မောင်လေးတွေကို ချစ်သူတော်ထားရတဲ့ မတ်မတ်တွေအတွက်

အချစ်ဆိုတာ အသက်အရွယ်မရွေးဖြစ်ပေါ်လာတဲ့တဲ့ခံစားချက်မို့ မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်ထက် အသက်ငယ်တဲ့ မောင်လေးတွေကို မချစ်မိဘူးလို့ မပြောနိုင်ပါဘူး။ဒါကြောင့် မောင်လေးတွေကို ချစ်မိပြီဆိုရင်ဒီလိုအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်နော်။

၁။ သဝန်တိုပေးပါ
သူသွားတဲ့နေရာ၊ သူရှိတဲ့နေရာတွေမှာ ကောင်မလေးတွေရှိရှိမရှိရှိ ကြင်နာဒေါသလေးနဲ့ သဝန်တိုဟန်လေးပြပေးပါ။ အမြဲမဟုတ်ရင်တောင် သူသိသာလောက်အောင် သဝန်တိုနေပါတယ်ဆိုတာပြပေးပါ။ ချစ်လို့ သဝန်တိုတာကိုလည်း သူသိနေပါစေ။ ပြဿနာဖြစ်လောက်တဲ့ထိမဟုတ်ပဲ မကြာမကြာသဝန်တိုပြပေးပါ။ဒီလိုလုပ်ပေးခြင်းကြောင့် မောင်လေးတွေက ကိုယ့်ကို အသဲစွဲချစ်နေမှာပါနော်။

၂။ စိတ်ပူပေးပါ


သူအပြင်သွားနေတယ်၊ အလုပ်သွားနေတယ်၊ သူငယ်ချင်းနဲ့သွားတွေ့တယ် စသဖြင့် သူဘယ်သွားသွား သင်မပါဘူးဆိုရင် စိတ်ပူကြောင်းပြောပြပါ။ ဖုန်းခနခနဆက်ပြီး စိတ်ပူတဲ့အကြောင်းကို သူသိအောင်ပြောပေးပါ။ အိမ်ပြန်မရောက်မချင်း စိတ်ပူပေးနေဖို့လည်းလိုပါမယ်။ သူငယ်ချင်းတွေနဲ့သွားသောက်တယ်ဆိုရင်လည်း အများကြီးမသောက်ဖို့ သတိပေးပါ။ ချုပ်ခြယ်တာမျိုးမဟုတ်ပဲ စိတ်ပူလို့ မသောက်စေချင်တဲ့အကြောင်း သူသိနေပါစေ။

၃။ ကလေးဆန်တယ်လို့မပြောမိပါစေနဲ့
ချစ်သူမောင်လေးက ကိုယ့်ထက်ဘယ်လောက်ပဲငယ်ငယ် ကိုယ်က ဆရာမကြီးလုပ်ပြီး အမိန့်ပေးနေလို့မရပါဘူး။ ကလေးဆန်တယ်လို့ လုံးဝကို မပြောသင့်တာပါ။ သူတကယ် ကလေးဆန်နေပါစေဦးတော့ သင့်စိတ်ထဲမှာပဲထားပါ။ သူ့ကို မရင့်ကျက်ဘူး၊ လူကြီးမဆန်ဘူး၊ ဘာမှလည်း မသိဘူး ဆိုတာမျိုးတော့လုံးဝမပြောမိပါစေနဲ့။ ခလေးလေး စိတ်ထဲမှာ အနာဖြစ်သွားပါလိမ့်မယ်။ ချစ်ရင် ကလေးဆန်တယ်လို့ ထုတ်မပြောမိစေနဲ့နော်။

၎။ သူစိတ်ကောက်နေရင်ချက်ချင်းချော့ပါ
သူစိတ်ကောက်တာနဲ့ ချက်ချင်းချော့ရပါမယ်။ မာနထိခိုက်တာတွေဘာတွေ နောက်မှာ အသာထား။ သူ့ကိုအရင်ချော့လိုက်ရင် ပြဿနာဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။ ချက်ချင်းမချော့ပဲပစ်ထားလိုက်ရင်တော့ ကလေးဒေါသက ပိုကြောက်ဖို့ကောင်းပါတယ်နော်။

၅။ တစ်ခါတစ်လေ ချွဲပေးပါ


သင်က အသက်ပိုကြီးတာမှန်ပေမယ့် သူ့မျက်စိထဲမှာ သူ့ကို အကြီးနေရာမှာထားပြီး သူ့ကိုအားကိုနေတယ်ဆိုတာသူသိဖို့လိုပါတယ်။ ယောက်ျားဆိုတာမျိုးက ကြီးကြီးငယ်ငယ် အချွဲခံချင်ကြတာသဘာဝပါ။ ဒါကြောင့် မောင်လေးအရည်ပျော်ကျသွားအောင် ချွဲပြလိုက်ပါ။ ဒါဆို မောင်လေးလည်း အလိုလို လူကြီးဆန်ပြီး ရင့်ကျက်လာပါလိမ့်မယ်နော်။
Ref;RELATIONSHIPS GOALS

252 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.