ကောင်မလေးတွေ မကြားချင်တဲ့စကား
[ Unicode ]
သင်က ယောက်ျားလေးတစ်ယောက်ဆိုရင် ဒါတွေ သင့်ချစ်သူမိန်းကလေးကို မပြောပါနဲ့။ ကျွန်မတို့ မိန်းကလေးတွေက ဒါတွေကို မကြိုက်ပါဘူးရှင့်။
၁။ ရှင် စော်ကြည်တယ်ဆိုတာ လာမပြောပါနဲ့။ ကျွန်မတို့ သဝန်တိုတတ်လို့ပါ။
၂။ အလုပ်တွေ အရမ်းရှုပ်နေတယ်လို့ မပြောပါနဲ့။ ရှင်တို့ အလုပ်များနေချိန် ကျွန်မတို့ မနှောင့်ယှက်ပါဘူး။ ကျွန်မတို့ကို အချိန်ပေးဖို့လည်း လိုတယ်ဆိုတာ သိစေချင်ပါတယ်။
၃။ ချမ်းသာကြောင်း မကြွားပါနဲ့။ ချမ်းသာလို့ ချစ်တာမဟုတ်ပါဘူး။ ကြွားတတ်တဲ့ ယောက်ျားလေးတွေကိုလည်း ကျွန်မတို့ အထင်မကြီးဘူးလေ။
၄။ အရင် ရည်းစားနဲ့ မနှိုင်းယှဉ်ပါနဲ့။ ကျွန်မက ချစ်လို့သာဆိုးနေမိတာပါ။ အရင်လူနဲ့ နှိုင်းပြီးပြောခံရရင် ရှင်တို့လည်းကြိုက်မှာမဟုတ်ဘူးမို့လား။
၅။ ရှင် ပွေတဲ့ရှုပ်တဲ့အကြောင်းတွေလည်း မသိချင်ပါဘူး။ ဘယ်လောက်သောက်နိုင်တာတွေ၊ ဖဲဘယ်လောက်ရှုံးတာတွေကို သိရရင် ကျွန်မတို့ စိတ်ပျက်ပါတယ်။
၆။ အတင်းမတုပ်ပါနဲ့။ ယောက်ျားဆိုတာ တည်ကြည်ရမယ်လို့ ကျွန်မတို့ မျှော်လင့်ထားတာပါ။
မိန်းမတွေလုပ်တဲ့ အတင်းပြောတာမျိုးတွေ မလုပ်ပါနဲ့။ ကျွန်မတို့က ကိုယ့်ချစ်သူကို အထင်ကြီး လေးစားချင်လို့ပါ။
၇။ တစ်ခုခု ပြောချင်ရင် အေးအေးဆေးဆေးပြောပါ။ ကျွန်မတို့ကို မအော်ပါနဲ့။ အော်ဟစ်ပြောတာမျိုးဆိုရင် ကျွန်မတို့ ဝမ်းနည်းတတ်လို့ပါ။
Ref; rsgoals
184 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.