ဗိုက်ခွဲမွေးတဲ့ မိခင်တွေက ဘာလို့ ခါးနာရတာလဲ

ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေ က အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်မျိုး နဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။

ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာကဘာကြောင့်လဲ

ဗိုက်ခွဲမွေးတယ်ဆိုရင် အသားပေါ်ဓားတင်တဲ့ အနာဒဏ်ကို ခံနိုင်ဖို့အတွက် ခါးဆစ်ရိုးထဲကို ထုံဆေးပေးလေ့ရှိကြပါတယ်။ ထုံဆေးအပ်ဟာ အသား၊ ကြွက်သား၊ ခါးဆစ်ရိုးအရွတ်နဲ့ အာရုံကြောတို့ကို ဖြတ်ပြီး သွားရတာကြောင့် ထုံဆေးအာနိသင်ပြနေတဲ့အချိန်တော့ ဘာမှ မသိပေမယ့် ထုံဆေးပြယ်သွားတဲ့အခါမှာတော့ ဆေးထိုးထားတဲ့ဒဏ်ကြောင့် ခါးနာလာရတာဖြစ်ပါတယ်။

ပုံမှန်ခါးနာတာ မဟုတ်ဘဲနဲ့ ဒီလို ဗိုက်ခွဲမွေးပြီးလို့ နာတဲ့ ခါးကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ

ရေနွေးစိမ်ရေချိုးပါ

တစ်ကိုယ်လုံးက အကြောအချဉ်တွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းသွားစေတဲ့နေရာမှာ ရေနွေးလောက်ကောင်းတဲ့ အရာမရှိတော့ပါဘူး။ အခုလို ခွဲမွေးပြီးနောက် နာနေတဲ့ ခါးသက်သာစေဖို့ အတွက် သူက ပိုလို့တောင် ကောင်းသေးတာပေါ့့။ ရေနွေးထဲကို ဆားရည်လေးထည့်ပြီး စိမ်လိုက်ရင် သင်ခံစားနေရတဲ့ ခါးနာတဲ့ဝေဒနာ ယူပစ်လိုက်သလို ပျောက်သွားဖို့ အာမခံပါတယ်။

အပေါ့စား လေ့ကျင့်ခန်းလေးတွေလုပ်ပါ

လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဘယ်အချိန်လောက်ဆို လေ့ကျင့်ခန်း လုပ်လို့ရပြီလဲဆိုတာ မေးကြည့်ပါ။ မပြင်းထန်တဲ့ အပေါ့စားလေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ယောဂ လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ Pilates လေ့ကျင့်ခန်းတွေ လုပ်ကြည့်ပါ။

အပူ အအေးနဲ့ ကုသကြည့်ပါ

ခါးနာနေတဲ့ နေရာကို ရေနွေးအိတ်၊ ရေခဲအိတ်ကပ်ပေးခြင်းအားဖြင့် နာနေတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး ခါးနာနေတာ သက်သာသွားစေမှာပါ။


Ref;HEALTH GROUP

707 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.