ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်ဆိုတဲ့ Seo Ye Ji

tvN’s Drama မှာပြသနေတဲ့ Okay to Not Be Okay ဇာတ်လမ်းတွဲမှာ စာရေးဆရာမတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီး Seo Ye Ji ကတော့ အရမ်းကို အောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ပါ။


ရှေ့နေတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lawless Lawyer ဇာတ်ကားမှာလဲ ပရိသတ်တွေက အတော်လေးကို အားပေးခဲ့ကြတာပါ။

ဒါပေမယ့် Seo Ye Ji တစ်ယောက်ကရဲ အရာရှိတစ်ယောက်ဆိုရင်လဲ မမှားပါဘူး။King Entertainment ရဲ့ပြောပြချက်အရ မင်းသမီး Seo Ye Ji က ၂၀၁၈ ခုနှစ်မှာ ရဲအရာရှိများနှင့်အတူပါဝင်တဲ့ အစည်းအဝေးတွင် ဂုဏ်ထူးဆောင် ရဲအရာရှိတစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ထိုပွဲများ ဒါရိုက်တာများ၊ ထုတ်လုပ်သူဒါရိုက်တာများ၊ ရဲဗဟိုပြုအကြောင်းအရာများကို ထုတ်ဝေတဲ့ စာရေးဆရာမတွေပါတတ်ရောက်ခဲ့ကြပါတယ်။

Seo Ye Ji သည် အရာရှိတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေစဉ်က ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်အဖြစ်၊အများရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဂုဏ်ထူးဆောင်ရဲအရာရှိတစ်ယောက်အဖြစ် ခန့်အပ်ခဲ့တာပါလို့ သိရပါတယ်။

အဲ့ဒီလိုမျိုး သူမကို ချီးမြှင့်ပေးခဲ့တဲ့အတွက် တာဝန်ရှိတဲ့နိုင်ငံသား တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ဦးအနေဖြင့်ပါ ကောင်းမွန်တဲ့ ဘက်ကိုသာ ဆက်လက်လုပ်ဆောင်သွားပါ့မယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။


Ref;Koreaboo

429 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.