ခဝဲသီးပုဇွန်ချက်နည်း

အရည်သောက်လေးစားချင်သူတွေအတွက် လွယ်ကူမြန်ဆန်တဲ့ ပုစွန်နှင့် ခဝဲသီး ချက်နည်းလေးကို ပြောပြလိုက်ပါတယ်။

လိုအပ်တာတွေကတော့
ခဝဲသီး
ပုစွန်
ကြက်သွန်ဖြူ
ကြက်သွန်နီ၊
ဆား
ငရုတ်ကောင်းမှုန့်
ဟင်းခတ်မှုန့်
ဆီ
နနွင်းမှုန့်တို့လိုအပ်ပါတယ်။


ချက်နည်းလေးကတော့
ပထမဦးဆုံး ခဝဲသီးကို အပေါ်ဖက်မှ အခွံမာမာများကို ဓါးနှင့် ခြစ်လိုက်ပါ။ အခွံအားလုံး ကုန်သွားစရာမလိုဘဲ အပေါ်ယံ ကုန်သည်ထိဘဲ ခြစ်ထားပါ။

အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အလုံးလိုက် ရေဆေးပေးပါ။ ရေဆေးပြီးလျှင် အကွင်းလိုက် ခပ်ထူထူလေး လှီးပေးပါ။ပြီးလျှင် ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။

ပုစွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ။ ဒယ်အိုးကို ရေဆေးပြီး ဒယ်အိုးထဲသို့ ပုစွန်၊ ခဝဲသီး၊ ဆား၊ ဆီ၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထည့်ကာ အရသာဝင်အောင် ခပ်ဖွဖွနယ်ပေးပါ။

အရသာ နယ်ပြီးတာနဲ့ရေအနည်းငယ်ထည့်ကာ မီးဖိုးပေါ်တင်ပြီး ဟင်းအိုးကို တည်ပေးပါ။ ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ခဝဲသီးအစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေထပ်ထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ။

ရေဆူပြီး ခဝဲသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်၍ အိုးကိုမီးဖိုပေါ်က ချပြီး ထမင်းပူပူလေးသုံးဆောင်နိုင်ပါပြီ။


Ref;FOODIE

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.