ခရမ္းသီးမီးဖုတ္သုပ္ ျပဳလုပ္နည္း

တမယ္တည္းနဲ႔ ထမင္းၿမိန္ေစမဲ့ ခရမ္းသီးမီးဖုတ္သုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္သည့္အမယ္မ်ားကေတာ့ ခရမ္းသီးအလုံးႀကီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္း၊ နံနံပင္၊ င႐ုတ္ေကာင္းမႈန႔္၊ ဟင္းခတ္မႈန႔္၊ ဆား၊ ဆီ တို႔ လိုအပ္ပါမယ္။

ျပဳလုပ္နည္း
၁။ ပထမဆုံး ခရမ္းသီးကို မီးေသြးမီးေပၚတင္ၿပီး အျပင္ခြံ ကြၽမ္းတဲ့အထိ က်က္ေအာင္ ဖုတ္ေပးပါ။
၂။ ဖုတ္ထားေသာ ခရမ္းသီးကို ဇလုံတစ္ခုထဲမွာ ေရထည့္ၿပီး အခြံခြာထားကာ ခရမ္းသီးမွ ထြက္ေသာ အေစးမ်ား ထြက္ေအာင္ေဆး၍ ေရစစ္ထားေပးပါ။
၃။ ၾကက္သြန္ျဖဴကို အခြံခြာၿပီး ဓါးျပား႐ိုက္ထားပါ။ ၾကက္သြန္နီကို အခြံခြာၿပီး ေရေဆးကာ ခပ္ပါးပါး လွီးထားပါ။
၄။ နံနံပင္ကို ေရေဆးၿပီး အေနေတာ္ လွီးထားပါ။ င႐ုတ္သီးစိမ္းကို ေရေဆးၿပီး ခပ္ပါးပါး လွီးထားပါ။
၅။ အားလုံးအဆင္သင့္ ျဖစ္တာနဲ႔ ဇလုံတစ္လုံးထဲမွာ ပါဝင္ပစၥည္း အားလုံးကိုထည့္ပါ။
၆။ ၿပီးတာနဲ႔ အရသာ မွ်တေအာင္ ခပ္ဖြဖြ နယ္ေပးၿပီး အရသာျမည္းကာ လိုအပ္သလို ျပင္ေပးပါ။
၇။ ဆီႏွင့္ င႐ုတ္ေကာင္းနံ႔သင္းပ်ံ႕ေနေသာ ခရမ္းသီးမီးဖုတ္သုပ္ ေမႊးေမႊးေလးကို ထမင္းပူပူေလးနဲ႔ သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

တမယ်တည်းနဲ့ ထမင်းမြိန်စေမဲ့ ခရမ်းသီးမီးဖုတ်သုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သည့်အမယ်များကတော့ ခရမ်းသီးအလုံးကြီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

ပြုလုပ်နည်း
၁။ ပထမဆုံး ခရမ်းသီးကို မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ။
၂။ ဖုတ်ထားသော ခရမ်းသီးကို ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ။
၃။ ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
၄။ နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။ ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
၅။ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပါ။
၆။ ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုအပ်သလို ပြင်ပေးပါ။
၇။ ဆီနှင့် ငရုတ်ကောင်းနံ့သင်းပျံ့နေသော ခရမ်းသီးမီးဖုတ်သုပ် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

288 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.