာမရွိဘူး။

၁။ သင္ေနာက္က်တဲ့အခါ သူမ စိတ္ေကာက္တယ္။ အေၾကာင္းက သင္ လမ္းမွာ မေတာ္တဆျဖစ္မွာကို စိတ္ပူလို့ပါ။

၂။ သင္ ေဆးလိပ္ေသာက္တဲ့အခါ သင့္ကို စိတ္ဆိုးတယ္။ အေၾကာင္းက သင့္ရဲ့ က်န္းမာေရးထိခိုက္မွာ မလိုလားလို့ပါ။

၃။ သင္အရက္ေသာက္တဲ့အခါ စိတ္ဆုိးတယ္။ အေၾကာင္းက သင္အရက္မူးတဲ့အခါ သင့္ကို ဂရုစိုက္မဲ့သူ မရွိမွာ စိတ္ပူလို့ပါ။ ပိုစိုးရိမ္တာက အရက္ေသာက္ရင္ ေဘးျဖစ္မွာကိုပါ။
သူမ ေမွ်ာ္လင့္တာက သင္နဲ့အတူတူဆံျဖဴသြားက်ိဳးတဲ့အထိ လက္တြဲသြားခ်င္တယ္ေလ။

၄။ သင့္ကုိယ္က အမ်ိဳးသမီးတစ္ေယာက္ရဲ့ ေရေမႊးနံ့ ရတဲ့အခါ သူမ စိတ္ေကာက္တယ္။
အေၾကာင္းက သင့္ကို ဂရုစိုက္လို့ပါ။ မုန့္ကိုပဲ ေ၀စားမယ္။ သင့္ကို ေတာ့ ေ၀မစားႏုိင္ဘူးဆိုတဲ ့သေဘာပါ။

၅။ သူမရဲ ့ေမြးေန့ကို သင္ေမ့တဲ့အခါ သူမ စိတ္ဆိုးမယ္။ အေၾကာင္းက သင္ဟာ သူမရဲ့ ေမွ်ာ္လင့္ခ်က္ပါ။ သူမရဲ့ ေမြးေန့ကို သင့္ကုိ အမွတ္ရေစခ်င္တဲ့သေဘာပါ။

မိန္းကေလးေတြဟာ တရားေဟာတဲ့သူလဲျဖစ္တယ္…
သူတုိ့ စိတ္ဆိုးတဲ့အခါ သေဘာတရားအမ်ိဳးမ်ိဳးကုိ
နားလည္ခြင့္ရရွိၾကတယ္…

မိန္းကေလးေတြဟာ တိတ္ဆိတ္တဲ့သူလဲ ျဖစ္ေနတတ္ျပန္တယ္…
ဒီအခါ.. သူတို့သေဘာထားကို နားလည္ဖို့ ခက္ခဲျပန္တယ္….

မိန္းကေလးေတြဟာ သူတို့ရဲ့ ေဘးမွာရွိတဲ့ ေယာက်္ားေလးဆီက ေတာင္းဆိုတယ္…
ေမွ်ာ္လင့္ခ်က္ေတြ ရယူခ်င္တဲ့သေဘာက…
သူတုိ့ဟာ မၾကာခဏ ဆံုးရွံဳးေနာက္က်က်န္ခဲ့ၾကရလို့ပဲ…

ဒါေၾကာင့္ မိန္းကေလးေတြက ေယာက်္ားေလးေတြကို အလြယ္တကူ
စိတ္ဆိုး စိတ္ေကာက္တာျဖစ္တယ္….

တကယ္လို့ သင့္ေဘးမွာ စိတ္ေကာက္တတ္တဲ ့ေကာင္မေလး ရွိရင္…
သင္ ကံေကာင္းျပီလို့မွတ္ပါေတာ့….

သင့္မွာ စိတ္ဆိုးတဲ့မိန္းကေလးတစ္ေယာက္ပုိင္ဆိုင္ထားရင္ေတာ့
သူမကို တန္ဖိုးထားပါေတာ့…
အေၾကာင္းက စိတ္ဆိုးတတ္တဲ့မိန္းကေလးက ခ်စ္စရာအေကာင္းဆံုးမို့လို့ပါ….

တကယ္လို့…တစ္ေန့က်ရင္…
သူမ သင့္အေပၚ စိတ္မဆိုးေတာ့ရင္ ဘာျဖစ္လာမလဲ ….

သင္က ထင္ခ်င္ထင္မယ္ နားေအးသက္သာသြားမွာေပါ့… အခုမွ ေအးေဆးေနရေတာ့မယ္ လို့ထင္ႏုိင္ပါတယ္…

တကယ္ေတာ့သင္တစ္ေယာက္တည္း အေမွာင္ခန္းေလးထဲမွာ စိတ္ကေယာင္ေခ်ာက္ျခားမွု နဲ့ အထီးက်န္စြာ နာက်င္ျခင္းကို တစ္ဦးတည္းခံစားရမွာျဖစ္တယ္…
သင့္ကို ပူပန္စိုးရိမ္မွုနဲ ့ေျပာဆိုေနမဲ့သူမရွိေတာ့တဲ့အတြက္
ကုိယ့္ဘာသာ လမ္းဆက္ေလွ်ာက္ရမွာျဖစ္တယ္…

မွားယြင္းျခင္းေတြၾကံဳလဲ သတိေပး တားျမစ္တဲ့ သူဆိုတာ မရွိႏိုင္ေတာ့တဲ့အတြက္…မွားျပီးရင္း ထပ္မွားဖြယ္ရာ
ျဖစ္လာႏုိင္တယ္….
အဆံုးမွာ မိမိကို္ယ္ကုိ ယံုၾကည္ျခင္းပ်က္သုဥ္းလာျပီး…
အိပ္မရတဲ ့ညေတြကို ျဖတ္သန္းရေတာ့မွာျဖစ္တယ္….

ဒါေၾကာင့္ မိန္းကေလးေတြ စိတ္ဆိုးစိတ္ေကာက္ျပီဆုိရင္…သူတို့ရဲ့ သေဘာထားကို ျမင္ေအာင္ၾကည့္ေပးပါ..
ကုိ္ယ့္ကို တကယ္ခ်စ္တဲ ့မိန္းကေလးတစ္ေယာက္ဟာ ကုိယ့္ကို ေဘးက်ပ္နံက်ပ္ျဖစ္ေအာင္ ဘယ္ေတာ့မွ မလုပ္ပါဘူး…
သူ့မွာ အေၾကာင္းရင္းရွိပါတယ္…
သူ့ရဲ့ စိတ္ကို နားလည္ေအာင္ၾကိဳးစားသင့္ပါတယ္….

ဒါဆိုရင္ သင္တုိ့ရဲ့ ခ်စ္ခရီးလမ္းဟာ ကံေကာင္းျခင္းေတြ ပိုင္ဆိုင္ႏုိင္ဖို့ ေသခ်ာေနျပီေပါ့။

[ Unicode ]

စိတ်လုံး၀ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး။

၁။ သင်နောက်ကျတဲ့အခါ သူမ စိတ်ကောက်တယ်။ အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ။

၂။ သင် ဆေးလိပ်သောက်တဲ့အခါ သင့်ကို စိတ်ဆိုးတယ်။ အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ။

၃။ သင်အရက်သောက်တဲ့အခါ စိတ်ဆိုးတယ်။ အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ။ ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ။
သူမ မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ။

၄။ သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ သူမ စိတ်ကောက်တယ်။
အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ။ မုန့်ကိုပဲ ဝေစားမယ်။ သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့သဘောပါ။

၅။ သူမရဲ့မွေးနေ့ကို သင်မေ့တဲ့အခါ သူမ စိတ်ဆိုးမယ်။ အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ။ သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ။

မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်…
သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို
နားလည်ခွင့်ရရှိကြတယ်…

မိန်းကလေးတွေဟာ တိတ်ဆိတ်တဲ့သူလဲ ဖြစ်နေတတ်ပြန်တယ်…
ဒီအခါ.. သူတို့သဘောထားကို နားလည်ဖို့ ခက်ခဲပြန်တယ်….

မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောကျ်ားလေးဆီက တောင်းဆိုတယ်…
မျှော်လင့်ချက်တွေ ရယူချင်တဲ့သဘောက…
သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ…

ဒါကြောင့် မိန်းကလေးတွေက ယောကျ်ားလေးတွေကို အလွယ်တကူ
စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်….

တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ကောင်မလေး ရှိရင်…
သင် ကံကောင်းပြီလို့မှတ်ပါတော့….

သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့
သူမကို တန်ဖိုးထားပါတော့…
အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ….

တကယ်လို့…တစ်နေ့ကျရင်…
သူမ သင့်အပေါ် စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ….

သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့… အခုမှ အေးဆေးနေရတော့မယ် လို့ထင်နိုင်ပါတယ်…

တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်…
သင့်ကို ပူပန်စိုးရိမ်မှုနဲ့ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက်
ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်…

မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်တော့တဲ့အတွက်…မှားပြီးရင်း ထပ်မှားဖွယ်ရာ
ဖြစ်လာနိုင်တယ်….
အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်းလာပြီး…
အိပ်မရတဲ့ညတွေကို ဖြတ်သန်းရတော့မှာဖြစ်တယ်….

ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်…သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ..
ကိုယ့်ကို တကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး…
သူ့မှာ အကြောင်းရင်းရှိပါတယ်…
သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်….

ဒါဆိုရင် သင်တို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့။

 

Ref; rsgoals

 

161 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.