K-pop လောကရဲ့နယ်ပယ်ကိုချဲ့ထွင်လိုက်တဲ့ Ga In ရဲ့ခပ်ကြမ်းကြမ်း ဂီတဗီဒီယို ‘Fxxk U’

ga_ins_fxxk_u.jpg

 

၂၀၁၃ ကို K-pop ရဲ့ sexy အကျဆုံးနှစ်အဖြစ် K-Town ကကြေငြာခဲ့ပါတယ်။ ဒါပေမယ့်Ga In ရဲ့သီချင်းသစ် “Fxxk You” မှာလိုပွင့်လင်ရဲတင်းတဲ့ အရာမျိုးတွေကိုတော့မြင်ရခဲမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာသူမရဲ့အဖွဲ့ Brown Eyed Girls ကို အရောင်းမြှင့်တင်ပေးပြီး နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရအောင်လုပ်ပေးခဲ့သလို Psy ရဲ့ Gentleman ဗီဒီယိုထဲမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၄ မှာတော့သူမရဲ့ ခပ်ကြမ်းကြမ်း single သီချင်းနဲ့စဖွင့်ပြီး ဗီဒီယိုကိုထုတ်လိုက်ပါပြီ။ ကြွရွနေတဲ့ ဂစ်တာရစ်သမ်နဲ့ R&B ဆန်တဲ့ ဟာမိုနီကို Bumkey ရဲ့ချောမွေ့တဲ့ ရပ်နဲ့အဆိုကိုကြားရမှာပါ။

သီချင်းရဲ့အကြောင်းအရာဖြစ်တဲ့ အချစ်နဲ့ပါတ်သတ်ပြီး စိတ်ဘ၀င်မကျမှုကတော့ K-pop မှာအသစ်အဆန်းမဟုန်ပါဘူး။ ဒါပေမယ့် အဆိုတော်ရဲ့ X အဆင်ရှိတဲ့သရုပ်ဆောင်မှုတွေကတော့ လုံးဝအသစ်အဆန်းဖြစ်ပါတယ်။ Chorus ကိုဘာသာပြန်ရရင် “Fxxk You, ငါဒါကိုအခုအလိုမရှိဘူး။ ဘာမှမဖြစ်သလိုမျိုးမင်းဘေးနားမှာလှဲမနေနိုင်ဘူး။ Fxxk You, မင်းသိပါတယ်, Fxxk You! ငါဒါကိုဒီလိုမျိုးလုပ်ချင်တာမဟုတ်ဘူး။ ငါခံစားနေရတာ ဒီလိုမဟုတ်ဘူး။ Fxxk You” လို့အဓိပ္ပါယ်ရပါတယ်။

Ga In ဟာစိတ်ပျက်စရာအချစ်ဇာတ်လမ်းထဲပိတ်မိနေတဲ့ မိန်းမတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပြီး သူမ အဖေါ်ရဲ့မျက်နှာကိုတံတွေးနဲ့ထွေးအပြီးမှာတောင် သူ့ရဲ့ရင်ခွင်ထဲကကမလွတ်မြောက်နိုင်သေးပါဘူး။

နောက်ဆုံးမှာတော့ sexy ကျတဲ့ ရေချိုးခန်းကနေသွေးစွန်းတဲ့ အရှုပ်အပွတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။

ဒီအငြင်းပွားဖွယ်ကောင်းတဲ့ သီချင်းဗီဒီယိုကို တောင်ကိုရိးယားရဲ့အကြီးဆုံးရုပ်သံဌာနတစ်ခုဖြစ်တဲ့ SBS က ထုတ်လွှင့်ပြသဖို့မသင့်တော်ကြောင်းယူဆခဲ့ပါတယ်။

Fxxk You ဟာ Ga In ရဲ့ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ထွက်တော့မယ့် EP “Truth or Dare” ထဲက single သီချင်းဖြစ်ပါတယ်။

Ref:billboard.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.