အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့မမများ

ဘယ်သူပဲဖြစ်ဖြစ်သဘာဝတရားကြောင့် နဲနဲလေးအသက်အရွယ်ရလာနဲ့အမျှ တစ်ခုခုချို့ယွင်းချက်လေးတွေတော့ရှိလာမှာပါပဲ။ ဒါပေမယ့် အခုပြောပြမယ့်ဆယ်လီတွေကတော့ အသက်သာတစ်နှစ်နဲ့တစ်နှစ်ကြီးသွားပေမယ့်လည်း ငယ်ရွယ်နုပျိုနေဆဲဖြစ်နေတာကြောင့် အရမ်းကိုအားကျစရာကောင်းနေပါတယ်နော်။

1. Song Hye Kyo

ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Song Hye Kyo ကတော့ အသက် ၃၈ နှစ်ရှိနေပေမယ့်လဲ အခုထိကိုနုပျိုနေဆဲပါနော်။Full House and Descendants of the Sun ဇာတ်လမ်းတွဲတွေမှာပါဝင်ပြီးနောက်မှာတော့ ပိုလိုတောင် လူကြိုက်များလာပါတယ်နော်။

past

present

2. Jun Ji Hyun
Blue Sea and My Love from the Star ဇာတ်လမ်းတွေက သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေထဲက ဇာတ်ကားကောင်းတွေလဲဖြစ်ပါတယ်။ အသက် ၃၈ နှစ်ဖြစ်နေပြီဖြစ်တဲ့ Jun Ji Hyun က အခုထိလဲနုပျိုနေဆဲပါနော်။

past

present

^

3. Seo Ji Hye
မြောက်ကိုရီးယားဗိုလ်ကြီးကားလို့ ပရိသတ်တွေခေါ်ကြတဲ့ Crash Landing on You ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Seo Ji Hye ကတော့အခုဆိုရင် အသက် ၃၅ နှစ်ပါနော်။

past

present

4. Gong Hyo Jin
အသက် ၄၀ ဖြစ်သွားပြီးဖြစ်တဲ့ မင်းသမီး Gong Hyo Jin ကတော့ Master’s Sun ဇာတ်လမ်းတွဲနဲ့ လူသိများလာခဲ့တာပါ။ မကြာသေးခင်က သူမပါဝင်ရိုက်ကူးထားပြီးထွက်ရှိထားတဲ့ When the Camellia Blooms ဇာတ်လမ်းတွဲမှာ Dong Baek ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

present

5. Goo Hye Sun
၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Boys Over Flower ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။ အခုဆိုရင် သူမအသက် ၃၅ နှစ်ကို ရောက်နေပြီဖြစ်ပေမယ့်လဲ အရမ်းကို နုပျိုနေဆဲပါနော်။

past

present

6. Shin Min Ah
ပရိသတ်တွေအတော်လေးကို ချစ်ကြတဲ့ မင်းသမီးတစ်ဦးကတော့ Shin Min Ah ပါနော်။My Girlfriend is a Nine-Tailed Fox ဇာတ်လမ်းတွဲမှာ lovable gumiho Character တစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Shin Min Ah ကတော့ အသက် ၃၆ နှစ်ပါနော်။

past

present

7. Moon Chae Won
အသက် ၃၃ နှစ်ဖြစ်တဲ့ မင်းသမီး Moon Chae Won ကတော့ The Innocent Man, The Princess’ Man and Good Doctor ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိလာတဲ့မင်းသမီးတစ်ယောက်ပါ။

past

present

8. Ha Ji Won
Secret Garden and The King 2 Heart လိုမျိုးအချစ်၊အလွမ်း၊ရှေးခေတ်၊ရိုမန့်တစ်ဆန်တဲ့ ဘယ်ဇာတ်ကောင်နေရာမဆိုအရမ်းပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Ha Ji Won ကတော့အခုဆိုရင် အသက် ၄၂ နှစ်အရွယ်ကိုရောက်သွားပေမယ့်လည်း အရမ်းကို နုပျိုနေတဲ့ မင်းသမီးတစ်ယောက်ဖြစ်နေပါသေးတယ်နော်။

past

present

9. Han Ji Min
ပရိသတ်အတော်များများက သိကြတဲ့ မင်းသမီး Han Ji Min တစ်ယောက်ကတော့ အသက် ၃၇ နှစ်ပြည့်သွားပါပြီ။သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Rooftop Prince and Hyde Jekyll,me ဇာတ်လမ်းတွဲတွေကလည်း အရမ်းကို အောင်မြင်နေခဲ့တာပါ။

past

present

10. Son Ye Jin
တောင်ကိုရီးယားရဲ့အသိအမှတ်ပြုဆုံး မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီး Son Ye Jin ကိုတော့ Crash Landing On You ဆိုတဲ့ မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားအပြီးမှာတော့ ပရိသတ်တွေအတော်လေးကို သတိထားမိပြီး ပိုအောင်မြင်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်တယ်လို့ပြောရင်လဲ မမှားပါဘူး။အခုလိုအောင်မြင်လာတဲ့မင်းသမီးချောလေး Son Ye Jin က အသက် ၃၈ နှစ်ဖြစ်နေပါပြီနော်။ ဒါပေမယ့် အခုထိလဲနုပျိုနေဆဲ လှပနေဆဲပါနော်။

past

present


Ref;Koreaboo,by Christine Fernandez

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.