ယူတို့ရဲက အသည်းကျော်လေး IU အကြောင်း

ယူ တို့ရဲ့အသည်းကျော် IU လေးကတော့ အသက် ၂၇ နှစ်လို့သာပြောရပေမယ့် တကယ့်ကို အပြစ်ကင်းစင်ပြီး အရမ်းကို ကလေးဆန်တဲ့မျက်နှာပုံစံမျိုးလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးပါ။

IU ကို 1993 ခုနှစ်၊ မေလ ၁၆ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

သူမရဲ့ ငယ်ဘဝပုံလေးတွေက အရမ်းကို အပြစ်ကင်းစင်ပြီးချစ်စရာကောင်းလွန်ပါတယ်နော်။

IU က ငယ်ငယ်ကတည်းက အဖြူရောင်ရောင်ကို အရမ်းကြိုက်ပုံရပါတယ်။ သူကြိုက်တဲ့ အဖြူရောင်လေးကလည်း IU နဲ့ အရမ်းကို လိုက်ဖက်လွန်းပါတယ်။

IU ကငယ်စဉ်ကတည်းက Performing လုပ်ရတာကို အရမ်းစိတ်ဝင်စားခဲ့တာပါ။

သူမကလေးဘဝတည်းက သရုပ်ဆောင်အလုပ်ကိုလုပ်ဖို့အတွက် လက်မှတ်ထိုးခဲ့ဖူးပါတယ်။ ဒါပေမယ့်လဲ မူလတန်းအရွယ်မှာ မိဘတွေရဲ့ ငွေရေးကြေးရေးအခက်အခဲတွေကြောင့် အဘိုးအဘွားတွေဆီမှာပြောင်းရွှေ့နေခဲ့ရပြီး သူမအိမ်မက်လေးကို ခဏလျစ်လျူရှု ခဲ့ပါတယ်။

Tween တစ်ယောက်ဖြစ်တဲ့ IU  အခက်အခဲတွေ ဖြစ်နေပေမယ့်လဲ သူမ အလယ်တန်းကျောင်းတတ်နေစဉ်အတွင်းမှာ ကုမ္ပဏီအမျိုးမျိုးမှာ audition တွေဝင်ပြိုင်ခဲ့ရပါတယ်။

အခုလိုမျိုး အောင်မြင်နေတဲ့ IU က အရင်တုန်းက audition တွေဝင်ပြိုင်ခဲ့စဉ်မှာ JYP Entertainment ရဲ့ အကြိမ် ၂၀ တောင် ပယ်ဖျက်ခြင်းကို ခံခဲ့ရတာပါ။ ဒါပေမယ့်လဲ အရှုံးမပေးပဲ ဆက်တိုက် လုပ်ဆောင်ခဲ့မှုတွေကြောင့် သူမ အသက် ၁၄ နှစ်မှာ LOEN Entertainment နဲ့ စာချူပ်ချူပ်ဆိုနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ သူမအသက် ၁၅ ခုနှစ်မှာတော့ Lost Child သီချင်းလေးနဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့တာပါ။

ပထမဆုံးပွဲဦးထွက်ပြီးတဲ့နောက်မှာတော့ သူမ သီချင်းအယ်လ်ဘမ်က ရောင်းအားမကောင်းတာကို ရင်ဆိုင်ခဲ့ရပါတယ်။

သူမအသက် ၁၆ နှစ်မှာတော့ လုံးဝကို ချစ်စရာကောင်းတဲ့ လူငယ်တစ်ယောက်အဖြစ်နဲ့ ပြောင်းလဲခဲ့ပါတယ်။ သူမ performing လုပ်ခဲ့တဲ့ သီချင်းလေးတွေကတော့ Girl’s Generation အဖွဲ့ရဲ့ Gee နဲ့ Super Junior အဖွဲ့ရဲ့ Sorry,Sorry သီချင်းတို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက သူမရဲ့ ပုံစံလေးကိုသိပ်မကြိုက်ကြပေမယ့်လဲ ပရိသတ်တွေရဲ့ သူမရဲ့ သီဆိုဖျော်ဖြေမှုပုံတွေကြောင့် ပရိသတ်ရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။

သူမအသက် ၁၇ နှစ်မှာတော့ 2AM’s Seulong နဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေပြီးတဲ့နောက်မှာတော့ သူမက အတော်လေးကို အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်လာပါပြီ။

Heroes ကနေ Kim Yuna’s Kiss and Cry အထိ show အတော်များများကို လုပ်ခဲ့တဲ့အချိန်မှာတော့ သူမအသက် ၁၈ နှစ်ဖြစ်နေပါပြီ။

အဲ့ဒီနှစ်မှာပဲ IU ရဲ့ ဒုတိယမြောက် Studio Album တစ်ခု ထပ်ထွက်ခဲ့ပါတယ်။


IU ကတော့ အသက် ၁၉ နှစ်အရွယ်မှာ ဂျပန်နိုင်ငံမှာလည်း ဖျော်ဖြေရေးတွေ လုပ်ခဲ့ဖူးပါတယ်။

သူမအသက် ၂၀ ရောက်တဲ့အခါမှာတော့ သူမရည်မှန်းချက်လေး ပြည့်လာခဲ့ပြီလို့ဆိုရမှာပါ။

အသက် ၂၁ နှစ်မှာတော့ သူမရဲ့ ပထမဆုံး Cover Album လေး ထွက်ပြီးနောက်မှာတော့ တစ်နှစ်တာရဲ့ အကောင်းဆုံး Album တစ်ခုအဖြစ်နဲ့ စာရင်းသွင်းခံခဲ့ရပြီး အဲ့ဒီနှစ်မှာပဲ US ရဲ့ Los Angeles မှာရှိတဲ့ KCON မှာ ပွဲဦးထွက်ခဲ့ပါသေးတယ်။

အသက် ၂၂ နှစ် အရွယ်မှာတော့ The Producers လို့ခေါ်တဲ့ Drama မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံမှာ လူကြိုက်အများဆုံးမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ထိုင်ဝမ်ဖျော်ဖြေရေးတစ်ခုမှာ သူမရဲ့ သီချင်းတွေက ၂ မိနစ်အတွင်းမှာပဲ အတော်လေးကို ရောင်းအားကောင်းခဲ့ပြီး အောင်မြင်ခဲ့တဲ့အချိန်မှာတော့ သူမအသက် ၂၃ နှစ်ပါ။

နှစ်တွေဆက်တိုက်အောင်မြင်လာပြီး အခုဆိုရင် အသက် ၂၇ ဖြစ်နေပြီဖြစ်တဲ့ IU ကတော့ အရမ်းကို အောင်မြင်နေတဲ့သူကြီးပါနော်။


Ref;Koreaboo,Alicia Valley

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.