ချစ်သူမိန်းကလေးတွေမုန်းတဲ့ အချက် ၈ ချက်
၁။ “မအော်ငေါက်နဲ့”
၎။ “သူရဲဘောကြောင် မပြနဲ့”
၅။ “နောက်မကျနဲ့”
၆။ “အရမ်း မချုပ်ခြယ်နဲ့”
[ Unicode ]
၁။ “မအော်ငေါက်နဲ့”
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကိုအော်ငေါက်တာကို လုံးဝ မကြိုက်ကြဘူး~ချော့ပြောရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်ပဲတုံပြန်တတ်ကြတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိပါစေနဲ့။
၂။ “ဆရာကြီးစတိုင်မလုပ်ပြနဲ့”
မိန်းကလေးတွေကကိုယ့်ချစ်သူ တော်ရင်ထက်မြက်ရင်သဘောကျ ပေမယ့် နေရာတကာ ငါ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်း အမြင်ကပ် လာတတ် တယ်။ ဒါကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင် သာဆောင်နေလိုက်ပါ။
၃။ “အဆက်အသွယ် မလုပ်ဘဲ အကြာကြီးပစ်မထားနဲ့”
ကိုယ်နဲ့သိပ်မရင်းနှီးတဲ့သူတွေကိုအဆက်အသွယ်မလုပ်ပဲအကြာကြီး နေလို့ရပေမယ့် ကိုယ့်ချစ်သူကိုတော့ တနေ့တခါလောက်တော့ ဖုန်းဆက်တာ ပဲဖြစ်ဖြစ် Message ပို့တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်။ တခါတလေ ကိုယ်ပို့ လိုက်တဲ့ Morning Message တစ်စောင်က ကိုယ့်ကောင်မလေးရဲ့ တစ်နေ့တာကို ကိုယ်ထင်တာထက်ပိုပြီး အဓိပ္ပာယ်ရှိသွားစေနိုင်ပါတယ်။
၄။ “သူရဲဘောကြောင် မပြနဲ့”
မိန်းကလေးတိုင်းဟာသူတို့ချစ်သူကိုသတ္တိရှိတဲ့သူတစ်ယောက် ဖြစ်စေချင် ပါတယ်။ဘာတွေပဲပဲဖြစ်ဖြစ်သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူရင်ဆိုင် ပေးနိုင်မယ့်သူတစ်ယောက်ပေါ့ ဒါပေမယ့် အရေးကြုံတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားတတ်ပါတယ်။
၅။ “နောက်မကျနဲ့”
ဘယ်သူမှနောက်ကျရင်မကြိုက်ကြပါဘူး။အထူးသဖြင့်မိန်းကလေး တော်တော်များများ နောက်ကျရင် အရမ်းမုန်းပါတယ်။ ဒါကြောင့် သူတို့ချိန်းထားရင် အတတ်နိုင်ဆုံး အချိန်မှန်ရောက်အောင်သွားပါ။ ။
၆။ “အရမ်း မချုပ်ခြယ်နဲ့”
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူကောင်လေး တားမြစ် ထားတဲ့ကိစ္စတွေကို မလုပ်ဖို့ ဆုံးဖြတ်ထားပင်မယ့် တရားလွန်ချုပ်ခြယ်လာတာ မျိုး ဖြစ်လာရင်တော့ စိတ်ကုန်လာတတ်ပါတယ်။ ဒါကြောင့် တခါတလေ နားလည်မှုပေးပြီး လွှတ်ထားလိုက်ပါ။
၇။ “ရန်ဖြစ်ရင် ဘယ်တော့မှ လက်မပါနဲ့”
ဒါကတော့အပေါ်မှာပြောထားသလိုပါပဲ၊ ကောင်မလေးတွေဟာသူတို့ကို အော်ငေါက်ရင်တောင်မကြိုက်တာလက်ပါပြီးရိုက်နှက်တတ်တဲ့ ကောင်လေးဆိုရင်တော့ စိတ်ထဲကပါ ရွံရှာသွားတတ်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ရင် ဘယ်လောက်ပဲ ဒေါသထွက်ထွက် ကိုယ့်စိတ်ကိုယ်ထိန်းပါ။
၈။ “ကိုယ့်ချစ်သူကို တန်ဖိုးမထားတဲ့ပုံစံ ဘယ်တော့မှ မလုပ်ပြနဲ့”
ဒီအချက်ကတော့အားလုံးထဲမှာအရေးအကြီးဆုံးပါပဲ၊ ကောင်မလေး တစ်ယောက်ဟာ သူမကောင်လေးက သူမကို တန်ဖိုးမထားဘူးလို့ ခံစားရပြီဆို အဲ့ဒါဟာ သူမအတွက် ငရဲတစ်ခုလိုပါပဲ။ ဒါကြောင့် ကိုယ့်ကောင်မလေး ကိုယ့်အတွက် လုပ်ပေးတဲ့ အသေးစိတ်လေးတွေက အစ တန်ဖိုးထားကြောင်းပြပါ။ သူမနှင့် ချစ်ရသည့်အတွက်လည်း ပျော်ရွင်မိကြောင်း ခဏခဏပြောဆိုပါ။ သူမကို ကိုယ်တန်ဖိုးထားကြောင့် သူမသိပါစေ။
တကယ်တော့ ကမ္ဘာပေါ်မှာ အဲ့လိုမျိုးအချက်တွေကို လုပ်ပေးမယ့် “ကောင်လေး” မရှိဘူးလို့ ပြောမယ့် “ကောင်မလေး” တွေ တပြုံကြီးရှိပါတယ်၊ ဒါပေမယ့် အဲ့အချက်တွေ အားလုံးနဲ့မပြည့်စုံရင်တောင် ကိုယ့်ချစ်သူစိတ်ချမ်းသာအောင် အကောင်းဆုံးကြိုးစားပေးဆပ်နေမယ့် “ကောင်လေး” တွေလည်း အများကြီးရှိမှာပါ၊
အဲ့တော့ချစ်သူအားလုံးရန်ဖြစ်ခြင်းတွေကင်းပြီးအဆင်ပြေပြေနဲ့ နေနိုင်ကြပါစေလို့…
အားလုံးသော စုံတွဲတွေ ပျော်ရွှင်ကြပါစေ။
Ref; rsgoals
561 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.