ခ်စ္စိတ္ကို ပ်က္ျပားေစတဲ့ အခ်က္ ၇ ခ်က္

ကိုယ္နဲ႔ ခ်စ္သူၾကား ခ်စ္စိတ္တျဖည္းျဖည္းေလ်ာ့နည္းလာတာက္ို ခံစားရရင္ သည္အခ်က္ေတြကို ႀကိဳးစားေ႐ွာင္႐ွားသင့္ပါတယ္။

၁။ ရည္းစားေဟာင္းအေၾကာင္းေျပာျခင္း
ရည္းစားေဟာင္းအေၾကာင္းေျပာတာဟာ ခ်စ္စိတ္ကို ပ်က္ျပားေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ တြက္ၾကည့္ရင္ ကိုယ့္ခ်စ္သူက သူ႔အဆက္ေဟာင္းအေၾကာင္း ေျပာျပတာကို ကိုယ္ႀကိဳက္လို႔လား။ ႀကိဳက္မွာမဟုတ္ပါဘူး။ သည္ေတာ့ ခ်စ္သူက မင္းအဆက္ေဟာင္းအေၾကာင္းေျပာျပစမ္းပါ ဆိုရင္ေတာင္ မေျပာဘဲ စကားလႊဲဖို႔ ႀကိဳးစားပါ။

၂။ ကိုယ့္ကိုယ္ကို စိတ္ပ်က္ၿငီးျငဴျခင္း
ခ်စ္သူေကာင္မေလးက သူ႔ကိုယ္သူ ၿငီးတြားျငဴစူေနတာကို ဘယ္ေယာက်ာ္းမွ ၾကားခ်င္မွာ မဟုတ္ဘူး။ ကိုယ္က ကိုယ့္ကိုကိုယ္ ဘယ္လိုပဲ ျမင္ျမင္ ခ်စ္သူေကာင္ေလးက ကိုယ့္ကို သေဘာက်တဲ့အေၾကာင္းရင္းတစ္ခုေတာ့ ႐ွိပါတယ္။ သူက ကိုယ့္ကို ခ်စ္ၿပီး ကိုယ္ဟာလွတယ္၊ ဆြဲေဆာင္မႈ႐ွိတယ္လို႔ ထင္ပါတယ္။ တကယ္လို႔ ကိုယ့္ကိုယ္ကို မခ်စ္ရင္ ခ်စ္သူကလည္း ကိုယ့္ကိုခ်စ္ဖို႔ ခက္ခဲပါလိမ့္မယ္။

၃။ ကိုယ့္သူငယ္ခ်င္းအဖြဲ႔ထဲက ဇာတ္လမ္းစံုကို ခင္းျပျခင္း
ကိုယ့္သူငယ္ခ်င္းအဖြဲ႔ထဲက ဇာတ္စံုကို အျမဲခင္းၿပီး ၿငီးတြားေနမယ္ဆိုရင္ အခု ရပ္လိုက္ပါေတာ့။ ခ်စ္သူက ဒါကို အေရးစိုက္မွာ မဟုတ္ပါဘုး။ ဒါေၾကာင့္ ဒီအေၾကာင္းနဲ႔ သူ႔ကို စိတ္႐ႈပ္ေအာင္ မလုပ္ပါနဲ႔။ ဒီအေၾကာင္းေတြကိုခ်ည္း ႏွစ္ေယာက္သား ေျပာေနမယ္ဆိုရင္ ကိုယ့္အေၾကာင္းကိုယ္ေျပာဖို႔အခ်ိန္ ဘယ္႐ွိေတာ့မွာလဲ။

၄။ တေယာက္တကြဲ စိတ္ႀကိဳက္ေနျခင္း
စံုတြဲအမ်ားစုဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် တေယာက္တကြဲ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ၾကပါေတာ့တယ္။ သည္အခ်က္ေၾကာင့္ပဲ တေယာက္နဲ့တေယာက္ သံေယာဇဥ္ ေလ်ာ့ပါးလာပါတယ္။ တကယ္လို႔ ႏွစ္ေယာက္လံုးႀကိဳက္တာတစ္ခုခု ႐ွိမယ္ဆိုရင္ အဲဒီအလုပ္ကိုမျပတ္ေစဘဲ ဆက္လုပ္သင့္ပါတယ္။

၅။ ဖ႐ိုဖရဲကပိုက႐ို ၀တ္ဆင္ျခင္း
မိန္းကေလးေတြအတြက္ ဒါက အေရးႀကီးပါတယ္။ ခ်စ္သူနဲ႔ကိုယ္ ခ်စ္သက္တမ္းဘယ္ေလာက္ၾကာၾကာ ခ်စ္သူက တစ္ခုခုကိုေတာ့ ျမင္ခ်င္မွာပါပဲ။ ဖရိုဖရဲ မသပ္မရပ္ပံုစံက တခါတေလ ဆြဲေဆာင္မႈ ႐ွိေပမယ့္အျမဲတမ္းဆိုရင္ စိတ္ပ်က္စရာ ျဖစ္လာပါလိမ့္မယ္။

၆။ ဖုန္းကိုင္ျခင္း
ခ်စ္သူနဲ႔ ခ်စ္စိတ္ျမင့္တက္ေနခ်ိန္မွာ ႐ုတ္တရက္ ဖုန္းျမည္လာတယ္ဆိုပါစို႔။ ဖုန္းကို ေကာက္မကိုင္ပါနဲ႔။ ခ်စ္သူရဲ႕ ခံစားခ်က္ကို အရင္ေတြးၾကည့္ပါ။ ဖုန္းကိုင္လိုက္တဲ့အတြက္ ဒီဖုန္းဟာ သု႔ထက္အေရးႀကီးတယ္လို႔ ခ်စ္သူကယူဆၿပီး ႏွစ္ေယာက္တြဲလာတာ ဘယ္ေလာက္ၾကာၾကာ ခ်စ္စိတ္ကို အဖုအထစ္ျဖစ္ေစပါတယ္။

၇။ ပ်င္းရိျခင္း
သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနလို႔ အိမ္ကို ခ်စ္သူေရာက္လာတာေတာင္ မသိဘူး။ တီဗီၾကည့္ေနလို႔ ညစာေတာင္ မခ်က္ျဖစ္ဘူး။ ဒီလိုပ်င္းရိပံုမ်ိဳးဟာ ခ်စ္စိတ္ကိုေလ်ာ့ပါးေစလို႔ ေသခ်ာေပါက္ ေ႐ွာင္သင့္ပါတယ္။

[ Unicode ]

ကိုယ်နဲ့ ချစ်သူကြား ချစ်စိတ်တဖြည်းဖြည်းလျော့နည်းလာတာကို ခံစားရရင် သည်အချက်တွေကို ကြိုးစားရှောင်ရှားသင့်ပါတယ်။

၁။ ရည်းစားဟောင်းအကြောင်းပြောခြင်း
ရည်းစားဟောင်းအကြောင်းပြောတာဟာ ချစ်စိတ်ကို ပျက်ပြားစေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကိုယ့်ချစ်သူက သူ့အဆက်ဟောင်းအကြောင်း ပြောပြတာကို ကိုယ်ကြိုက်လို့လား။ ကြိုက်မှာမဟုတ်ပါဘူး။ သည်တော့ ချစ်သူက မင်းအဆက်ဟောင်းအကြောင်းပြောပြစမ်းပါ ဆိုရင်တောင် မပြောဘဲ စကားလွှဲဖို့ ကြိုးစားပါ။

၂။ ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငြူခြင်း
ချစ်သူကောင်မလေးက သူ့ကိုယ်သူ ငြီးတွားငြူစူနေတာကို ဘယ်ယောကျာ်းမှ ကြားချင်မှာ မဟုတ်ဘူး။ ကိုယ်က ကိုယ့်ကိုကိုယ် ဘယ်လိုပဲ မြင်မြင် ချစ်သူကောင်လေးက ကိုယ့်ကို သဘောကျတဲ့အကြောင်းရင်းတစ်ခုတော့ ရှိပါတယ်။ သူက ကိုယ့်ကို ချစ်ပြီး ကိုယ်ဟာလှတယ်၊ ဆွဲဆောင်မှုရှိတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို မချစ်ရင် ချစ်သူကလည်း ကိုယ့်ကိုချစ်ဖို့ ခက်ခဲပါလိမ့်မယ်။

၃။ ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်လမ်းစုံကို ခင်းပြခြင်း
ကိုယ့်သူငယ်ချင်းအဖွဲ့ထဲက ဇာတ်စုံကို အမြဲခင်းပြီး ငြီးတွားနေမယ်ဆိုရင် အခု ရပ်လိုက်ပါတော့။ ချစ်သူက ဒါကို အရေးစိုက်မှာ မဟုတ်ပါဘုး။ ဒါကြောင့် ဒီအကြောင်းနဲ့ သူ့ကို စိတ်ရှုပ်အောင် မလုပ်ပါနဲ့။ ဒီအကြောင်းတွေကိုချည်း နှစ်ယောက်သား ပြောနေမယ်ဆိုရင် ကိုယ့်အကြောင်းကိုယ်ပြောဖို့အချိန် ဘယ်ရှိတော့မှာလဲ။

၄။ တယောက်တကွဲ စိတ်ကြိုက်နေခြင်း
စုံတွဲအများစုဟာ အချိန်ကြာလာတာနဲ့အမျှ တယောက်တကွဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါတော့တယ်။ သည်အချက်ကြောင့်ပဲ တယောက်နဲ့တယောက် သံယောဇဉ် လျော့ပါးလာပါတယ်။ တကယ်လို့ နှစ်ယောက်လုံးကြိုက်တာတစ်ခုခု ရှိမယ်ဆိုရင် အဲဒီအလုပ်ကိုမပြတ်စေဘဲ ဆက်လုပ်သင့်ပါတယ်။

၅။ ဖရိုဖရဲကပိုကရို ဝတ်ဆင်ခြင်း
မိန်းကလေးတွေအတွက် ဒါက အရေးကြီးပါတယ်။ ချစ်သူနဲ့ကိုယ် ချစ်သက်တမ်းဘယ်လောက်ကြာကြာ ချစ်သူက တစ်ခုခုကိုတော့ မြင်ချင်မှာပါပဲ။ ဖရိုဖရဲ မသပ်မရပ်ပုံစံက တခါတလေ ဆွဲဆောင်မှု ရှိပေမယ့်အမြဲတမ်းဆိုရင် စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။

၆။ ဖုန်းကိုင်ခြင်း
ချစ်သူနဲ့ ချစ်စိတ်မြင့်တက်နေချိန်မှာ ရုတ်တရက် ဖုန်းမြည်လာတယ်ဆိုပါစို့။ ဖုန်းကို ကောက်မကိုင်ပါနဲ့။ ချစ်သူရဲ့ ခံစားချက်ကို အရင်တွေးကြည့်ပါ။ ဖုန်းကိုင်လိုက်တဲ့အတွက် ဒီဖုန်းဟာ သု့ထက်အရေးကြီးတယ်လို့ ချစ်သူကယူဆပြီး နှစ်ယောက်တွဲလာတာ ဘယ်လောက်ကြာကြာ ချစ်စိတ်ကို အဖုအထစ်ဖြစ်စေပါတယ်။

၇။ ပျင်းရိခြင်း
သူငယ်ချင်းတွေနဲ့ စကားပြောနေလို့ အိမ်ကို ချစ်သူရောက်လာတာတောင် မသိဘူး။ တီဗီကြည့်နေလို့ ညစာတောင် မချက်ဖြစ်ဘူး။ ဒီလိုပျင်းရိပုံမျိုးဟာ ချစ်စိတ်ကိုလျော့ပါးစေလို့ သေချာပေါက် ရှောင်သင့်ပါတယ်။

Ref; rsgoals

 

208 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.