နိုင်ငံတကာက အနုပညာရှင်တွေရဲ့ အထာမကျတဲ့ ဆံပင်ပုံစံများ

elle-braids-rachel-zoe-clpi-rs14-1307-v-xln.jpg

Angelina Jolie (2000)

Jolie ရဲ့ ပွဲတက်ဆံပင်ပုံစံတွေထဲက ပရိသတ်အံ့အားသင့်ခဲ့ရတဲ့ ဆံပင်ပုံစံပေါ့။ မသပ်ရပ်တဲ့ သူမဆံပင်တွေက ဟိုနားက ဖွာထွက်၊ ဒီနားကဖွာထွက်ဖြစ်နေခဲ့တဲ့ အဲ့ဒီ အော်စကာပွဲတုန်းက ဆုရသွားခဲ့တဲ့ သူမရဲ့ အပြုံးမျက်နှာဟာ ဆံပင်ပုံစံနဲ့ လိုက်ဖက်ခြင်း မရှိတာ တွေ့ရမှာပါ။

Rihanna (2011)

ရီရီရဲ့ ဆံပင်ပုံစံကိုလည်း ကြည့်လိုက်ပါဦး။ ဆံပင်ပုံစံနဲ့ အရောင်နဲ့ ဘယ်လိုမှ လိုက်ဖက်ခြင်း မရှိတာမို့ သူမရဲ့ အထာမကျတဲ့ ဆံပင်ပုံစံလို့ပဲ ဆိုရတော့မှာပေါ့။

Cassie (2012)

Cassie ရဲ့ ဆံပင်ပုံစံဟာ အားလုံးရဲ့ အသိအမှတ်ပြုခံခဲ့ရသလို သူမလို shave လိုက်လုပ်တဲ့ မိန်းကလေးတွေလည်း မနည်းမနောပါပဲ။ ဒါပေမယ့် ဒီလို ဆံပင်တစ်ခြမ်းကို ကောက်ပစ်လိုက်တာတော့ ကြည့်ရတာ တစ်မျိုးဖြစ်နေပါတယ်လို့ အားလုံးက သတ်မှတ်လိုက်ပါတယ်။

Drew Barrymore (2009)

ဆံပင်ကာလာကို ဒီလို နှစ်ရောင်စပ်ဆိုးပစ်လိုက်တာမျိုး Drew Barrymore လုပ်ခဲ့တာကြာပေါ့။ အစောကြီးကတည်းကကို အားလုံးထက် အမြင်ရှိခဲ့တဲ့သူပါ။ ဒါပေမယ့် စပ်ဆိုးထားတဲ့ နှစ်ရောင် လိုက်ဖက်မှုမရှိတာလေး တစ်ခုပါပဲ။ အိုင်ဒီယာကတော့ အမိုက်စားပါ။

Jada Pinkett Smith (2013)

Will Smith ရဲ့ မဒီကတော့ ဒီလိုဆံပင်ပုံစံ ထူးထူးဆန်းဆန်းနဲ့ အားလုံးထက် ဂေါ်တယ်ဆိုတာ ပြချင်ခဲ့ပါတယ်။ ဒါပေမယ့် သူမနဲ့ လိုက်ဖက်မှုမရှိတာကြောင့် သူမအစား အဲ့ဒီဆံပင်ပုံစံကို Will Smith ညှပ်လိုက်ပါလားလို့ အားလုံးရဲ့ ပြောဆိုခြင်းခံခဲ့ရတာပါ။

Jennifer Aniston (1999)

ကဲ ရှုပ်ပွနေတာ အထာလား ဘာလားတော့ မသိ။ Jennifer Aniston ကတော့ သူမရဲ့ဆံပင်ပုံစံကို ခုလို ခပ်ရှုပ်ရှုပ်လေး ပရိသတ်ကို ချပြလိုက်တာပါပဲ။

Nicole Richie (2013)

ဖက်ရှင်ပိုင်းမှာ အထာကျတယ်၊ အမြင်ရှိတဲ့သူလည်းဖြစ်တဲ့ Nicole Richie ရဲ့ ဆံပင်အရောင်ကြောင့် အားလုံး ဟာခနဲ ဖြစ်သွားခဲ့ရပါတယ်။ ရှိရင်းစွဲအသက်ထက် အများကြီး ပိုကြီးသွားတယ်လို့ ထင်လိုက်ရတဲ့ ဒီဆံပင်အရောင်ကို သက်သက်များ ဆိုးခဲ့သလားကွယ်။

Alice Dellal (2011)

မော်ဒယ်မလေး Alice Dellal ရဲ့ ဖက်ရှင်စတိုင်လ်ကတော့ အားလုံး လက်မထောင်ပြီးသားပါ။ ဆံပင်ပုံစံကိုလည်း အားလုံးက သဘောကျနေပေမယ့် အရောင်လေး နည်းနည်း ပြန် ရွှိင်းဖို့တော့ လိုနေပြီလေ။

 

Ref:elle.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.