အရမ်းချစ်တတ်သူတွေ ဖြစ်တတ်ကြတဲ့အလေ့အထ

















[ Unicode ]

(၁) ကိုယ်ချစ်တဲ့သူနဲ့ chat တဲ့အခါ Reply မြန်မြန်ရစေချင်တယ်။

(၂) ကိုယ်ချစ်တဲ့သူနဲ့ ပက်သက်တဲ့ ခံစားချက်အချို့ကို သူငယ်ချင်းတွေ အရှေ့မှာ ရင်ဖွင့်ဖူးတယ်။

(၃) သူနဲ့ တွေ့ရတော့မယ့်နေ့တွေဆို မနက်ဖြန်မြန်မြန်ရောက်ချင်တဲ့ စိတ်ကြောင့် အဆောကြီး အိပ်ယာ ဝင်ခဲ့ဖူးတယ်။

(၄) သူ့ကိုသတိရတဲ့အခါတိုင်း အလွမ်းအဆွေး သီချင်းတွေပဲ ရွေးပြီး နားထောင်ဖူးတယ်။

(၅) ဝမ်းနည်းမှု ၊ အားငယ်မှု ၊ စိတ်ဓာတ်ကျမှု တစ်ခုခုကြုံတိုင်း သူ့အနားမှာရှိဖို့ မျှော်လင့်ခဲ့ဖူးတယ်။

(၆) သူနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အခါမျိုးမှာ မျက်စိထဲ မြင်သမျှအရာ အားလုံးကို စိတ်တိုနေတတ်တယ်။

(၇) သူ့ဓာတ်ပုံလေးတွေ ကို ထုတ်ကြည့်ပြီး အလွမ်းဖြေခဲ့ဖူးတယ်။

(၈) ကိုယ့်ကို တခြားတယောက်နဲ့ သူကသဝန်တိုတဲ့အခါ စိတ်ထဲမှာ ကျိတ်ပြီး ဝမ်းသာခဲ့ဖူးတယ်။

(၉) သူနေမကောင်းဖြစ်ရင် ကိုယ်နေမကောင်းဖြစ်တာထက် ပိုပြီး စိတ်ပူတယ်။

(၁၀) သူနဲ့ ရန်ဖြစ်ပြီးမှ ”အော် ငါအလျှော့ပေးလိုက်ရင် ကောင်းသားနော်” ဆိုတဲ့ စိတ်ကလေး တွေးခဲ့ဖူးတယ်။

(၁၁) သူ့ကို အရမ်းလွမ်းလွန်းလို့ သူရှိနိုင်တဲ့ နေရာလေးကို မှန်းဆပြီး ဒီအချိန်ဆို သူဘာလုပ်မနေလဲဆိုတဲ့ အတွေးလေးနဲ့ ရူးလောက်အောင် လွမ်းခဲ့ဖူးတယ်။

(၁၂) သူနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို မှတ်မိနေတတ်တယ်။

(၁၃) သူ့အသံလေးကြားလိုက်ရရင် တစ်နေ့လုံး နေသာထိုင်သာ ရှိသွားရော။

(၁၄) ကိုယ့်ဆန္ဒထက် သူ့ဆန္ဒကို ပိုပြီး ဦးစားပေးတတ်တယ်။

(၁၅) သူနဲ့လမ်းခွဲဖို့ အကြောင်းဆို တကယ်ဖြစ်ဖို့ မပြောနဲ့ စိတ်ထဲမှာ တွေးလိုက်ရင်တောင် နေစရာ နေရာမရှိတော့ဘူး။

(၁၆) သူ့ထက်လှတဲ့သူ ၊သူ့ထက် ခန့်တဲ့သူ ၊ မြင်ရင်တောင် သူ့လောက် လှတယ် ၊ ခန့်တယ် လို့မမြင်မိတော့ဘူး။

Ref; rsgoals

 

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.