ဂင်မ်ချီအရည်ဟင်းချက်နည်း(ဂင်မ်ချီကျီဂဲး)

ကိုရီးယားတွေရဲ့အစားအစာတစ်မျိုးဖြစ်တဲ့ ဂင်မ်ချီကျီဂဲလို့ခေါ်တဲ့ ဂင်မ်ချီအရည်ဟင်းပြုလုပ်တဲ့နည်းလေးကို ပြောပြပေးသွားမှာပါ။
ပါဝင်ပစ္စည်းတွေကတော့ ၀က်သား၊ ဂင်မ်ချီ၊ ကိုရီးယားငရုတ်အနှစ်၊ ငရုတ်သီးအမှုန့်၊ နှမ်းဆီ၊ ဆား၊ သကြား၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကိုရီးယားရေညှိခြောက်၊ ငါးနီတူခြောက်တို့ လိုအပ်ပါတယ်။

ပထမဦးဆုံး မုန်လာဥကိုအခွံခွာပါ။အဲ့ဒီနောက်မှာတော့ မထူမပါးလေးလှီးပေးပြီး သန့်စင်ထားရပါမယ်။ ပြီးရင်တော့ ကြက်သွန်မြိတ် အမြစ်နားကအပိုင်းကိုဖြတ်ပြီး ရေဆေးသန့်စင်ပေးထားပါ။

ဒုတိယအဆင့်အနေနဲ့ ငါးနီတူခြောက်ကို ခေါင်းဖြုတ်ထားပါ။
ငါးနီတူငါးလေးတွေကို သန့်စင်ပြီးသွားရင်တော့ အိုးတစ်လုံးထဲကို အကုန်ရောထည့်လိုက်ပါ။
ရေညှိခြောက်ကိုလည်း ထည့်ပေးပါ။ အားလုံးထည့်ပြီးပါက ရေထည့်ပြီး မိနစ်အနည်းငယ်လောက် ပြုပ်ထားပါ။ ရေညှိခြောက်အနံ့နဲ့ ငါးခြောက်အနံ့များ ပေါင်းပြီး နံ့လေးမွှေးလာပါလိမ့်မယ်။

မိနစ်အနည်းငယ်ခန့် ပြုတ်ပြီးရင် အရည်နှင့် အဖတ်ကွဲသွားအောင် စစ်ပေးပါ။ စစ်ထားတဲ့အရည်ကို ခဏဖယ်ထားပါ။

ဝက်သားဂင်မ်ချီဟင်းရည်အတွက်ကတော့ ဝက်သားကိုအတုံးလေးတွေလှီးပြီး သန့်စင်ထားပေးပါ။ ကြက်သွန်နီခပ်ကြီးကြီး တစ်လုံးကို မထူမပါးလေးလှီးပေးထားပါ။ ကြက်သွန်မြိတ်ကို လက်နှစ်ဆစ်ခန့်လှီးဖြတ်ထားပေးရပါမယ်။

ဂင်မ်ချီဟင်းရည်ချက်မယ့်အိုးထဲကို ဂင်မ်ချီတစ်ပန်းကန်၊ ဝက်သား၊ လှီးထားတဲ့ကြက်သွန်နီ၊ ဆား၊ သကြား တို့ကိုရောထည့်ထားပါ။

ခုနက စစ်ထားတဲ့ပြုတ်ရည်ကို ထည့်လိုက်ပြီး မိနစ်အနည်းငယ်တည်ထားပါ။

ပြီးနောက် မိနစ်အနည်းငယ်ကြာရင် အသားနူးမနူး စမ်းကြည့်ပါ။ အသားရဲ့ အတုံးကသေးသောကြောင့် မိနစ်အနည်းငယ်ဆိုကျက်ပါတယ်။

အသားလဲကျက်ပြီဆိုရင် ပဲပြားကို မထူမပါးအပြားလှီးထားတာကို အပေါ်ကတင်ပါ။ မိနစ်အနည်းငယ်ခန့်ထားပေးထားလိုက်ပါ။ ခဏကြာသော် အဖုံးဖွင့်ပြီး လှီးထားတဲ့ကြက်သွန်မြိတ်ကို အပေါ်ကဖြူးပြီး မီးပိတ်ထားလိုက်ပါ။

ပြီးရင်တော့ အရသာကို စိတ်ကြိုက်ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါတယ်။


Ref;NAVER

209 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.