မျက်စိတမှိတ်အတွင်းမှာတင် ကြီးပြင်းလာကြတဲ့ အနုပညာရှင်များ

ကလေးဘဝတုန်းကလဲ လူကြိုက်များပြီး အောင်မြင်ခဲ့သလို အခုချိန်မှာလဲ ဆက်လက်အောင်မြင်နေတဲ့ အနုပညာရှင်လေးတွေပါနော်။

1. Jin Ji Hee


Jin Ji Hee ကတော့ ၂၀၀၆ ခုနှစ်မှာ Alone in Love နှင့် High Kick Through The Roof ဇာတ်ကားတို့မှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ပါဝင်ခဲ့တာပါ။

သူမရဲ့ ချစ်စရာလေးနဲ့ မူယာပိုတဲ့ မျက်နှာလေးကြောင့်လဲ လူသိများခဲ့သလို ပရိသတ်အချစ်တွေကိုလည်း ရရှိခဲ့တာပါ။

အခုဆိုရင် သူမအသက် ၁၉ နှစ်ပြည့်ခဲ့ပါပြီနော်။ အရင်လိုပဲ ချစ်စရာရုပ်လေးမပျောက်ပဲနဲ့ ပိုလို့တောင် လှပနေပါတယ်နော်။

2. Yoo Seung Ho


ကလေးသရုပ်ဆောင်အဖြစ် လူသိများတဲ့ Yoo Seung Ho ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Way Home ဇာတ်ကားမှာပါဝင်ခဲ့ပြီး Little So Ji Sub လို့တောင် လူသိများပါတယ်။

၂၀၁၅ ခုနှစ်မှာ စစ်မှုထမ်းကာလပြီးဆုံးသွားချိန်မှာတော့ Magician, The Emperor:Ruler of the Mask, and later I’m Not Robot စတဲ့ ဇာတ်ကားတွေမှာ Strange Hero တစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။

3. Kim Yoo Jung


၂၀၀၃ ခုနှစ်မှာ ကလေးသရုပ်ဆောင်အနေနဲ့ ပွဲဦးထွက်ခဲ့တဲ့ Kim Yoo Jung ကတော့ Korea’s Little Sister လို့တောင် လူသိများပါတယ်။

အဲ့ဒီနောက်မှာတော့ Moon Embracing The Sun and Angry Mom ဒရမ်မာဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

Inkigayo ဂီတပြပွဲကို ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့ပြီးတဲ့နောက်မှာတော့ Love in the Moonlight (2016)ဒရမ်မာဇာတ်လမ်း တွဲကို Park Bo Gum နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။

4. Yeo Jin Goo


Kim Yoo Jung လိုပဲ မင်းသား Yeo Jin Goo ကလဲ ၂၀၀၅ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီးတော့ Nation’s Little Brother အဖြစ်နဲ့ လူသိများခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ လူငယ်သရုပ်ဆောင်တွေအနေနဲ့ Moon Embracing the Sun မှာပါဝင်ခဲ့ကြပါတယ်။

5. Go Ah Sung


၂၀၀၆ ခုနှစ်မှာ Blockbuster Movie ရဲ့ The Host ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကတော့ Go Ah Sung ပါ။အခုဆိုရင် သူမလဲအရမ်းကိုအောင်မြင်နေပြီး အရင်ကထက်လဲ အများကြီးချောနေတာပါနော်။

6. Kim Sae Ron


သူမအသက် ၉ နှစ်မှာပဲ Brand New Life နှင့် The Man From Nowhere ရုပ်ရှင်ကားတွေနဲ့အရမ်းကို အောင်မြင်တဲ့ ကလေးသရုပ်ဆောင်ကြယ်ပွင့်လေးဖြစ်ခဲ့တာပါနော်။

အခုဆိုရင် အရမ်းကို လှပကျော့ရှင်းတဲ့ မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။

7. Kim So Hyun


Missing You (2013) မှာ Nation’s Little Sister အဖြစ်သတ်မှတ်ခံခဲ့ရတာတော့ Kim So Hyun ပါ။


အခုဆိုရင်အရမ်းကို အောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလဲရရှိထားသူတစ်ယောက်ပါနော်။


Ref;Koreaboo

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.