ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဆိုပြီး အစွဲမရှိဘူးလို့ ဆိုလိုက်တဲ့ ဇော်ပိုင်

12.jpg

ဂီတလောကထဲမှာ အောင်မြင်မှုနဲ့ ရပ်တည်လာနိုင်ခဲ့တဲ့ ဇော်ပိုင်ဟာ ခုလတ်တလော နယ်ရှိုးတွေနဲ့ မအားမလပ်ဖြစ်နေတယ်လို့ သိရတာကြောင့် သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု နဲ့အတူ တစ်ကိုယ်တော် အခွေအကြောင်း မေးကြည့်လိုက်တဲ့အခါ ‘အခု အခွေတစ်ခွေအသစ် လုပ်နေတယ်။ နယ်ရှိုးပွဲတွေ သွားဖြစ်တယ်။ ရန်ကုန်ကတော့ ရှေ့လ ၁၂ ရက်နေ့ ရှိမယ်။ ပြည်သူ့ရင်ပြင်မှာပေါ့။ တစ်ကိုယ်တော်အသစ်ကတော့ ဒီနှစ်အလယ်လောက်တော့ ထွက်ဖြစ်မှာပါ။ သီချင်းတွေကတော့ ရွေးနေတုန်းပါပဲ။ ခေါင်းစဉ်လဲ မစဉ်းစားရသေးဘူး။ တေးရေးတွေကလဲ ကိုယ်နဲ့ လက်တွဲနေကျသူတွေပါပဲ။ သီချင်းအမျိုးအစားတွေက အနှေးလေးတွေနဲ့ R&Bပုံစံလေးတွေပေါ့။ ကော်ပီတို့၊ Own Tune တို့ဆိုပြီး အစွဲမရှိဘူး။ သင်္ကြန်ကတော့ မန္တလေးမှာဖြစ်မှာပါ။ သင်္ကြန်သီချင်းက ထွက်ဖို့ရှိပါတယ်။ အစ်ကိုတို့တွေ စုပြီးလုပ်ထားတဲ့ အခွေလေးပါ။ ရှေ့လလောက်ဆိုထွက်ပါပြီ။ ပရိသတ်နဲ့တော့ အမြဲတွေ့ဖြစ်နေပါတယ်။ လိုအပ်ချက်လေးတွေ၊ သူတို့နဲ့က ညှိနှိုင်းနေရတုန်းပါပဲ။’လို့ သူက ပြောပါတယ်။

ရန်ကုန်မှာ သူပါတဲ့ ရှိုးတွေ နည်းသွားပေမယ့် နယ်ရှိုးတွေ လက်ခံဖြစ်တဲ့အပေါ်မှာလည်း သူက ‘ခု လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံး ဖွံ့ဖြိုးတိုးတက်လာတော့ ပွဲတွေတော်တော် စိပ်လာတယ်။ အရင်ထက် ပွဲတွေပိုများလာတယ်’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.